ဘုတလင်နယ် ကူတော်မှာ မိုင်းရှင်းအဖွဲ့ ပေါက်ကွဲမှုဖြစ်ပြီး ရဲ ၁ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၁
ချစ်ဖုန်း(VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ မောင်းထောင်ကျေးရွာနဲ့ ကူတော်ကျေးရွာအကြား မြကွမ်းတောင်း ဘုရားဝန်းကျင်မှာ မနေ့ နိုဝင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းက လမ်းဘေးမြေမြုတ်မိုင်း ရှင်းလင်းနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်တဲ့အတွက် ရဲ ၁ ဦး သေဆုံးပြီး ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကူတော်နယ်ခံတွေဆီက သိရပါတယ်။
 
” မြကွမ်းတောင်း ဘုရားဘက်က ပေါက်ကွဲသံတွေကြားလိုက်ရတယ် ၊ အဲ့ဒီ နောက် အရပ်ဝတ်ရဲတွေ ရောက်လာပြီး ဒဏ်ရာရတဲ့ လူ ၂ ယောက်က မိုင်းရှင်း ရဲဝန်ထမ်း ၂ ယောက်ဖြစ်တယ် ” လို့ ကူတော်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဖြေကြားပြောတာက ” မိုင်းရှင်းလင်းနေတဲ့အချိန် ပေါက်ကွဲလို့ တပ်ဖွဲ့ဝင် ၂ ယောက် ထိတယ် ၊ ခြေကျင်းဝတ်ကနေ ပြတ်ထွက်ဒဏ်ရာ ရရှိသလို ၊ ခြေသလုံး ပေါက်ပြဲဒဏ်ရာရတာလည်း ရှိတယ် ၊ အဲ့ဒီ အထဲက ခြေကျင်းဝတ် ပြတ်ဒဏ်ရာရတဲ ရဲတပ်သား ပိုင်စိုးခန့် ကတော့ နမခ စစ်ဆေးရုံကိုပို့နေရင်း သေဆုံးသွားတယ် ၊ ကျန် တယောက်လည်း စိုးရိမ်နေရဆဲ ” လို့ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မုံရွာခရိုင် ချောင်းဦးမြို့မှာ မိုင်းရှင်းနေတဲ့အချိန် အခုလို ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် မြို့နယ်ရဲမှူး နဲ့ စစ်တပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် လူ ၃ ယောက်ဒဏ်ရာရခဲ့ပြီး ၊ အငြိမ်းစား စစ်ဗိုလ် ၁ ​ယောက် အဲ့ဒီ ပေါက်ကွဲတဲ့နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဘုတလင#မိုင်းကွဲ
 
ပုံစာ ၊ မိုင်းထိရဲဝန်ထမ်းတွေ တာဝန်ကျ စခန်း

Related posts

Leave a Comment

VOM News

FREE
VIEW