မော်လမြိုင်မှာ မိသားစုလိုက် ဓားခုတ်ခံရပြီး ကလေးအပါအဝင် ၂ ဦးသေဆုံး ၊ ၂ ဦးအပြင်းထန်ဒဏ်ရာရရှိ စိုးရိမ်ရဆဲ

နိုဝင်ဘာ ၁၄
GH (VOM )
 
မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ၉ လမ်းမှာ မိသားစုဝင် ၄ ဦးလုံး ဓားနဲ့ခုတ်ခံရပြီး ၂ ဦးသေဆုံးကာ ၂ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
 
မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ည ၇ နာရီလောက်က နေအိမ်မှာ မိသားစုလိုက် ထမင်းစားနေတုန်း ဓားနဲ့ခုတ်ခံရတာဖြစ်ကြောင်း၊ အဖေဖြစ်သူနဲ့သားဖြစ်သူကလေးငယ်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။အမေဖြစ်သူနဲ့ သမီးဖြစ်သူတို့လည်း ဓားခုတ်ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။
 
” သမီးနဲ့အမေက ဆေးရုံမှာကုသမှုခံယူနေတယ်။ခုထိတော့အနီရောင်အဆင့် အခြေအနေကစိုးရိမ်ရသေးတယ်။သမီးကကျောကုန်းမှာဓားဒဏ်ရာကြောင့် အရိုးတွေပါပေါ်တဲ့အထိဖြစ်တယ်။အမေကလည်း လက်ထိတာအတော်ပြင်းတယ် ” လို့ ဓားခုတ်ခံရတဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။
 
မိသားစုလိုက် ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
 
” ဖြစ်တာက ရဲစခန်းလမ်းနဲ့ ၉ လမ်းထိပ်၊ သမိန် ဗရမ်းလမ်းနောက်လမ်းက ကိုအောင် ကုန်မာဆိုင်မှာပါ။ ခုကိုအောင်နဲ့သူ့သားကလေးလေးပါသေးတယ်။သူ့မိန်းမနဲ့ နောက်ထပ် ကလေးက ဓားခုတ်ထိပီးဆေးရုံမှာပို့ထားတယ်။ခုတ်တဲ့သူက သူ့ဆိုင်မှာလုပ်နေတဲ့အလုပ်သမားလို့ ပြောတယ်။ ကိုအောင်တို့မိသားစုက စိတ်ကောင်းရှိတဲ့သူတွေပါ ” လို့
မြိုင်သာယာရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မော်လမြိုင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
 
#voiceofmyanmar #VOM #မော်လမြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW