သြဂုတ် ၊ ၁၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာ – ခန္တီးသွားကားလမ်းပေါ်က ဒေသန္တရ ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ဂိတ်တချို့ဟာ စစ်ဆေးခ စျေးနူန်းကြီးမြင့်နေတဲ့အတွက် ခရီးသွားတွေအဖို့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မုံရွာ – ဟုမ္မလင်းသွား ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အဲ့ဒီဂိတ်က ကာလပေါ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပေးတယ် ၊ RDT Tesk Kit နဲ့ စစ်ဆေးတဲ့အခါ ဝန်ဆောင်စရိတ်က လူတစ်ဦးကို ၂ သောင်း ၅ ထောင် ပေးရတယ် ” လို့ မုံရွာ-နမ့်တော ကုန်စိမ်းပို့ဆောင်ပေးနေတဲ့ ခရီးသွား လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ကိုဗစ်ကူးစက်မှုဖြတ်တောက်နိုင်ဖို့အတွက် မုံရွာ-ဟုမ္မလင်းကားလမ်း၊ ဟုမ္မလင်းမြို့နယ်အစ…
Read MoreMonth: August 2021
ဟေတီမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ ကျော်သေဆုံး
ပို့အော့ပရင့်၊ သြဂုတ်-၁၅-၂၀၂၁ မျိုးဆက် (VOM) ဟေတီနိုင်ငံမှာ မနေ့ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၃၀၄ ဦးထက်မနည်းသေဆုံးသွားပြီး ၁၈၀၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အင်အား ၇ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားပြင်းမြေငလျင်ဟာ သြဂုတ် ၁၄ ရက်နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်း၊ ဟိုတယ်တွေအပါအ၀င် အဆောက်အဦများစွာ ပြိုကျ ပျက်စီးခဲ့ပါတယ်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာရှိတယ်လို့ ဟေတီ၀န်ကြီးချုပ်က ပြောဆိုပြီး နိုင်ငံအရေးပေါ်အခြေအနေ ကို တစ်လကြာ ကြေညာခဲ့ပါတယ်။ ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေမှ ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ သြဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ…
Read Moreမတ္တရာမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ရွာသားသုံးဦးကိုဖမ်းဆီး
သြဂုတ် ၁၅-၂၀၂၁ KK(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မနေ့ ဩဂုတ် ၁၄ရက် ညနေပိုင်းက သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ညပိုင်းမှာ ရွာသား(၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သပြေချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မနေ့ညနေ ၄နာရီခန့်က ကိန္ဒီရီကျေးရွာဘက်ကို သွားတဲ့လမ်းမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ “ကိန္ဒီရီရွာနားက လမ်းပေါ်မှာ အပစ်ခံရတာ၊ သုံးချက်ပစ်ခံရတာ ပွဲချင်းပြီးပဲ၊ ရဲရောစစ်တပ်ရော ရောက်လာတာ လူအင်အားများတယ်၊ ညဘက်မှ ရွာထဲက သုံးယောက်အဖမ်းခံရတာ”လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ဖြစ်ပြီး န စ ကကောင်စီလက်ထက်မှ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားသူတစ်ဦးဖြစ်တဲ့အပြင် ယခင်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံကျေးရွာသားတွေပြောပြချက်အရ သိရပါတယ်။ သပြေချောင်ကျေးရွာကို ညဘက်မှာ စစ်တပ်က ရောက်ရှိလာပြီး…
