မြို့တော် ကဘူးမှလွဲပြီး အာဖဂန်ရှိမြို့ကြီးအားလုံးကို တာလီဘန်အဖွဲ့သိမ်းယူလိုက်ပြီ

ကဘူး၊ သြဂုတ်-၁၅-၂၀၂၁ မျိုးဆက် (VOM) အာဖဂန်နစ္စတန်မှာ အဓိကမြို့ကြီးတွေကို တာလီဘန်အဖွဲ့က အလျှင်အမြန်သိမ်းပိုက်မှုတွေပြုနေပြီး လက်ရှိမှာတော့ မြို့တော်ကဘူးကလွဲရင် ကျန်တဲ့မြို့ကြီးတွေအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ စစ်သွေးကြွအဖွဲ့ဟာ သြဂုတ် ၁၄ ရက်မှာ နိုင်ငံအရှေ့ပိုင်းရှိ မြို့တော် ဂျလာလာဘတ်ကို သိမ်းပိုက်ခဲ့ပြီး ကဘူးမြို့တစ်မြို့တည်းသာ အစိုးရ၏ထိန်းချုပ်မှုအောက်မှာရှိတော့ပါတယ်။ အစိုးရရဲ့မြောက်ပိုင်းအခြေစိုက်မြို့ဖြစ်တဲ့ မာဇာအိုင်ရှာရစ်ဖ်ကိုလည်း သြဂုတ် ၁၃ ရက်မှာ သိမ်းယူလိုက်ပြီးနောက် ဂျလာလာဘတ်မြို့ကို ဆက်လက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သြဂုတ် ၁၄ ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တာလီဘန်တို့ဟာ ဂျလာလာဘတ်မြို့ကို သိမ်းယူရာမှာ သေနတ်တစ်ချက်ပင် မဖောက်လိုက်ရဘူးလို့ ပြောပါတယ်။ ဂျလာလာဘတ်မှာ လက်ရှိအချိန်ထိ ပဋိပက္ခမဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးဟာ တာလီဘန်တို့ထံ လက်နက်ချလိုက်တယ်လို့ မြို့မှာနေထိုင်တဲ့ အာဖဂန်တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အစိုးရတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲဖြစ်နေမှုကြောင့် အာဖဂန်သမ္မတ ဂါနီဟာ ရာထူးမှုနှုတ်ထွက်ပေးဖို့ ဖိအားတွေလည်း ကြီးထွားလာနေပါတယ်။ သူဟာ လက်နက်ချဖို့…

Read More

ဟုမ္မလင်းမှာ ကျန်းမာရေးစစ်ဆေးခ စျေးကြီးလို့ ခရီးသွားတွေ စစ်ဆေးခံနိုင်ဖို့ အခက်တွေ့

သြဂုတ် ၊ ၁၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာ – ခန္တီးသွားကားလမ်းပေါ်က ဒေသန္တရ ကျန်းမာရေးစစ်ဆေးပေးနေတဲ့ ဂိတ်တချို့ဟာ စစ်ဆေးခ စျေးနူန်းကြီးမြင့်နေတဲ့အတွက် ခရီးသွားတွေအဖို့ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မုံရွာ – ဟုမ္မလင်းသွား ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” အဲ့ဒီဂိတ်က ကာလပေါ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပေးတယ် ၊ RDT Tesk Kit နဲ့ စစ်ဆေးတဲ့အခါ ဝန်ဆောင်စရိတ်က လူတစ်ဦးကို ၂ သောင်း ၅ ထောင် ပေးရတယ် ” လို့ မုံရွာ-နမ့်တော ကုန်စိမ်းပို့ဆောင်ပေးနေတဲ့ ခရီးသွား လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။   ဟုမ္မလင်းမြို့နယ်ထဲမှာ ကိုဗစ်ကူးစက်မှုဖြတ်တောက်နိုင်ဖို့အတွက် မုံရွာ-ဟုမ္မလင်းကားလမ်း၊ ဟုမ္မလင်းမြို့နယ်အစ…

