တောင်ငူရွှေဆံတော်ဘုရား ဂေါပကအဖွဲ့ဝင်(၁)ဦး အဖမ်းခံရပြီး သေဆုံး

အောက်တိုဘာ ၉-၂၀၂၁ GH ( VOM )   တောင်ငူမြို့ ရွှေဆံတော်ဘုရားဂေါပကရုံးအဖွဲ့မှူး(၁)ဦးဟာ မနေ့ အောက်တိုဘာ ၈ရက် ညပိုင်းက ဖမ်းဆီးခံရပြီး အဲ့ဒီ ညတွင်းချင်းပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မနေ့ အောက်တိုဘာလ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ရွှေဆံတော် ဘုရားဝန်းအတွင်းဝင်ရောက်ပြိး ဖမ်းဆီးသွားတာဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် သေဆုံးသွားကြောင်းကို မိသားစုတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။   ” ညတွင်းပဲအကြောင်းကြားတာ၊ အလောင်းကို ရင်ခွဲရုံပို့ထားတယ်ပေါ့။ မနေ့ကဖမ်းတော့ ဘုရားထဲဝင်ဖမ်းတာ ။ ဦးစန်းကြည်က ဘုရားမှာစောင့်အိပ်တာ အဲ့ဒါကို စစ်တပ်က ဝင်ဖမ်းတာ။ ဘာလို့ဖမ်းလဲတော့ မသိရသေးပါဘူး၊ ” လို့ မိသားစုနဲ့ နီးစပ်သူ တောင်ငူဒေသခံတဦးကပြောပါတယ်။   ဦးဆန်းကြည်ဟာ အသက် ၆၅…

Read More

မိုးကုတ်မြို့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးနဲ့ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၉-၂၀၂၁ GH (VOM) မိုးကုတ်မြို့ အရှေပိုင်း ၊ လည်ဦး အမက ၂၃ ကျောင်း အနီးမှာ မနေ့က အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်တပ်၊ရဲ နဲ့ အမည်မသိလက်နက်ကိုင်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေဆုံး၊ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။   ” စစ်သားတွေက အရပ်ဝတ်တွေနဲ့ သံလွင်တောင်ဘက်ကနေ ပြန်လာတာ။ 4Weelကား နဲ့ ကျောင်းနားကြတော့ သူတို့ပစ်ခတ်ခံရတာပဲ။ စစ်တပ်ဘက်ကထိပြီး ဒဏ်ရာရသူရှိတယ်ကြားတယ်။သေတာလည်းရှိတယ် ကြားတယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျကတော့ သေချာမသိရသေးပါဘူး ၊သတင်းထွက်နေတာတော့ ၃ ယောက်သေတယ်ကြားတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။   ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာ အမက-၂၃ ကျောင်းအနီးတဝိုက်နေရာတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရတာတော့မရှိခဲ့ဘူးလို့ သိရပါတယ်။   မိုးကုတ်မြို့မှာ ဒီကနေ့အောက်တိုဘာ ၉ ရက်နေ့မှာလည်း မြို့တွင်းစစ်ဆေးမှုတွေ…

Read More

မြိုင်မြို့နယ်မှာ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဌနဲ့ဇနီး သေနတ်နဲ့ပစ်ခံရပြိး တဦးသေ တဦးဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၉-၂၀၂၁ KK(VOM)   ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ မနေ့ မနက် ၁၁နာရီခွဲက ကြံခိုင်ရေးပါတီရပ်ကျေးဥက္ကဌဖြစ်သူနဲ့ဇနီးတို့မှာ ယာခင်းထဲသို့အသွားလမ်းမှာ အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသားဖြစ်သူ သေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   “ဝက်ပုတ်ကျေးရွာက ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဝင်လင်မယားတွေပါ၊ အလုပ်သမားတွေရှိတဲ့ ယာခင်းထဲသွားရင်း အပြစ်ခံရတာပါ၊ အရင်ကလည်း သေနတ်နဲ့ပစ်ခံရသေးတယ်”လို့ ဒေသခံတဦးက ရှင်းပြပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အဲ့ဒီလင်မယား(၂)ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမယ့် နွားတွေရှေ့က ဖြတ်သွား တဲ့အတွက် ဒဏ်ရာရရှိခြင်းမရှိဘူးလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။   သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသူဟာ ဦးမြင့်အေးဆိုသူဖြစ်ပြီး ဝက်ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ရပ်ကျေးဥက္ကဌလည်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို မုံရွာစစ်ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။   နကစကောင်စီလက်ထက်မှာ မကွေးတိုင်းအတွင်း ကြံ့ခိုင်ရေးပါတီဝင်အသတ်ခံရမှုမှာ အခုအကြိမ်နဲ့အပါအဝင်(၆၇)ဦးရှိပြီး ၊…

Read More

မုံရွာမြို့နယ် ကြေးမုံရွာက ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၉ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မုံရွာ-မန္တလေး ကားလမ်းဘေးက ကြေးမုံ ကျေးရွာ အကွက်အမှတ် ၃ မှာ ဒီကနေ့ ၊ ၁၂ နာရီခန့်က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ကြေးမုံရွာခံတွေက ပြောပါတယ်။   ” ကိုမျိုးကျော်ရဲ့ဆိုင်ကို လူ ၂ ယောက်က ဆိုင်ကယ်နဲ့လာပြီး ကိုမျိုးကျော်ရဲ့ နဖူးနေရာ အလယ်တည့်တည့်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ ” လို့ နာရေးကူညီရေး စေတနာ့ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။   အသက် ၄၂ နှစ်အရွယ် ကိုမျိုးကျော် ခေါ် ကိုဇော်စိုင်း ဆိုသူဟာ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် တဦးဖြစ်ပြီး ပါတီရဲ့အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်…

Read More

ထိုင်၀မ်နဲ့မဖြစ်မနေ ပြန်လည်ပေါင်းစည်းရမယ်လို့ တရုတ်သမ္မတပြော

ပေကျင်း၊ အောက်တိုဘာ-၉-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံဟာ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က မိန့်ခွန်းတရပ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးဟာ ငြိမ်းချမ်းစွာဖြစ်သင့်တယ်လို့ သူကဆိုပါတယ်။   ဒါပေမယ့် တရုတ်ပြည်သူတွေဟာ ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ အစဉ်အလာရှိတယ်လို့ သမ္မတရှီကျင်းပင်က သတိပေးပြောဆိုပါတယ်။   ထိုင်၀မ်ကျွန်းရဲ့ အနာဂါတ်ဟာ ထိုင်၀မ်ပြည်သူတွေရဲ့လက်ထဲမှာပဲရှိတယ်လို့ တရုတ်သမ္မတရဲ့ ပြောကြားချက်ကို ထိုင်၀မ်သမ္မတရုံးက တုန့်ပြန်လိုက်ပါတယ်။   တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းကိုသူရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ကိုယ်ပိုင် အချုပ်အခြာနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။   ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်လာရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ တရုတ်ဘက်က ပြောဆိုထားပါတယ်။   ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် အစင်း ၁၅၀ နီးပါးထိ ၀င်ရောက်ပျံသန်းခဲ့ပါတယ်။   Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ယောက် သေဆုံး

အောက်တိုဘာ ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ကရင်ပြည်နယ် ၊ ဘာအံမြို့နယ် ၊ ကော့ရင်းအောက်ကျေးရွာအုပ်စု ၊ စိမ့်ပိုင်း ကနစိုးကုန်းမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ဦး သေဆုံးနေတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။   အဲ့ဒီ ဗုံးခိုကျင်းထဲမှာ သေဆုံးနေတဲ့သူတွေကို သွားရောက်ကူညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း တယောက်က ” ဗုံခိုကျင်းထဲမှာ ခြင်ဆေးခွေထွန်းထားရာက အခုလို အောက်စီဂျင် ပြတ်တောက်သွားတာ ဖြစ်နိုင်တယ် ၊ ဒေါ်တင်လှိုင် ၆၃ နှစ် ၊ နော်မြစိန် ၃၉ နှစ် ၊ နော်တင်လှမွှေး ၃၃ နှစ် နဲ့ နော်အေးစပယ် ၃၀ နှစ် အဲ့ဒီ ၄…

Read More

အာဖဂန်မှာ ဗလီတက်နေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၇၀ သေဆုံး

ကဘူး၊ အောက်တိုဘာ-၉-၂၀၂၁ မျိုးဆက်(VOM)   အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းရှိ ဗလီတခုမှာ အောက်တိုဘာ ၈ ရက်တွင်ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်းသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ နိုင်ငံမြောက်ပိုင်း ကွန်ဒုဇ်မြို့မှာ အောက်တိုဘာ ၈ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။   အဲဒီဒေသဟာ တာလီဘန်တို့ထိန်းချုပ်ထားရာဒေသဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူ ၁၀၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ပြည်နယ်အစိုးရကပြောပါတယ်။   ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဗလီအတွင်း ၀တ်ပြုဆုတောင်းသူအများအပြားရှိနေပြီး အဲဒီဗလီဟာ နိုင်ငံတွင်းရှိလူနည်းစုဖြစ်တဲ့ ရှီယိုက်မွတ်ဆလင်တွေ ၀တ်ပြုဆုတောင်းရာ ဗလီဖြစ်ပါတယ်။   တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဗလီအတွင်း၀တ်ပြုဆုတောင်းသူ ၃၀၀ ကျော်ရှိကြောင်း နဲ့ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ ဒေသခံလုံခြုံရေးတာ၀န်ရှိသူတွေကပြောပါတယ်။   အသေခံဗုံးခွဲတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ထားပါတယ်။   အိုင်အက်စ်အဖွဲ့ဟာ နိုင်ငံတွင်းရှိ ရှီးယိုက်မွတ်ဆလင်တွေကို မကြာခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်လေ့ရှိပါတယ်။  …

Read More

မိုင်းကိုင်းရဲစခန်းအနီးမှာ ဆက်တိုက်ပေါက်ကွဲမှုတွေ ဒုတိယအကြိမ် ထပ်မံဖြစ်ပေါ်ခဲ့

အောက်တိုဘာ ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တော စံပြကျေးရွာမှာ အခြေပြုတဲ့ မိုင်းကိုင်းနယ်မြေရဲ့စခန်း အနီးဝန်းကျင်မှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီမထိုးခင်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ နမ့်တောနယ်ခံတွေက ပြောပါတယ်။   ” ညက ရဲစခန်းဘက်က ပေါက်ကွဲသံတွေကြားရတယ် ပထမပေါက်ကွဲသံက မပြင်းပေမယ့် နောက်ထပ်ပေါက်တဲ့အသံက အရမ်းပြင်းတယ် ၊ ထိခိုက်ပျက်စီးတာ ရှိတယ် မရှိဘူးဆိုတာ ညဆိုတော့ မသိရဘူး ၊ ပျက်စီးတာ ရှိတာ မရှိတာထက် ဒီမနက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခရီးစဥ်ရှိတယ်လို့ ကြားရတော့ ရွာကလူတွေက အရမ်းကြောက်နေကြတာ”လို့ နမ့်တောရွာခံ တယောက်က ပြောပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ညပိုင်းကလည်း မိုင်းကိုင်း နယ်မြေရဲစခန်းအနီးမှာ ပေါက်ကွဲမှူတွေ…

Read More

ပေါင်မြို့နယ်က YMBA အသင်းဝင် အသတ်ခံရတာကို လူမူကွန်ရက်မှာ postတင်ခဲ့သူ (၈)ဦးဖမ်းဆီးခံရ

ရန်ကုန်၊၊ အောက်တိုဘာ ၉-၂၀၂၁ KK(VOM)   ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်မှာ YMBAအသင်းနာယက သေနတ်ပစ်သတ်ခံရတဲ့ကိစွနဲ့ပတ်သက်ပြီး Facebookမှာ postခဲ့တင်သူ (၈)ဦးကို စစ်တပ်နဲ့ရဲတွေက နှစ်ရက်အတွင်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပေါင်မြို့နယ်၊ ဥတ္တံားကျေးရွာမှာနေထိုင်တဲ့ လူငယ်တဦးအပါအဝင် (၈)ဦးကို စစ်တပ်နဲ့ရဲတွေက မနေ့ အောက်တိုဘာ ၈ရက် ညပိုင်းက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မိုးနိုင်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   “အရင်ဆုံး fbမှာ သူpost တင်တာဆိုပြီး ပထမဦးဆုံးဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းတာ၊ အမှန်တော့ ပို့စ်မှာ ဒလန်ဆိုတဲ့အသုံးအနှုန်းပါလို့ဖြစ်မယ်၊ အရင်တင်တဲ့သူအပါအဝင်(၈)ဦးကို ဖမ်းသွားတာပါ”လို့ သူကရှင်းပြပါတယ်။   စွယ်တော်သုဿာန်မှာ ဒလံတစ်ယောက် သေနတ်ပစ်သတ်ခံရဆိုတဲ့ခေါင်းစဥ်နဲ့ အရင်ဆုံးpostတင်ခဲ့တဲ့ လူငယ် အပါအဝင်၅ဦးကို စက်တင်ဘာ ၇ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မနေ့ည ၈နာရီက ၃ဦးကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဥတ္တံားကျေးရွာနေသူတွေဆီက သိရပါတယ်။   လက်တလောမှာ…

Read More

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင်နေရင်း ပြန်လွတ်လာတဲ့ ရဲဝန်ထမ်းတွေ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ရနိုင်ဖွယ်ရှိ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM)   အောက်တိုဘာလ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ တရားရင်ဆိုင်ဆဲ အမှုတွေကို ကျေအေးရုတ်သိမ်းပြီး ပြန်လည်လွတ်ပေးလိုက်တဲ့ အချုပ်တရားခံတွေထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းခံထားရတဲ့ ရဲဝန်ထမ်း အားလုံးနီးပါး ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဥ်းဦးစီး ဌာန အသိုင်းအဝိုင်းက ပြောပါတယ်။   ၂၀၁၉ – ၂၀ မှာ ထိန်းသိမ်းခံရပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်ရုံးတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင် ကြားနာနေရဆဲ အမှုတွေထဲက ရဲဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင်နေရာက ပြန်လည်လွတ်မြောက်လာတဲ့ ရဲဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့…

Read More
VOM News

FREE
VIEW