နွားထိုးကြီးမြို့နယ်တရားရုံး ဗုံးပေါက်လို့ ရဲ အပါအဝင် ၂ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၂-၂၀၂၁ GH ( VOM )   နွားထိုးကြီးမြို့နယ်က တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲ တယောက်နဲ့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့ခံတွေဆီကသိရပါတယ်။   မနက် ၁၀ နာရီလောက်ကစပြီး မြို့နယ်တရားရုံး ၊ အထွေအထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   ” မနက်က ထမင်းစားနေတုန်း ပေါက်ကွဲသံတချက်ကြားတယ်။နောက်တခါ ဗုံးပေါက်သံ တချက်ထပ်ကြားတယ်။ပြီးတော့သိရတာ တရားရုံးမှာဗုံးပေါက်တယ်။ ၂ ယောက်ဒဏ်ရာရတယ်။ ရဲကတယောက်၊ အမှုရင်ဆိုင်နေရတဲ့အမျိုးသားက တယောက်ဒဏ်ရာရတယ်။ တရားရုံးနဲ့ ထွေ/အုပ်ရုံးက အနီးလေးပဲလေ။အခုတော့ မြို့ထဲမှာ တင်းကြပ်စစ်တာမရှိဘူး။ အခုပဲရဲစခန်းရှေ့ကဖြတ်လာတာ ” လို့ နွားထိုးကြီးမြို့ခံ ပရဟိတလုပ်ဆောင်နေသူတဦးက ပြောပါတယ်။   တရားရုံးမှာက ရဲလုံခြုံရေးရယူတာမျိုးမရှိတာကြောင့် ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့်…

Read More

ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံ၊မြောက်ဥက္ကလာတို့မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရ

ရန်ကုန်၊အောက်တိုဘာ ၁၂-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံနဲ့မြောက်ဥက္ကလာပမြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၁၁ရက်ညပိုင်းက နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်မှာ စစ်တပ်နဲ့ရဲတွေဟာ မနေ့ည ၁၁နာရီက နိူင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်တဲ့ ဦးကြည်လင်းနဲ့ကိုစည်သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “မနေ့ညကဝင်ဖမ်းတာ သုံးယောက်၊ ဦးကြည်လင်းရယ် ကိုဖိုးဇော်ရယ် ကိုစည်သူရယ်၊ ကိုဖိုးဇော်က လွတ်သွားတယ် နှစ်ဦးအဖမ်းခံရတယ်၊ ဘာကြောင့်ဖမ်းလဲမသိဘူး ဖုန်း၁လုံး ဆိုင်ကယ် ၁စီးရယ်ပါသွားတယ်၊ ဒလန်တွေ ဇိုးတွေပါတယ် စစ်တပ်နဲ့အတူလာဖမ်းတဲ့အထဲမှာ”လို့ သူကရှင်းပြပါတယ်။   အလားတူ စစ်တပ်နဲ့ရဲတွေဟာ တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်မှ ကိုစနေနဲ့ ၇၀ ရပ်ကွက်က မချို တို့နှစ်ဦးကိုလည်း မနေ့ညပိုင်းက ထပ်မံဖမ်းဆီးခဲ့သေးတယ်လို့ တောင်ဒဂုံမြို့ခံတဦးက ပြောပါတယ်။   ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ ဌရပ်ကွက်…

Read More

‘ဥပဒေနဲ့အညီပဲလုပ်သင့်တယ် အာဏာမသိမ်းသင့်ဘူးလို့’ဒီကနေ့ရုံးချိန်းမှာ ဦးဝင်းမြင့်ပြော

နေပြည်တော်၊ အောက်တိုဘာ ၁၂-၂၀၂၁ KT(VOM)   ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီကနေ့မနက် ရုံးထုတ်စစ်ဆေးမှုမှာ သမ္မတဟောင်း ဦးဝင်းမြင့်က အဓိကစစ်မေးချက်မှာ ‘ဥပဒေနဲ့အညီပဲလုပ်သင့်တယ် အာဏာမသိမ်းသင့်ဘူးလို့’ပြောခဲ့တယ်လို့ သိရပါတယ်။   တရားလွှတ်တော်ရှေ့နေတဦးက “ဦး၀င်းမြင့်ရဲ့အဓိကထွက်ဆိုချက်ထဲမှာ ၁.၂.၂၀၂၁ နေ့ နံနက်၅နာရီအချိန် လာရောက်ဖမ်းဆီးစဉ် ဦး၀င်းမြင့်ရဲ့အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလား မသိဘူး၊နှစ်ဦး၀င်လာတယ်တဲ့၊ နှစ်ဦး၀င်လာပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့သူတစ်ယောက် ၊ ကျန်းမာရေးကို အကြောင်းပြပြီးတော့ နှုတ်ထွက်ပေးဖို့ပြောတယ်တဲ့သူ့ကို၊ အဲ့ဒီအခါကျတော့ သမ္မတကြီးကနေပြီးတော့ သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက်ကြောင့် နှုတ်ထွက်ဖို့ မလုပ်နိုင်ကြောင်း နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့။ အဲ့ဒီလိုပြန်ပြောတဲ့နေရာမှာ သူတို့ကပြန်စဉ်းစားဖို့ နဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်တယ်ဆိုပြီးသူ့ကို ပြောတယ်တဲ့။ အဲ့ဒီတော့ ဦး၀င်းမြင့်ကလည်း နှုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုရင်တော့ မတတ်နိုင်ဘူး အသေပဲခံမယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ဦး၀င်းမြင့်ကနောက်တစ်ခါထပ်ပြီးတော့ ခင်ဗျားတို့ ဥပဒေနဲ့အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ဘူးလို့ ပြောခဲ့တယ်၊ နောက်တစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းမှာ…

Read More

အစွမ်းထက်တပ်မတော် တည်ဆောက်သွားမယ်လို့ ကင်ဂျုံအန်ကတိပြု

ပြုံးယမ်း၊ အောက်တိုဘာ-၁၂-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ရန်လိုတဲ့မူဝါဒတွေနဲ့ ရင်ဆိုင်နေရပေမယ့် အစွမ်းထက် တပ်မတော်တည်ဆောက်မယ်လို့ ကင်ဂျုံအန်က ကတိပြုပြောဆိုလိုက်ပါတယ်။   မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေတည်ထွင်ထုတ်လုပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်ဖြစ်ပြီး စစ်ပွဲစဖို့မဟုတ်ဘူးလို့ ကင်ဂျုံအန်ကဆိုပါတယ်။   အကြီးစားဒုံးပျံတွေအပါအ၀င် ရှားရှားပါးပါးပြုလုပ် တဲ့ လက်နက်ပြပွဲတစ်ခုမှာ ကင်ဂျုံအန်က အခုလိုက်ပြောဆိုလိုက်ပါတာဖြစ်ပါတယ်။   မြောက်ကိုရီးယားဟာ မကြာသေးမီက အသံထက်မြန်တဲ့ဒုံးပျံနဲ့ လေယာဉ်ပစ်ဒုံးပျံသစ်တွေကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒီအတောအတွင်း တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ်ဒုံးပျံတစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။   မြောက်ကိုရီးယားမှာပြုလုပ်တဲ့ Self-Defence 2021 လက်နက်ပြပွဲမှာ တင့်ကားတွေအပါအ၀င် စစ်လက်နက်ပစ္စည်းမျိုးစုံကို ပြသခဲ့ပြီး မြောက်ကိုရီးယားအနေနဲ့ အိမ်နီးချင်းနိုင်ငံကို မတိုက်ခိုက်လိုဘူးလို့ တောင်ကိုရီးယားကို ရည်ညွှန်းပြီး ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။   Ref: BBC Photo: Reuters…

Read More

အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/သူ (၁)သန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်

အောက်တိုဘာ ၁၂-၂၀၂၁ KK(VOM)   ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်ခဲ့တဲ့ ကျောင်သား/သူဦးရေ (၁)သန်းခန့်ကို လာမယ့်အောက်တိုဘာ ၁၆ ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။   ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်ခဲ့တဲ့ နိုင်ငံတစ်၀န်းရှိ မြို့နယ်များမှ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူဦးရေ (၁)သန်းခန့်ကို အောက်တိုဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁၀ရက်နေ့အထိ (၂)ကြိမ်ထိုးပေးသွားမှာဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။   ”အသက် ၁၂ပြည့်ပြီးသား ကျောင်းသားတွေရော ကျောင်းသူတွေရော ထိုးပေးမှာပါ၊ ပထမအကြိမ်က အောက်တိုဘာ ၁၂ကနေ နိုဝင်ဘာ ၁၂ထိ၊ ဒုတိယအကြိမ်ကတော့ နိုဝင်ဘာ ၁၃ရက်နေ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ထိုးပေးသွားမှာပါ”လို့ သူကရှင်းပြပါတယ်။   မြောက်ဥက္ကလာက ကျောင်းသားမိဘတဦးကတော့ “အစ်မတို့ကို အတန်းပိုင်ဆရာမက ဖုန်းဆက်တယ်၊…

Read More

တရုတ်ဘက်က နယ်ခြားစည်း ၁၀ ပေကျော်ကာ လမ်းဖောက်နေတာကို ဒေသခံတွေမလိုလား

အောက်တိုဘာ ၁၂၊ ၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ တရုတ်ဘက်ကနေ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ပေကျော်ကာ ရေလယ်မှာ ကျောက်ချ လမ်းဖောက် နေတာကို ဒေသခံတွေက မလိုလားကြောင်းနဲ့ လယ်မြေ ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင်သတ်မှတ်ထားတဲ့ နေရာထက် ချောင်းထဲကို ၁၅ ပေခန့်ကျွံကာ ရေလယ် ကျောက်ချပြီး တရုတ်ဘက်က လမ်းဖောက်လုပ်နေတာ၊ အရင် ချောင်းက ပေ ၂၀ လောက်ရှိတယ်။ ကြူကုန် (ပန်ဆိုင်း)မြို့၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ကျောက်တွေ။…

Read More

ချောက်မြို့မှာ အပြင်ထွက်ခွင့် အချိန်ကန့်သတ်ချက်ကြောင့် မြို့ခံတွေနဲ့ ကားသမားတွေ အခက်တွေ့

အောက်တိုဘာ ၁၂-၂၀၂၁ GH ( VOM )   ချောက်မြို့နယ်မှာ အပြင်ထွက်ခွင့် အချိန်ကန့်သတ်ချက်တွေကြောင့် ဒေသခံပြည်သူတွေအပါအဝင်၊ မြို့ကိုဖြတ်သန်းသွားလာမယ့် ကားသမားတွေ အခက်တွေ့ပြီး ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။   နောက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ဆေးထောက်ချက်ပြသနိုင်သူကိုသာ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားလာခွင့်ပြုမယ်လို့လည်း အသိပေးပြောဆို တယတွေရှိနေတယ်လို့ သိရပါတယ်။   ” မနက်ဆိုလည်း ကုန်ကားတွေဆိုက်ရင် ဂိတ်ဖွင့်ချိန် ၄ နာရီထိစောင့်ရတယ်။ ၁၀ နာရီဆိုပြန်ပိတ်ရော။ ညနေ၅ နာရီမှပြန်ဖွင့်ပေးတယ်။ ပိတ်တဲ့ကြားအချိန်ရောက်ရင် စစ်ဆေးရေးဂိတ်နဲ့မနီးမဝေးမှာ တန်းစီရတာပေါ့။သူတို့ဖွင့်တဲ့အထိ၊ ဖွင့်ခါနီးမှ ဂိတ်အနားကိုတန်းစီးရတာ။ အချိန်တွေပုပ်တာပေါ့။ ဖွင့်င့်ချိန်ထက် ပိတ်ချိန်ကများနေတာ။ ဂိတ်တခုကို ကားအစီးရေ ၁၀၀ ကျော်ကတော့နေ့တိုင်းရှိတယ်။ ကာကွယ်ဆေးထိုးပြီးကြောင်းပြနိုင်မှ နောက်ရက်ဖြတ်ခွင့်ပေးမယ်၊မပြနိုင်ရင်လှည့်ပြန်ရမယ်။ကာကွယ်ဆေးထိုးချင်ရင်လည်း ထိုးဖို့စီစဉ်ပေးထားတယ်လို့ ပြောတယ်” လို့ ကုန်ကားမောင်းသူတဦးကပြောပါတယ်။   ချောက်မြို့နယ်ကို မနက် ၄ နာရီကနေ ၁၀ နာရီထိ…

Read More

အိုင်အက်စ်အဖွဲ့ ဘဏ္ဍာရေးအကြီးအကဲကို အီရတ်ထောက်လှမ်းရေး ဖမ်းဆီးရမိ

ဘဂ္ဂဒက်၊ အောက်တိုဘာ-၁၂-၂၀၂၁ မျိုးဆက် (VOM)   အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေဆိုင်ရာအကြီးအကဲကို အီရန်နယ်စပ်ပြင်ပမှာပြုလုပ်တဲ့ စစ်ဆင်ရေးတစ်ရပ်မှာ ဖမ်းဆီးရမိခတယ်လို့ အီရတ်နိုင်ငံက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေအကြီးအကဲ ဆာမိဂျာဆင်အယ်လ်ဂျာဘူရီကို ရှုပ်ထွေးတဲ့ ပြင်ပစစ်ဆင်ရေးတစ်ရပ်မှာ အီရတ်အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အီရတ်၀န်ကြီးချုပ်က မူစတာဖာအယ်လ်ကတ်ဟီမီကပြောပါတယ်။   ဒါပေမယ့်နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းတော့မရှိပါဘူး၊ မစ္စတာဂျာဆင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အဘူဘာကာအယ်လ်ဘဂ္ဂဒီလက်အောက်မှာ အိုင်အက်စ်အဖွဲ့ လက်ထောက်အိုင်အက်စ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။   သူ့ကိုကို ဖမ်းဆီးရမိနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို ဒေါ်လာ ငါးသန်းပေးမယ်လို့အမေရိကန်က ဆုငွေထုတ်ပြန်ထားပါတယ်။   အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးရမိခြင်းဟာ အိုင်အက်စ်အဖွဲ့အပေါ် သိသိသာသာ ထိုးနှက်ချက်အဖြစ် အီရတ်က ထုတ်ဖော်ပြောဆိုပါတယ်။   အိုင်အက်စ်အဖွဲ့ဟာ တစ်ချိန်က အီရတ်အရှေ့ပိုင်းနဲ့ ဆီးရီးယားအနောက်ပိုင်းနယ်မြေတွေကို ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသတွေမှာရှိတဲ့ လူရှစ်သန်းကျော်ကို ရက်စက်တဲ့ အုပ်ချုပ်ရေးစနစ်ချမှတ် အုပ်ချုပ်ခဲ့ပါတယ်။…

Read More

မတ်ပဲစျေးကွက် အတက်အကျကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေ

အောက်တိုဘာ ၁၂-၂၀၂၁ GH ( VOM)   မတ်ပဲစျေးနူန်း အခုတပတ်ကျော်အတွင်း စျေးနူန်း အတက်အကျ ကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေတယ်လို့ မတ်ပဲစျေးကွက်ကနေ သိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်လောက်မှာ မတ်ပဲစျေး တစ်တင်းကို ၇၁၀၀၀ အထိ စျေးပေါက်ခဲ့ရာကနေ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ မတ်ပဲတတင်းကို ၄၉၅၀၀ ကျပ်အထိ စျေးကျဆင်းခဲ့ပြီး ဒီကနေ့မှာတော့ မတ်ပဲတတင်းကို ကျပ် ၅၀၀၀၀ နဲ့ ၅၆၀၀၀ကြား စျေးပေါက်တယ်လို့ သိရပါတယ်။   ” စျေးကျသွားတာဟုတ်တယ်။ အခုစျေးကွက်က အဝယ်ပဲရှိတယ် အရောင်းမရှိဘူး။ ဒေါ်လာစျေး အတက်အကျအပေါ်မူတည်ပြီး မတ်ပဲစျေးကဖြစ်နေတာပေါ့။ အခုတော့ ဆက်တိုက်ကိုကျလာတယ်။ မနေ့ကဆို ၄၉၅၀၀ ပေါက်တယ်။ “လို့ ဟင်္သာတကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးကပြောပါတယ်။   လက်ရှိ မတ်ပဲဟာ စျေးကွက်ထဲမှာ စျေးနူန်းအတက်အကျ…

Read More

စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံး၊ ဒဏ်ရာရနဲ့ ကားပျက်စီးတာတွေဖြစ်ခဲ့

အောက်တိုဘာ ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ အခုရက်ပိုင်းအတွင်း လမ်းဘေးမိုင်းတွေပေါက်ကွဲတဲ့အတွက် မိုင်းစထိမှန်ပြီး လူသေဆုံးတာ ၊ ဒဏ်ရာရတာတွေအပြင် ကားတွေ ပျက်စီးတာလည်းရှိတယ်လို့ အဲ့ဒီဖြစ်စဥ်တွေမှာ ကူညီပေးခဲ့ရတဲ့ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။   ကားလမ်းဘေးမှာ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး စေတနာ့ဝန်ထမ်းတယောက်က “မနေ့ ( အောက်တိုဘာ ၁၁)မနက်က ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာနားက မုံရွာ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၁၀ / ၄ နဲ့ ၆ အကြားနေရာမှာ ပေါက်ကွဲတယ် ၊ သေဆုံးသူက အသက် ၃၃ နှစ်အရွယ် အမျိုးသား ဖြစ်တယ် ၊ ဦးခေါင်း ၊ ရင်ဘတ် ၊ လက်တွေမှာ မိုင်းစမှန်ပြီး သေဆုံးတာပါ ၊ ဒဏ်ရာရသူကတော့ အသက် ၇၀…

Read More
VOM News

FREE
VIEW