ကန်ကြီးထောင့်မြို့မှာ စစ်ကားထဲ ဗုံးပစ်ခံရလို့ တယောက်သေသလို ပစ်သူတယောက်လည်းသေဆုံး

အောက်တိုဘာ ၂၄ ၊၂၀၂၁ KC (VOM)   ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်က ၊ ကညင်ငူကျေးရွာနားမှာ ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ကင်းလှည့်နေတဲ့ စစ်ကားထဲကို ဗုံးပစ်ခံရပြီး ၁ ယောက်သေတဲ့အပြင် ၃ ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကညင်ငူကျေးရွာဒေသခံကပြောပါတယ်။   ဒါ့အပြင် စစ်ကားထဲဗုံးပစ်ခဲ့တဲ့ သူတွေထဲက တယောက်ကို စစ်တပ်က ပြန်လည်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိမှာတော့ ဖမ်းမိထားသူက ကန်ကြီးထောင့်ဆေးရုံမှာသေဆုံးသွားပြီလို့ ပရဟိတအသင်းတခုဆီက သိရပါတယ်။   ” ၁ယောက်သေ တယ်၊ ၃ယောက်ဒဏ်ရာရတယ်၊ ဆိုင်ကယ်စီးလာတဲ့လူငယ်၂ ယောက်က လက်ပစ်ဗုံးနဲ့ပစ်သွားတာ၊ ပစ်တဲ့ထဲက ၁ယောက်မိတယ်။ဝိုင်းရိုက်နေကြတာတွေ့တယ်။ဗုံးပစ်ခံရတဲ့စစ်ကားကအသေး ပါ။ ခုထပ်သိရတာ ဖမ်းမိတဲ့လူလည်းသေသွားပြီ။ကန်ကြီးထောင့်ဆေးရုံမှာပဲ။ “လို့ ကညင်ငူရွာ ဒေသခံတစ်ဦးကပြောပါတယ်။   ကန်ကြီးထောင်မြို့နယ်မှာ ကင်းလှည့်လာတဲ့စစ်ကားကို ကညင်ငူရွာထိပ်အရောက်မှာ ဆိုင်ကယ်စီး လာတဲ့အမျိုးသား၂ယောက်က စစ်ကားထဲကို…

Read More

၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မြောက်ဒဂုံမှာ ဖမ်းဆီးခံရ

ရန်ကုန်၊အောက်တိုဘာ ၂၄-၂၀၂၁ KK(VOM)   ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီကို မနေ့ အောက်တိုဘာ ၂၃ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။   ဦးဂျင်မီဖမ်းဆီးခံရတာကို ဇနီးဖြစ်သူက မနေ့ညပိုင်းလူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန် ရေးသားထားတာလည်းဖြစ်ပါတယ်။   ဇနီးဖြစ်သူ မနီလာသိန်းက “မနေ့ညက မြောက်ဒဂုံရဲ့ ရပ်ကွက်တစ်ခုက အိမ်တအိမ်မှာ တံခါးတွေရိုက်ချိုးပြီး စစ်တပ်ကလာဖမ်းသွားတာ၊ သူလည်း နေကောင်းတာမဟုတ်ဘူး၊ နောက်ဖြစ်လာတဲ့ပြဿနာကို စစ်တပ်က တာဝန်ယူရလိမ့်မယ်”လို့ VOMကို ပြောပါတ ယ်။   လက်တလောမှာ ကိုဂျင်မီကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူပန်နေတယ်လို့ သူကပြောပါတယ်။   နိူင်ငံရေးအကျဥ်းသားဟောင်းတဦးကတော့ “သတင်းကမှန်ပါတယ်၊ ကျနော်တို့လည်း စိတ်ပူနေတာ သူကကျန်းမာရေးကောင်းတာမဟုတ်ဘူး “လို့ ပြောပါတယ်။   ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင်…

Read More

နစက လက်ထက်မှာ Delta News Agency သတင်းဌာနကို သတင်းထုတ်ဝေဖြန့်ချိခွင့် ပိတ်သိမ်းပြန်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁ VOM   ဧရာဝတီတိုင်း အခြေစိုက် သတင်းမီဒီယာ ဌာန တခုဖြစ်တဲ့ Delta News Agency (DNA) သတင်းဌာနကို အခုလ ၂၀ ရက် ဝန်းကျင်က ရေးသား ထုတ်ဝေဖြန့်ချီခွင့်ကို တရားဝင်ခွင့်မပြုတော့ဘူးလို့ နစက မှ အကြောင်းကြားစာပေးပို့လိုက်တယ်လို့ သိရပါတယ်။   DNA သတင်းဌာန အယ်ဒီတာချုပ် ကိုစိုးရ ပြောပြတာက   ” အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ပိတ်သိမ်းကြောင်း Email နဲ့ ပို့တယ် ၊ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို လွတ်မြောက်နယ်မြေကနေ ဆက်လုပ်သွားမှာပါ ၊ သတင်းဌာန ပိတ်သိမ်းတာက အဓိက မကျပါဘူး ၊ သတင်းထောက်တွေ လုံခြုံဖို့ အဓိကမို့ ဘေးကင်းတဲ့နေရာကနေ သတင်းတွေ…

Read More

လွိုင်ကော်မှာ ဒုရဲမှူးတယောက် သေနတ်နဲ့ပစ်သတ်ခံရ

အောက်တိုဘာ ၂၄၊၂၀၂၁ GH (VOM )   ကယား ပြည်နယ်၊ လွိုင်ကော်မှာ ဒုရဲမှူရဲ့ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံရလို့ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ။   ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့၊မနက် ၇နာရီနဲ့ ၈ နာရီကြားလောက်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး အလောင်းကိုတော့ရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။   “ဗဟိုစျေး မှာပေါ့၊ သူ့အသိ မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ အဲ့မှာမနက်စောသွားစားတယ်ထင်တယ်၊ အဲ့ဒီမှာမုန့်ဟင်းခါးလာစားတဲ့ပုံစံလုပ်ပြီး သူ့ခေါင်းကိုပစ်သွားတာပေါ့။သေတယ်။မနက်က ၇ နာရီခွဲနဲ့ ၈ နာရီလောက်ပေါ့။သူက SB ဒုရဲမှူး ပေါ့ ” လို့ ပရဟိတအသင်းတစ်ခုရဲ့အမည်မဖော်လိုသူက ပြောပါတယ်။   သေဆုံးသူကတော့ ဒုရဲမှူး မျိုးသိန်းထွန်း ဆိုသူဖြစ်ပြီး ၊လက်ရှိမှာ သေနတ်နဲ့ ပစ်သွားတဲ့ သူတွေကို ရှာဖွေနေတာကြောင့် လွိုင်ကော်မြို့အတွင်း ပိတ်ဆို့စစ်ဆေးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့အောက်တိုဘာလ…

Read More

ကျိုက်ထိုနဲ့ သထုံက NLD ပါတီရုံးတချို့မှာ ဗုံးပေါက်

ရန်ကုန်၊အောက်တိုဘာ ၂၄၊၂၀၂၁ KK(VOM)   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ သထုံမြို့က NLDပါတီရုံးတချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မနေ့ အောက်တိုဘာ ၂၃ ရက် ည ၁၂ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် NLDပါတီ ရုံးမှာ ပေါက်ကွဲမှု ဖြစ်တဲ့အကြောင်း ကျိုက်ထို NLD ပါတီဝင်တဦးက ပြောပြတာက   “မနေ့ည ၁၂ နာရီကျော်က ဖြစ်တာ ရုံးထဲမှာ လူမရှိတော့ လူကတော့ ထိခိုက်မှုမရှိဘူး ရုံးတွင်းပစွည်းတွေတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။   အလားတူ သထုံမြို့ NLDပါတီ ရုံးမှာလည်း မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ရုံးတွင်းပစွည်းတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။   မနေ့ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး မှာဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။…

Read More

မုံရွာ ပြည်သူ့ဆေးရုံကြီးနား အထက ၂ ကျောင်းလမ်းမှာ မိုင်းပေါက်ကွဲလို့ ကလေး ၂ ယောက်သေဆုံး ၊ ၁ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေါနခြံရပ်ကွက် အထက ၂ ကျောင်းလမ်း ပြည်သူ့ဆေးရုံကြီး တောင်ဘက် တိုင်းစိုက်ပျိုးရေးရုံးဝန်း မြောက်ဘက်မှာ ဒီကနေ့ အောက်တိုဘာ ၂၄ရက် မနက် ၈ နာရီက ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲပြီး ကလေး ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေါနခြံရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။   ” မနက် ၈ နာရီတိတိမှာ ချိန်ကိုက်ပေါက်ကွဲတာပါ ၊ အသက် ၁၀ နှစ်ဝန်းကျင် ​ ယောင်္ကျားလေး၂ ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ် ၊ နောက်ပြီး အသက် ၂ နှစ်ဝန်းကျင် ကလေး (ကျား) ၁ ယောက်က ခြေထောက် ပြတ်ရှဒဏ်ရာရပြီး အဲ့ဒီ ပေါက်ကွဲတဲ့နေရာနားမှာ…

Read More

ကျွန်းလှမှာ အုပ်ချုပ်ရေးမှူး အများစု အလုပ်တာဝန်ကနေ ထွက်စာတင်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁ VOM   စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး တချို့ဟာ အခုလ ၁၅ ရက်နောက်ပိုင်းမှာ အလုပ်တာဝန်ကနေ နုတ်ထွက်တာ ၁၅ ဦးထက်မနည်း ရှိနေပြီလို့ ကျွန်းလှမြို့နယ် ထွေ/ အုပ် အသိုင်းအဝိုင်းထံက သိရပါတယ်။   ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အခုလို အလုပ်တာဝန်ကနေ နုတ်ထွက်တာနဲ့ ပတ်သက်လို့ ထွက်စာတင်ပြထားတဲ့ အုပ်စု အုပ်ချုပ်ရေးမှူး တစ်ယောက် ပြောတာက   ” ကျွန်းလှမြို့နယ်စုပေါင်းအနီးက လက်ဘက်ရည်ဆိုင်ထဲကို အခုလ ၁ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် အရာရှိ ၁ ဦး အပါအဝင် အရပ်သား…

Read More

မူးမြစ်နှင့် သတင်းစာ….

——————— ဆူးငှက် ကျွန်တော် သုံးလေးတန်းအရွယ်လောက်ကတည်းက ကြားဖူးနေတာ တစ်ခုရှိသည်။ ကျွန်တော်တို့ ဦးကြီး ဓာတ်ပုံဆရာကြီးက တောသူတောင်သားပင် ဖြစ်လင့်ကစား အိမ်မှာသတင်းစာယူသည်။ သတင်းစာ အမြဲဖတ်သည်။ ကျွန်တော့်မိဘများ ကျွန်တော့် ဦးကြီးများ မွေးဖွားကြီးပြင်းခဲ့ရာနေရာက တကယ့် အညာဒေသ ချပ်ကြားလွင်တီးခေါင် ကုန်းမြေ။ ချောင်းခြောက်၊ သဲတော၊ ကန္တာရပင်နှင့် တောင်ကတုံးများဖြစ်၏။ မုံရွာရေဦးကားလမ်းမကြီးက ဘုတလင်မြို့လေးတွင် ဆင်းပြီး အရှေ့ဘက် သဲတာကုန်းခေါင်ခေါင်ကြီးသို့ သဲချောင်းခြောက် ချပ်ကြားရိုးကြားအတိုင်း နေပူလယ်ခေါင်မှာ လှည်းတအီအီစီးရင်း ၂တိုင်ကျော်ခရီးက မန္တလေး-ဘုတလင် ခရီးထက် နှစ်ဆပင်ပန်းသည်။ ဦးကြီးက..မနက်လင်း သတင်းစာဖတ်ပြီး လမ်းလျှောက်ရင်း အိမ်ဘက်ရောက်တော့ ကျွန်တော့်အဖေကို..”လာမယ့် သုံးလေးနှစ်ဆိုရင် တပေါင်းလ ရွာကိုအပြန်မှာ မော်တော်ဘုတ်စီးသွားရတော့မှာဗျ”ဟုပြော၏.. အိပ်ရာထဲမှာ အပျင်းထူနေသော ကျွန်တော် ငေါက်ခနဲ ထထိုင်ကာ အံ့သြသွားသည်။ ကျွန်တော် ၂ခါလောက်ရာက်ဖူးတာပဲ။ ရေကို ဘူးသီးခြောက် တစ်ဘူးစာပင် မမြင်ရသော…

Read More
VOM News

FREE
VIEW