န်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကလွဲပြီး ကျန်ပစ္စည်းတင်သွင်းခွင့်မပြုတော့

မြ
အောက်တိုဘာ ၆၊ ၂၀၂၁
Shy V (VOM)
 
မြန်မာ – တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဂိတ်ပေါက်ကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစတင်ကာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းတွေကလွဲပြီး အခြားကုန်ပစ္စည်းတွေကို တင်သွင်းခွင့်မပြုတော့ကြောင်း မနေ့အောက်တိုဘာ ၄ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
 
“မြန်မာပြည်နဲ့ တရုတ်ပြည်ကုန်သွယ်ရေးမှာ ဒီတစ်ပေါက်ပဲ ကျန်တာကို ထပ်ပိတ်လိုက်တဲ့အတွက်ကြောင့် တရုတ်နဲ့ မြန်မာနဲ့ ကုန်သွယ်ရေးကတော့ လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားမှာ ရှိပါတယ်။ အစည်းဝေးခေါ်ပြီးနောက် ၆ ရက်နေ့ကစပြီး ကျန်းမာရေးပစ္စည်းကလွဲပြီး ကျန်တဲ့ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ဘူး ဆိုပြီးတော့ စာထွက်လာပါတယ်ဗျ” လို့ ကုန်သည်တဦးက ပြောပါတယ်။
 
လက်ရှိ တရုတ်နိုင်ငံဘက် ကုန်တင်ပို့မယ့် မြန်မာကုန်တွေ ဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်းတွေ မူဆယ် ဂိုဒေါင်မှာလည်း ပေးမဝင်တော့သလို တရုတ်ဘက်ကလည်း လုံးဝပေးမဝင်တော့ဘဲ ကျင်းဆန်းကျော့ ဝမ်တိန်ပေါက်မှာ တန်ချိန် ၅ သောင်းခန့်ပိတ်မိ သောင်တင်နေပြီး ကန်ပိုင်တီဘက်မှာလည်း တန်ချိန် ၁ သောင်းကျော် ရှိတာလည်း ပေးမဝင်ဘူးလို့ ကုန်ဂိတ်ပိုင်ရှင် တဦးကပြောပါတယ်။
 
“တရုတ်ဘက်က ကုန်သွယ်မှုမှာ မျှတမှုမရှိဘူး။ လက်ရှိ တာဝန်ရှိလူကြီးတွေ အမျော်အမြင်ရှိလို့ ပိတ်လိုက်တာလို့ မြင်တယ်။ ဆုံးရှုံးမှုများရင်လည်း တဖက်က ကျေနပ်တယ်။ ကုန်သွယ်ရေးမှာ သိပ်ပြီး အသာစီးလိုချင်တဲ့ ပုံစံရှိတယ်။ ရှိတဲ့ဂိတ်တွေကို မလည်ပတ်ဘဲနဲ့ ရန်လုံကျိုင်းမှာ ကုန်သွယ်ရေးဇုံဖွင့်ပေးဖို့ တရုတ်ဘက်က တောင်းဆိုလာတယ်။ တရုတ် – မြန်မာ ကုန်သွယ်ရေး ၁၀၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီလို့ ပြောလို့ရတယ်။ ဖေဖော်ဝါရီလ နောက်ပိုင်းကစ ကန့်သတ်မှုအခြေအနေ ပိုဆိုးလာတယ်။” လို့ သူကပြောပါတယ်။
 
တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါအကြောင်းပြချက်နဲ့ နှစ်နိုင်ငံ အဝင်အထွက်ဂိတ်ဖြစ်တဲ့ မူဆယ် ဆင်ဖြူဂိတ် နဲ့ နန်းတော်ဂိတ်ကို COVID-19 ကာလအတွင်း ပိတ်ထားတာဖြစ်ပြီး နန်းတော်ပေါက်ကနေ နှစ်နိုင်ငံ ထောင်လွှဲနဲ့ တရုတ်ဘက်မှ မြန်မာပြည်တော်ပြန်တွေကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။
 
နှစ်နိုင်ငံ ကုန်သွယ်ဂိတ်တွေဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ပိတ်ခဲ့ပြီး ကျင်ဆန်းကျော့နဲ့ ဝမ်တိန်ဂိတ်ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ကစ ရက်အကန့်အသတ်မရှိ ယာယီပိတ်ခဲ့ကာ ကျင်ဆန်းကျော့ဂိတ်မှ ကျန်းမာရေးသုံးပစ္စည်းတွေနဲ့ ကုန်တင်ပြီးသား၊ ဂျူတီဆောင်ပြီးသား မြန်မာကုန်တင်ကားအချို့ကို ထွက်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ – တရုတ် ကုန်သွယ်ရေးဂိတ်တွေကနေ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်၊ ပင်လယ်ထွက်ကုန်နဲ့ အခြားကုန်တွေတင်ပို့တာဖြစ်ပြီး နိုင်ငံခြားပို့ကုန် အများဆုံးတင်ပို့နေတာလည်း ဖြစ်ပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #နယ်စပ်ဂိတ် #ကုန်ပစ္စည်း #တင်သွင်းခွင့်မပြုတော့

Related posts

Leave a Comment

VOM News

FREE
VIEW