လွိုင်ကော်မှာ ဒုရဲမှူးတယောက် သေနတ်နဲ့ပစ်သတ်ခံရ

အောက်တိုဘာ ၂၄၊၂၀၂၁
GH (VOM )
 
ကယား ပြည်နယ်၊ လွိုင်ကော်မှာ ဒုရဲမှူရဲ့ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံရလို့ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ။
 
ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့၊မနက် ၇နာရီနဲ့ ၈ နာရီကြားလောက်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး အလောင်းကိုတော့ရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
 
“ဗဟိုစျေး မှာပေါ့၊ သူ့အသိ မုန့်ဟင်းခါးဆိုင်ဖွင့်တယ်။ အဲ့မှာမနက်စောသွားစားတယ်ထင်တယ်၊ အဲ့ဒီမှာမုန့်ဟင်းခါးလာစားတဲ့ပုံစံလုပ်ပြီး သူ့ခေါင်းကိုပစ်သွားတာပေါ့။သေတယ်။မနက်က ၇ နာရီခွဲနဲ့ ၈ နာရီလောက်ပေါ့။သူက SB ဒုရဲမှူး ပေါ့ ” လို့ ပရဟိတအသင်းတစ်ခုရဲ့အမည်မဖော်လိုသူက ပြောပါတယ်။
 
သေဆုံးသူကတော့ ဒုရဲမှူး မျိုးသိန်းထွန်း ဆိုသူဖြစ်ပြီး ၊လက်ရှိမှာ သေနတ်နဲ့ ပစ်သွားတဲ့ သူတွေကို ရှာဖွေနေတာကြောင့် လွိုင်ကော်မြို့အတွင်း ပိတ်ဆို့စစ်ဆေးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့ကလည်းလွိုင်ကော် တက္ကသိုလ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးတာရှိသလို ဒဏ်ရာရတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
 
အောက်တိုဘာလ ၆ ရက်နေ့ကလည်း လွိုင်ကော်မှာ အပြန်အလှန်ပစ်ခတ်မှူ တွေဖြစ်ခဲ့လို့ဒေသခံပြည်သူတယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၁၁ ယောက်ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
 
#voiceofmyanmar #VOM #လှိုင်ကော် #SB #ဒုရဲမှူးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW