ပင်လည်ဘူးမြို့မရဲစခန်း မီးလောင်ပြီး ဒုရဲအုပ် ၁ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၀ -၂၀၂၁ VOM   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ ၊ မြို့မရဲစခန်းဝန်းထဲမှာ ဒီကနေ့ မနက်အစောပိုင်းက အဆောက်အဦး ၁ လုံး မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်တဲ့ ဒုရဲအုပ် ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးနယ်ခံတွေဆီက သိရပါတယ်။   ” မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲစခန်းဝန်းထဲက မီးလောင်တာပါ ၊ မီးငြိမ်းနေတဲ့ ရဲအရာရှိ ၁ ယောက်လည်း ဒဏ်ရာရတာကြောင့် ပင်လည်ဘူး ဆေးရုံမှာ တင်ထားတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။   ဒါ့အပြင် ပင်လည်ဘူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့သူတယောက်က ” ရဲစခန်းထဲက ၄ ခန်းတွဲ ၃ ထပ် အဆောက်အဦး လူမနေသေးတဲ့ အရှေ့တောင်ဘက် အခန်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လောင်တာပါ ၊…

Read More

အမှိုက်ထဲက ရွှေ

အေးချမ်းသူ(VOM)   လူအများစုဟာ အိမ်တွေတည်ဆောက်တဲ့အခါမှာ သစ်တွေ၊ သံတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေနဲ့တည်ဆောက်ပြီး အိမ်ရဲ့အမိုးကိုတော့ သွပ်၊အုတ်ကြွပ်၊ဓနီ၊တောင်တန်းတွေနဲ့ မိုးတက်ကြပါတယ်။   အများနဲ့မတူဘဲ အိမ်ရဲ့ကိုယ်ထည်ကို ပုလင်းတွေ၊ ဖော့တွေ၊ စွန့်ပစ်သစ်သားတွေနဲ့တည်ဆောက်ပြီး နံရံကို ပုလင်းတွေ ရေသန့်ဗူးတွေနဲ့လုပ်ထားပြီး အမိုးကိုတော့ ကားတာယာဖြတ်ပိုင်းစတွေနဲ့ စနစ်တကျမိုးထားတဲ့ အိမ်တအိမ်ရှိတယ်။အိမ်ရဲ့ နာမည်က”ကြွပ်ကြွပ် “တဲ့….။   “ကြွပ်ကြွပ်” ဆိုတဲ့ စွန့်ပစ်ပစွည်းတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ အိမ်လေးဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဂန္ဓာမာလမ်း၊ အိမ်အမှတ် ၅၀၇မှာ တည်ရှိတာပါ။   အိမ်ထဲကိုဝင်လိုက်တာနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ လူသုံးကုန်ပစွည်းအမျိုးမျိုးက နံရံတွေ ခုံတွေအပေါ်မှာ စနစ်တကျနေရာယူထားသလို ကြမ်းပြင်ကိုတော့ စွန့်ပစ်ထားတဲ့ သစ်သားတွေနဲ့ စနစ်တကျစီခင်းထားပါတယ်။ အိမ်ရဲ့မျက်နှာကြက်မှာ ဖန်ပုလင်းတွေကို ထည့်သွင်းထားလို့ အလင်းရောင်နဲ့အတူအေးမြမှုတွေကိုလည်း ရရှိစေပါတယ်။   “ကြွပ်ကြွပ်” ဆိုတဲ့အိမ်လေးကို…

Read More
VOM News

FREE
VIEW