Read Moreပေါက်တိုက်ရွာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး
သြဂုတ် ၊ ၁၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ စိုင်လျားအုပ်စု ၊ ပေါက်တိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်အစောပိုင်းက နေအိမ်မှာ မိသားစုနဲ့အတူ အိပ်နေချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ဒီမနက် အစောပိုင်း ၁ နာရီလောက်မှာ mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ ၁၀ ကျော်က အိမ်ထဲဝင်လာပြီး အုပ်ကြီးရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သွားတာ ” လို့ စိုင်လျားရွာခံတစ်ယောက်က ပြောပါတယ်။ ပေါက်တိုက်ကျေးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း အသက် ၅၀ နှစ်ဟာ သေနတ်ပစ်ခံရတဲ့ နေအိမ်ထဲမှာပဲ…
Read Moreမုံရွာ ဆေးနဲ့ ဆေးပစ္စည်းစျေးကွက်ကို သက်ဆိုင်ရာအဖွဲ့တွေက ရုတ်တရက် ဝင်ရောက် စစ်ဆေး
သြဂုတ် ၊ ၁၅ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ဆေးနဲ့ ဆေးပစ္စည်းရောင်းဆိုင်တွေကို ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က မနေ့ သြဂုတ် ၁၄ ရက်ကစလို့ အရှောင်တခင် ဝင်ရောက်စစ်ဆေးနေတယ်လို့ မုံရွာ ဆေးနဲ့ ဆေးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ဒီကာလမှာ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲ အကြပ်အတည်းဆိုတာ အနည်းနဲ့အများရှိမယ် ၊ သူတို့ အခက်အခဲကိုလည်း ဖြည့်ဆီး ကူညီပေးနိုင်ဖို့ ၊ ဝယ်ယူသုံးစွဲသူတွေအတွက်လည်း မှန်ကန်တဲ့ အရည်အသွေး သင့်တင့်မျှတဲ့ စျေးနူန်း ဖြစ်ဖို့ ဝန်ဆောင်တဲ့အနေနဲ့ အခုလို ဝင်ရောက်စစ်ဆေးရတာဖြစ်တယ် ” လို့ ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ရဲ့…
Read More“ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ ဘာကြောင့် အရေးကြီးလဲ”
သွေး (စစ်ကိုင်း) မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့တာဟာ ၂၀၂၀ ပြည်နှစ် မတ်လကဖြစ်လို့ အခုဆိုရင် ၁ နှစ်ခွဲနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုတွေက ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုဗစ် တတိယလှိုင်း ကူးစက်မှုဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ပိုမိုများပြားနေတာကြောင့် ကိုဗစ်နဲ့ ဆက်စပ်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို အသိရှိရှိ သတိကြီးကြီးနဲ့ ဆက်လက်လိုက်နာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ နေ့စဉ်လိုလို အနည်းဆုံး ၃,၀၀၀ ကျော်ရှိနေပြီး သေဆုံးရသူ အရေအတွက်ဟာလည်း သိသိသာသာ ကျဆင်းခြင်း မရှိသေးပါ။ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့ စာရင်းတွေအရ ဩဂုတ် ၁၂ ရက်နေ့ ၁ ရက်တည်းမှာပဲ ရောဂါပိုးတွေ့ရှိရသူ ၃,၄၃၀ ဦး၊ သေဆုံးသူ…
Read Moreမုံရွာမြို့မှာ ကိုဗစ် ကူးစက်မှုကို ဖြတ်တောက်ဖို့ နေ့မထွက်ရ အမိန့်ထုတ်ပြီးနောက် လူသွားလူလာ လုံးဝမရှိ
သြဂုတ် ၊ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ရောဂါ ကူးစက်တာကို ထိန်းချုပ်တဲ့အနေနဲ့ ဒီကနေ့စတင်ပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်။ ” မုံရွာမှာက ညမထွက်ရ အမိန့်လည်း တည်နေတုန်းပဲ၊ ည ၈ နာရီကနေ မနက် ၄ နာရီအထိက ညမထွက်ရ အမိန့် ဖြစ်တယ် ၊ မနက် ၄ နာရီကနေ နေ့ခင်း ၁၁ နာရီအထိ ကြား ကြာမြင့်ချိန် ၈ နာရီက မဖြစ်မနေမှ ခွင့်ပြုချက် ကဒ်နဲ့မှ ထွက်ရတယ် ၊ နေ့ခင်း ၁၁ နာရီကနေ ညနေ ၄ နာရီအထိက လုံးဝ…
Read Moreဟုမ္မလင်းမြို့နယ်မှာ ရွှေမျှောလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး
သြဂုတ် ၊ ၁၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ၊နောင်ဖာမူကျေးရွာအုပ်စု ၊တောင်ခြေရင်းကျေးရွာက ရွှေမျှောလုပ်ငန်း ပိုင်ရှင် ၁ ဦး ဟာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မနေ့ သြဂုတ် ၁၃ ရက် ညပိုင်းက mask တပ်ထားတဲ့ အမည်မသိ လူ ၂ ယောက် ဆိုင်ကယ်နဲ့ အိမ်ကိုရောက်လာပြီး ဖမ်းခေါ်သွားတယ် ၊ တစ်ညလုံး ပြန်မလာလို့ ဒီမနက် လိုက်ရှာတဲ့အခါ ရွာမြောက်ဘက် မိုင်ဝက်လောက်က တောစပ်နေရာမှာ ယာဘက်နားထင် ကျည်ဆံဖောက်ဝင်ပြီး ဘယ်ဘက်နားထင်ကနေ ကျည်ဆံဖောက်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတယ် ၊ သေဆုံးသူ နာမည်က ကိုညွှန့်မောင်…
Read Moreစစ်ကိုင်းတိုင်းအတွင်းမှာ အမှုဖွင့်ထားတာတွေ ရုတ်သိမ်းပေးဖို့ လျှောက်ထားသူ ၃ ရာကျော်ရှိ
သြဂုတ် ၊ ၁၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေမှာ ဒီနှစ် ဖေဖော်ဝါရီ ကစလို့ ဖွင့်ခံထားရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်နေသူတွေက သူတို့ရဲ့အမှုတွေကို ကြေအေးရုတ်သိမ်းပေဖို့ ဒါမှမဟုတ် အမှုကနေ သက်သာခွင့်ပေးဖို့ တရားစွဲ အဖွဲ့အစည်းတွေထံ တင်ပြဆက်သွယ်လာခဲ့တာဆိုရင် သြဂုတ် ၁၃ ရက် မနေ့က အထိ တင်ပြဆက်သွယ်လာသူ ၃ ရာကျော် ရှိတယ်လို့ တရားစွဲ အဖွဲ့အစည်း အမှုစစ် အရာရှိတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ .” အလတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ထိတွေ့ခဲ့ရသူတွေ ဟာ ဘာကြောင့် ပါဝင်ထိတွေ့ခဲ့ရတယ် ၊ သူတို့ ဘာကြောင့် ပါဝင်လုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်…
Read Moreချင်းတွင်းအထက်ပိုင်း ၄ မြို့နယ်မှာ MPT တာဝါတိုင် မိုးကြိုးထိမှန်ပြီးနောက် ဆက်သွယ်ရေးပြတ်တောက်
သြဂုတ် ၊ ၁၄ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက MPT မိုက်ကရိုဝေဗ့် တာဝါတိုင် ဆက်ကြောင်းတစ်ခု မိုးကြိုထိမှန်ပြီးနောက်ပိုင်း ချင်းတွင်းအထက်ပိုင်းက မြို့နယ် ၄ ခုမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရပါတယ်။ ” ၁၂ ရက်နေ့ ညနေပိုင်းကစလို့ ဟုမ္မလင်း ၊ ခန္တီး ၊ လေရှီး ၊ လဟယ် အဲ့ဒီ ၄ မြို့နယ်က MPT ဖုန်းလိုင်းတွေ ဆက်သွယ်မရတော့ဘူး ၊ ပြတ်တောက်နေတာ နာရီ ၄၀ ကျော် ကြာသွားပြီ ” လို့ ဟုမ္မလင်းမြို့ခံ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီလို MPT ဖုန်းလိုင်းတွေ ပြတ်တောက်ရတာဟာ နောင်လွန် နားနောက်ကျေးရွာအနီးက MPT Operator…
Read More