အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့တွေ့ဆုံမယ့်အစီအစဉ် ပျက်

အောက်တိုဘာ ၁၂-၂၀၂၁
KT(VOM)
 
နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့နေ့လယ်ပိုင်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီ (၈)ခုတွေ့ဆုံမယ့်အစီအစဉ်ပျက်သွားတယ်လို့ သိရပါတယ်။
 
တက်ရောက်မယ့်ပါတီတစ်ခုက “နိုင်ငံရေးပါတီ ၈ ပါတီနဲ့အာဆီယံကိုယ်စားလှယ်တို့ UEC မှာတွေ့ဆုံဖို့စီစဥ်ထားမှုပျက်သွားတယ်လို့ UEC ကနေ တက်ရောက်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေကို အကြောင်းကြားတယ်လို့ သိရပါတယ်၊ ဒီနေ့တွေ့ဆုံမှုမဖြစ်ပေမယ့် မနက်ဖြန်တော့ တွေ့ဆုံမှာဖြစ်တယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးက အကြောင်းကြားပါတယ်”လို့ VOMကိုပြောပါတယ်။
 
မနက်ဖြန် အောက်တိုဘာ ၁၃ရက်မှာတော့ နိုင်ငံရေးပါတီတွေအပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့အဖွဲ့ဝင်တွေကိုပါ တွေ့ဆုံမှာဖြစ်ပြီး တွေ့ဆုံမယ်အချိန်ကိုတော့ ပြန်လည်အကြောင်းကြားမှာ ဖြစ်တယ်လို့
အမည်မဖော်လိုသူ ဖိတ်ကြားခံရတဲ့ ပါတီဝင်တဦးရဲ့ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #အာဆီယံအထူးကိုယ်စားလှယ် #ဒီနေ့တွေ့ဆုံပွဲပျက်

Related posts

Leave a Comment

VOM News

FREE
VIEW