တံတားကြီးဆက်ပြီးပြီ

————————– ဆူးငှက် ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးလည်း အင်္ဂလိပ်လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီးနောက် စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး တံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ ၁၈၉၀ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း-ရွှေဘိုမီးရထားလမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။ ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။ ထို့နောက် ရွှေဘိုမှ မြစ်ကြီးနားသို့လည်း မီးရထားလမ်းကို ဆက်လက်ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သော အင်းဝတံတားကြီးသည် ၂၉၄၈ ပေရှည်၍ ၁၀၂ ပေမြင့်သည်။ တံတားမှာ သံဘောင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီး ၉ခု၊ ရက်မလတ် ၁ခု၊ ရက်မငယ် ၆ ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး…

Read More
VOM News

FREE
VIEW