ပင်လည်ဘူးမြို့မရဲစခန်း မီးလောင်ပြီး ဒုရဲအုပ် ၁ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၀ -၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ ၊ မြို့မရဲစခန်းဝန်းထဲမှာ ဒီကနေ့ မနက်အစောပိုင်းက အဆောက်အဦး ၁ လုံး မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်တဲ့ ဒုရဲအုပ် ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးနယ်ခံတွေဆီက သိရပါတယ်။
 
” မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲစခန်းဝန်းထဲက မီးလောင်တာပါ ၊ မီးငြိမ်းနေတဲ့ ရဲအရာရှိ ၁ ယောက်လည်း ဒဏ်ရာရတာကြောင့် ပင်လည်ဘူး ဆေးရုံမှာ တင်ထားတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပင်လည်ဘူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့သူတယောက်က ” ရဲစခန်းထဲက ၄ ခန်းတွဲ ၃ ထပ် အဆောက်အဦး လူမနေသေးတဲ့ အရှေ့တောင်ဘက် အခန်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လောင်တာပါ ၊ မီးငြိမ်းသတ်တဲ့ ဒုရဲအုပ် စိန်ထွန်းလင်း မီးလောင်ဒဏ်ရာရတယ် ၊ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ သိရတယ် ၊ မီးလောင်ဆုံးရှုံးမှုတန်ဘိုးကတော့ မသိရသေးဘူး ၊ မှန်တံခါးဘောင်တွေနဲ့ ကျွန်းတံခါးဘောင်တွေ လောင်သွားတာ “လို့ ပြောပါတယ်။
 
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
စစ်ကိုင်းတိုင်းထဲမှာ အခုလ ၃ ရက်ကနေ ၁၈ ရက်နေ့အထိ ထီးချိုင့်မြို့နယ်က အလယ်တော စခန်း ၊ ကမ်းနီ လှုပ်ရှာ ရဲကင်းစခန်း ၊ ကသာမြို့နယ် အင်းရွာနယ်မြေရဲစခန်း ၊ တန့်ဆည်မြို့နယ် နဘက်ကြီး ရဲကင်းစခန်းတွေအပြင် မြောင်နယ် ၊ ပုလဲမြို့နယ်နဲ့ ကောလင်းမြို့နယ်ထဲက ရဲစခန်းတချို့ မီးလောင်ခဲ့တာတွေလည်း ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပင်လည်ဘူး #ရဲစခန်းမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW