လှိုင်သာယာမှာ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမား ၄ ယောက် ထောင်တသက်လွတ်ရက်မရှိ အမိန့်ချမှတ်ခံရ

အောက်တိုဘာ ၁၂-၂၀၂၁
GH (VOM )
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို ထောင်တသက်လွတ်ရက်မရှိ အင်းစိန်ထောင် စစ်ခုံရုံးကနေ အမိန့်ချလိုက်တယ်လို့ အလုပ်သမားရေးဆောင်ရွက်သူဆီက သိရပါတယ်။
 
အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲထွန်းတောက် ၊ကိုခင်မောင်ဇော်၊ မကြည်ပြာဝင်း၊ မခင်မျိုးဦးတို့ ၄ ယောက်ကို အောက်တိုဘာ ၆ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“၆ရက်နေ့ကလို့ သတင်းတက်လာပါတယ်၊ သူတို့က ဆန္ဒပြပွဲမှာ အဖမ်းခံရတာမဟုတ်ဘူး။သူတို့က သမဂ္ဂခေါင်းဆောင်တွေပါ။PDFဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာပါ၊ အခုချတဲ့အမိန့်က တစ်သက်တစ်ကျွန်းထက်ပိုပါတယ်။ “လို့ အမည်မဖော်လိုသူ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက ပြောပါတယ် ။
 
ပုဒ်မ-၁၇(၁)၊ ၁၇(၂)၊ အကြမ်းဖက်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေကျူးလွန်တယ်ဆိုပြီး အင်းစိန်ထောင်စစ်ခုံရုံးကနေ ထောင်တစ်သက်လွတ်ရက်မရှိ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
သူတို့ ၄ ယောက်ကို ပြီးခဲ့တဲ့သြဂုတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊ အဲ့ဒီနောက်မှာ နစက ဘက်က သူတို့ ၄ ယောက်ကို ထန်းတပင် PDF တွေအဖြစ်သတင်းထုတ်ပြန်ကြေညာခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
 
ဖေဖော်ဝါရီလ ၁ ရက်ကနေ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေအားလုံးထဲမှာ သူတို့ အလုပ်သမား(၄)ယောက်ဟာ ပထမဆုံးအနေနဲ့ အခုလို ထောင်တစ်သက် လွတ်ရက်မရှိ အမိန့်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
တခြား ဖမ်းဆီးခံထားရသူတွေထဲမှာလည်း ထောင်ဒဏ်ချမှတ်ခံရသူတွေရှိသလို သေဒဏ်ချမှတ်ခံရသူတွေရှိနေပြီး အခုချိန်ထိ အမိန့်မချသေးဘဲ တရားရင်ဆိုင်နေရသူတွေလည်းရှိနေပါသေးတယ်။
 
#voiceofmyanmar #VOM #လှိုင်သာယာ #အလုပ်သမားလေးဦး #ထောင့်တစ်သက်လွတ်ရက်မရှိ

Related posts

Leave a Comment

VOM News

FREE
VIEW