Read More

ဟေတီမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ ကျော်သေဆုံး

ပို့အော့ပရင့်၊ သြဂုတ်-၁၅-၂၀၂၁ မျိုးဆက် (VOM)   ဟေတီနိုင်ငံမှာ မနေ့ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၃၀၄ ဦးထက်မနည်းသေဆုံးသွားပြီး ၁၈၀၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   အင်အား ၇ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားပြင်းမြေငလျင်ဟာ သြဂုတ် ၁၄ ရက်နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်း၊ ဟိုတယ်တွေအပါအ၀င် အဆောက်အဦများစွာ ပြိုကျ ပျက်စီးခဲ့ပါတယ်။   ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာရှိတယ်လို့ ဟေတီ၀န်ကြီးချုပ်က ပြောဆိုပြီး နိုင်ငံအရေးပေါ်အခြေအနေ ကို တစ်လကြာ ကြေညာခဲ့ပါတယ်။   ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေမှ ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။   သြဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ…

Read More

မတ္တရာမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ရွာသားသုံးဦးကိုဖမ်းဆီး

သြဂုတ် ၁၅-၂၀၂၁ KK(VOM)   မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မနေ့ ဩဂုတ် ၁၄ရက် ညနေပိုင်းက သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ညပိုင်းမှာ ရွာသား(၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   သပြေချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မနေ့ညနေ ၄နာရီခန့်က ကိန္ဒီရီကျေးရွာဘက်ကို သွားတဲ့လမ်းမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။   “ကိန္ဒီရီရွာနားက လမ်းပေါ်မှာ အပစ်ခံရတာ၊ သုံးချက်ပစ်ခံရတာ ပွဲချင်းပြီးပဲ၊ ရဲရောစစ်တပ်ရော ရောက်လာတာ လူအင်အားများတယ်၊ ညဘက်မှ ရွာထဲက သုံးယောက်အဖမ်းခံရတာ”လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။   သေဆုံးသူဟာ သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ဖြစ်ပြီး န စ ကကောင်စီလက်ထက်မှ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားသူတစ်ဦးဖြစ်တဲ့အပြင် ယခင်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံကျေးရွာသားတွေပြောပြချက်အရ သိရပါတယ်။   သပြေချောင်ကျေးရွာကို ညဘက်မှာ စစ်တပ်က ရောက်ရှိလာပြီး…

Read More

ပေါက်တိုက်ရွာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ စိုင်လျားအုပ်စု ၊ ပေါက်တိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်အစောပိုင်းက နေအိမ်မှာ မိသားစုနဲ့အတူ အိပ်နေချိန် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ဒီမနက် အစောပိုင်း ၁ နာရီလောက်မှာ mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ ၁၀ ကျော်က အိမ်ထဲဝင်လာပြီး အုပ်ကြီးရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သွားတာ ” လို့ စိုင်လျားရွာခံတစ်ယောက်က ပြောပါတယ်။   ပေါက်တိုက်ကျေးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း အသက် ၅၀ နှစ်ဟာ သေနတ်ပစ်ခံရတဲ့ နေအိမ်ထဲမှာပဲ…

Read More

မုံရွာ ဆေးနဲ့ ဆေးပစ္စည်းစျေးကွက်ကို သက်ဆိုင်ရာအဖွဲ့​တွေက ရုတ်တရက် ဝင်ရောက် စစ်ဆေး

သြဂုတ် ၊ ၁၅ ၊ ၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ဆေးနဲ့ ဆေးပစ္စည်းရောင်းဆိုင်တွေကို ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က မနေ့ သြဂုတ် ၁၄ ရက်ကစလို့ အရှောင်တခင် ဝင်ရောက်စစ်ဆေးနေတယ်လို့ မုံရွာ ဆေးနဲ့ ဆေးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီကာလမှာ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲ အကြပ်အတည်းဆိုတာ အနည်းနဲ့အများရှိမယ် ၊ သူတို့ အခက်အခဲကိုလည်း ဖြည့်ဆီး ကူညီပေးနိုင်ဖို့ ၊ ဝယ်ယူသုံးစွဲသူတွေအတွက်လည်း မှန်ကန်တဲ့ အရည်အသွေး သင့်တင့်မျှတဲ့ စျေးနူန်း ဖြစ်ဖို့ ဝန်ဆောင်တဲ့အနေနဲ့ အခုလို ဝင်ရောက်စစ်ဆေးရတာဖြစ်တယ် ” လို့ ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ရဲ့…

Read More
VOM News

FREE
VIEW