ကဘူးလေဆိပ်ကို တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေကို အမေရိကန်စစ်ဘက် ကြားဖြတ်ဟန့်တား

ကဘူး၊ သြဂုတ်-၃၀-၂၀၂၁
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလေဆိပ်ကို ဒုံးကျည်တွေနဲ့ ဦးတည်တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က သြဂုတ် ၃၀ ရက်တွင်အတည်ပြုထားပါတယ်။ဒါပမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

သြဂုတ် ၂၉ ရက်ကလည်း ဘူးလေဆိပ်ကို မော်တော်ယာဉ်နဲ့ နောက်ထပ်အသေခံဗုံးခွဲရန်ကြိုးပမ်းမှုတစ်ခုကို အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ ကြိုတင် တိုက်ခိုက်ပြီးကာကွယ်ခဲ့ပြီးနောက် ကဘူးလေဆိပ်ကို အခုလို ဒုံးကျည်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကဘူးမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း နောက်ဆုံးအချိန်ထိတိုင်အောင် ကဘူလေဆိပ်မှ အာဖဂန်နိုင်ငံသားတွေကို ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို သြဂုတ် ၃၁ ရက်မှာ နောက်ဆုံးထားလုပ်ဆောင်ဖို့ တာလီဘန်အဖွဲ့နှင့် အမေရိကန်တို့အကြား သဘောတူထားပါတယ်။

အခြားနိုင်ငံတွေကတော့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အမေရိကန်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းအပြည့်အဝလုပ်ဆောင်နေတဲ့ နောက်ဆုံးနိုင်ငံဖြစ်ပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW