ဟုမ္မလင်းမှာ ကျန်းမာရေးစစ်ဆေးခ စျေးကြီးလို့ ခရီးသွားတွေ စစ်ဆေးခံနိုင်ဖို့ အခက်တွေ့

သြဂုတ် ၊ ၁၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာ – ခန္တီးသွားကားလမ်းပေါ်က ဒေသန္တရ ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ဂိတ်တချို့ဟာ စစ်ဆေးခ စျေးနူန်းကြီးမြင့်နေတဲ့အတွက် ခရီးသွားတွေအဖို့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မုံရွာ – ဟုမ္မလင်းသွား ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” အဲ့ဒီဂိတ်က ကာလပေါ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပေးတယ် ၊ RDT Tesk Kit နဲ့ စစ်ဆေးတဲ့အခါ ဝန်ဆောင်စရိတ်က လူတစ်ဦးကို ၂ သောင်း ၅ ထောင် ပေးရတယ် ” လို့ မုံရွာ-နမ့်တော ကုန်စိမ်းပို့ဆောင်ပေးနေတဲ့ ခရီးသွား လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
 
ဟုမ္မလင်းမြို့နယ်ထဲမှာ ကိုဗစ်ကူးစက်မှုဖြတ်တောက်နိုင်ဖို့အတွက် မုံရွာ-ဟုမ္မလင်းကားလမ်း၊ ဟုမ္မလင်းမြို့နယ်အစ နတ်နန်ရွာအဝင်မှာ ကျန်းမာရေး စောင့်ကြပ်မှုပေးနေတဲ့ စစ်ဆေးရေးဂိတ်ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
နတ်နန်းရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်ရဲ့ တာဝန်ရှိသူတစ်ယောက်က ” ကူးစက်မှု ဖြတ်တောက်နိုင်ဖို့ စောင့်ကြပ်လုပ်ကိုင်နေတာပါ ၊ ဝန်ဆောင်စရိတ် စျေးနူန်း သတ်မှတ်ထားတာတော့ မရှိဘူး၊ စရိတ်မျှတဲ့အနေနဲ့ ပိုရင်လှူ လိုရင်ယူ စနစ်မျိုးနဲ့သွားပါတယ် ၊ တတ်နိုင်တဲ့သူက တတ်နိုင်သလို ထည့်ဝင်လှူသွားကြသလို တကယ်မတတ်နိုင်တဲ့သူတွေရဲ့ ကုန်ကျစရိတ်ကို အဲ့ဒီ အလှူငွေထဲက စိုက်ထည့်သုံးရတာ စရိတ်မျှတဲ့ ပုံစံမျိုး ” လို့ ပြောပါတယ် ။
 
အဲ့ဒီ နတ်နန်းရွာ ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်နဲ့ ပတ်သက်ပြီး ခရီးသွားတွေ မစစ်မနေရ အာခေါင်တို့ပတ် စစ်ရတယ် ၊ စစ်ဆေးခ လူတစ်ဦးကို ၂ သောင်းခွဲကျပ်ပေးရတယ် ၊ စစ်တာ မစစ်တာထက် ကားပေါ်မှာပါလာတဲ့ ခရီးသည် အရေးအတွက်နဲ့ စစ်ဆေးခ ပိုက်ဆံပေးရတယ် ၊ ဆိုင်ကယ်သမားတွေဆို ထောက်ခံစာမပါရင် ပိုက်ဆံ ၅ ထောင်ပေးရတယ် စတဲ့ အချက်အလက်တွေကို အင်တာနက်လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ ရေးသားထားကိုလည်း တွေ့နေရပါတယ်။
 
အဲ့ဒီ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ နတ်နန်း ကျန်းမာရေးစစ်ဆေးဂိတ်ရဲ့ တာဝန်ရှိသူတွေက ငြင်းဆိုထားပြီး ခရီးသွားအများစုကတော့ ဂိတ်မှာ ငွေကြေးထည့်ဝင်ပေးရတာတွေရှိတယ်လို့ ပြောကြားနေတာလည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW