ကန်ကြီးထောင့်မြို့မှာ စစ်ကားထဲ ဗုံးပစ်ခံရလို့ တယောက်သေသလို ပစ်သူတယောက်လည်းသေဆုံး

အောက်တိုဘာ ၂၄ ၊၂၀၂၁
KC (VOM)
 
ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်က ၊ ကညင်ငူကျေးရွာနားမှာ ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ကင်းလှည့်နေတဲ့ စစ်ကားထဲကို ဗုံးပစ်ခံရပြီး ၁ ယောက်သေတဲ့အပြင် ၃ ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကညင်ငူကျေးရွာဒေသခံကပြောပါတယ်။
 
ဒါ့အပြင် စစ်ကားထဲဗုံးပစ်ခဲ့တဲ့ သူတွေထဲက တယောက်ကို စစ်တပ်က ပြန်လည်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိမှာတော့ ဖမ်းမိထားသူက ကန်ကြီးထောင့်ဆေးရုံမှာသေဆုံးသွားပြီလို့ ပရဟိတအသင်းတခုဆီက သိရပါတယ်။
 
” ၁ယောက်သေ တယ်၊ ၃ယောက်ဒဏ်ရာရတယ်၊ ဆိုင်ကယ်စီးလာတဲ့လူငယ်၂ ယောက်က လက်ပစ်ဗုံးနဲ့ပစ်သွားတာ၊ ပစ်တဲ့ထဲက ၁ယောက်မိတယ်။ဝိုင်းရိုက်နေကြတာတွေ့တယ်။ဗုံးပစ်ခံရတဲ့စစ်ကားကအသေး ပါ။ ခုထပ်သိရတာ ဖမ်းမိတဲ့လူလည်းသေသွားပြီ။ကန်ကြီးထောင့်ဆေးရုံမှာပဲ။ “လို့ ကညင်ငူရွာ ဒေသခံတစ်ဦးကပြောပါတယ်။
 
ကန်ကြီးထောင်မြို့နယ်မှာ ကင်းလှည့်လာတဲ့စစ်ကားကို ကညင်ငူရွာထိပ်အရောက်မှာ ဆိုင်ကယ်စီး လာတဲ့အမျိုးသား၂ယောက်က စစ်ကားထဲကို လက်ပစ်ဗုံးပစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
စစ်တပ်က ဒဏ်ရာရရှိသူတွေက ဒဏ်ရာပြင်းထန်လို့ ပုသိမ်က စစ်ဆေးရုံကိုသယ်ဆောင်သွားကြောင်း သိရပါတယ်။
 
လက်ရှိမှာ လွတ်မြောက်သွားတဲ့အမျိုးသားကို ကညင်ငူရွာအနီး မှာ ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေ ပြု လုပ်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့သိရပါတယ်။
 
#VOM #voiceofmyanmar #ကန်ကြီးထောင့်

Related posts

Leave a Comment

VOM News

FREE
VIEW