၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မြောက်ဒဂုံမှာ ဖမ်းဆီးခံရ

ရန်ကုန်၊အောက်တိုဘာ ၂၄-၂၀၂၁
KK(VOM)
 
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီကို မနေ့ အောက်တိုဘာ ၂၃ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။
 
ဦးဂျင်မီဖမ်းဆီးခံရတာကို ဇနီးဖြစ်သူက မနေ့ညပိုင်းလူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန် ရေးသားထားတာလည်းဖြစ်ပါတယ်။
 
ဇနီးဖြစ်သူ မနီလာသိန်းက “မနေ့ညက မြောက်ဒဂုံရဲ့ ရပ်ကွက်တစ်ခုက အိမ်တအိမ်မှာ တံခါးတွေရိုက်ချိုးပြီး စစ်တပ်ကလာဖမ်းသွားတာ၊ သူလည်း နေကောင်းတာမဟုတ်ဘူး၊ နောက်ဖြစ်လာတဲ့ပြဿနာကို စစ်တပ်က တာဝန်ယူရလိမ့်မယ်”လို့ VOMကို ပြောပါတ
ယ်။
 
လက်တလောမှာ ကိုဂျင်မီကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူပန်နေတယ်လို့ သူကပြောပါတယ်။
 
နိူင်ငံရေးအကျဥ်းသားဟောင်းတဦးကတော့ “သတင်းကမှန်ပါတယ်၊ ကျနော်တို့လည်း စိတ်ပူနေတာ သူကကျန်းမာရေးကောင်းတာမဟုတ်ဘူး “လို့ ပြောပါတယ်။
 
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အထဲမှာ ကိုဂျင်မီလည်း ပါဝင်တယ်လို့ သိ
ပါတယ်။
 
ကိုဂျင်မီဟာ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းနဲ့ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတို့မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ကိုဂျင်မီ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW