ရုရှားသမ္မတ ဗလာဒီမာပူတင် ကွာရန်တင်း၀င်နေရ

မော်စကို၊ စက်တင်ဘာ-၁၅-၂၀၂၁
မျိုးဆက် (VOM)
 
ရုရှားသမ္မတနန်းတော်မှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ ၀န်ထမ်းအချို့နဲ့ ထိတွေ့ခဲ့တာကြောင့် သမ္မတပူတင်ဟာ ကွာရန်တင်း၀င်နေရတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
သမ္မတပူတင်ဟာ ရောဂါကူးစက်ခံနေရတဲ့၀န်ထမ်းနဲ့ အနီးကပ်အလုပ်လုပ်ခဲ့ကာ စက်တင်ဘာ ၁၃ ရက်တစ်နေ့လုံး စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ သမ္မတပူတင်ကပြောပါတယ်။
 
သမ္မတပူတင်ကို ဆေးစစ်ရာမှာ ရောဂါကူးစက်မှုမရှိဘူးလို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပြီး သူဟာ ရုရှားပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးထားပြီးတာလည်းဖြစ်ပါတယ်။
 
ကွာရန်တင်း၀င်နေရတာကြောင့် သမ္မတပူတင်ဟာ တာဂျစ်ကစ္စတန်သို့ သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ယခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုတော့ အွန်လိုင်းကနေ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
 
ရုရှားနိုင်ငံဟာ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ရုန်းကန်နေရပြီး ဗိုင်းရပ်စ်နေ့စဉ်ကူးစက်မှုပမာဏဟာ ၁၈၀၀၀ ၀န်းကျင်ထိရှိနေပါတယ်။
 
Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW