အိုင်အက်စ်အဖွဲ့ ဘဏ္ဍာရေးအကြီးအကဲကို အီရတ်ထောက်လှမ်းရေး ဖမ်းဆီးရမိ

ဘဂ္ဂဒက်၊ အောက်တိုဘာ-၁၂-၂၀၂၁
မျိုးဆက် (VOM)
 
အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေဆိုင်ရာအကြီးအကဲကို အီရန်နယ်စပ်ပြင်ပမှာပြုလုပ်တဲ့ စစ်ဆင်ရေးတစ်ရပ်မှာ ဖမ်းဆီးရမိခတယ်လို့ အီရတ်နိုင်ငံက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေအကြီးအကဲ ဆာမိဂျာဆင်အယ်လ်ဂျာဘူရီကို ရှုပ်ထွေးတဲ့ ပြင်ပစစ်ဆင်ရေးတစ်ရပ်မှာ အီရတ်အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အီရတ်၀န်ကြီးချုပ်က မူစတာဖာအယ်လ်ကတ်ဟီမီကပြောပါတယ်။
 
ဒါပေမယ့်နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းတော့မရှိပါဘူး၊ မစ္စတာဂျာဆင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အဘူဘာကာအယ်လ်ဘဂ္ဂဒီလက်အောက်မှာ အိုင်အက်စ်အဖွဲ့ လက်ထောက်အိုင်အက်စ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
 
သူ့ကိုကို ဖမ်းဆီးရမိနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို ဒေါ်လာ ငါးသန်းပေးမယ်လို့အမေရိကန်က ဆုငွေထုတ်ပြန်ထားပါတယ်။
 
အိုင်အက်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးရမိခြင်းဟာ အိုင်အက်စ်အဖွဲ့အပေါ် သိသိသာသာ ထိုးနှက်ချက်အဖြစ် အီရတ်က ထုတ်ဖော်ပြောဆိုပါတယ်။
 
အိုင်အက်စ်အဖွဲ့ဟာ တစ်ချိန်က အီရတ်အရှေ့ပိုင်းနဲ့ ဆီးရီးယားအနောက်ပိုင်းနယ်မြေတွေကို ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသတွေမှာရှိတဲ့ လူရှစ်သန်းကျော်ကို ရက်စက်တဲ့ အုပ်ချုပ်ရေးစနစ်ချမှတ် အုပ်ချုပ်ခဲ့ပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘဂ္ဂဒက

Related posts

Leave a Comment

VOM News

FREE
VIEW