မြို့တော် ကဘူးမှလွဲပြီး အာဖဂန်ရှိမြို့ကြီးအားလုံးကို တာလီဘန်အဖွဲ့သိမ်းယူလိုက်ပြီ

ကဘူး၊ သြဂုတ်-၁၅-၂၀၂၁
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်မှာ အဓိကမြို့ကြီးတွေကို တာလီဘန်အဖွဲ့က အလျှင်အမြန်သိမ်းပိုက်မှုတွေပြုနေပြီး လက်ရှိမှာတော့ မြို့တော်ကဘူးကလွဲရင် ကျန်တဲ့မြို့ကြီးတွေအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

စစ်သွေးကြွအဖွဲ့ဟာ သြဂုတ် ၁၄ ရက်မှာ နိုင်ငံအရှေ့ပိုင်းရှိ မြို့တော် ဂျလာလာဘတ်ကို သိမ်းပိုက်ခဲ့ပြီး ကဘူးမြို့တစ်မြို့တည်းသာ အစိုးရ၏ထိန်းချုပ်မှုအောက်မှာရှိတော့ပါတယ်။

အစိုးရရဲ့မြောက်ပိုင်းအခြေစိုက်မြို့ဖြစ်တဲ့ မာဇာအိုင်ရှာရစ်ဖ်ကိုလည်း သြဂုတ် ၁၃ ရက်မှာ သိမ်းယူလိုက်ပြီးနောက် ဂျလာလာဘတ်မြို့ကို ဆက်လက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

သြဂုတ် ၁၄ ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တာလီဘန်တို့ဟာ ဂျလာလာဘတ်မြို့ကို သိမ်းယူရာမှာ သေနတ်တစ်ချက်ပင် မဖောက်လိုက်ရဘူးလို့ ပြောပါတယ်။

ဂျလာလာဘတ်မှာ လက်ရှိအချိန်ထိ ပဋိပက္ခမဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးဟာ တာလီဘန်တို့ထံ လက်နက်ချလိုက်တယ်လို့ မြို့မှာနေထိုင်တဲ့ အာဖဂန်တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အစိုးရတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲဖြစ်နေမှုကြောင့် အာဖဂန်သမ္မတ ဂါနီဟာ ရာထူးမှုနှုတ်ထွက်ပေးဖို့ ဖိအားတွေလည်း ကြီးထွားလာနေပါတယ်။

သူဟာ လက်နက်ချဖို့ သို့မဟုတ် မြို့တော်ကဘူးမှာ အခြေစိုက်ပြီးတိုက်ပွဲဝင်ဖို့ နှစ်ခုကြား ပြတ်သားတဲ့ ရွေးချယ်မှုတစ်ခုပြုဖို့ ရင်ဆိုင်နေရပါတယ်။

တစ်ချိန်တည်းမှာပဲ အခြေအနေမတည်ငြိမ်ဖြစ်နေတဲ့ အာဖဂန်မှ အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ရေးမှာ ကူညီဖို့ တပ်ဖွဲ့ဝင်ငါးထောင်ကို ဖြန့်ကြက်ထားမှာဖြစ်ကြောင်း မေရိကန်အစိုးရက ပြောဆိုထားပါတယ်။

Ref : BBC
Photo:AP
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW