ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဘုရားဖူးကားမှောက်လို့ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၀-၂၀၂၁ GH ( VOM )   သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဒီနေ့မနက်ပိုင်းက ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုရေးအသင်းတွေဆီကသိရပါတယ်။   ဒဏ်ရာရရှိသူ ၈ ယောက်ထဲက ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိကြောင်း၊ နောက် ၄ ယောက်ကတော့ ခေါင်းပေါက်တာ၊လက်ကျိုးတာမျိုးရှိပြီး ဒဏ်ရာရသူတွေထဲ ကလေးတွေများတယ်လို့ သိရပါတယ်။   ” စက်စဲ-ကျိုက်က္ခမီမရောက်ခင် လမ်းခွဲလမ်းဆုံ ဆီဆိုင်အနားမှာဖြစ်တာပါ။သေဆုံးသူက ယာဉ်မောင်းအမျိုးသားဖြစ်တယ်။သူ့ဘော်ဒီကိုပြန်ယူမယ်ဆိုလို့ အခုသွားပို့နေတာပါ။ ကားက အမျိုးတွေစုပြီး ကျိုက္ခမီဘုရားဖူးသွားတဲ့ပုံပါ။ကျနော်တို့ရောက်တော့ ကားကတနေရာလူတွေကအကုန်ပျံ့နေတယ် “လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးသွားရောက်နေသူတဦးကပြောပါတယ်။   ကားပေါ်ပါသူတွေဟာ မော်လမြိုင်မြို့ကဖြစ်လို့ ဒဏ်ရာရရှိသူအားလုံးကို သံဖြူဇရပ်ဆေးရုံက မော်လမြိုင်ပြည်သူ့ဆေးရုံကိုပြန်လွှဲတာကြောင့် လူနာတွေကိုပို့ဆောင်ပေးနေတယ်လို့ပြောပါတယ်။   နှစ်စဉ်ဘုရားဖူးရာသီရောက်တိုင်း ကျိုက္ခမီ-စက်စဲကားလမ်းမှာ ယာဉ်တိမ်းမှောက်တာတွေရှိကြောင်း၊ အခုနိုဝင်ဘာလအတွင်း ဘုရားဖူးကားတိမ်းမှောက်မှုက ၄…

Read More

ရှေးဟောင်းကျောင်းတိုက်ကြီးများနှင့် ဥယျာဉ်တော်

ဆူးငှက် “ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ၊ တလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း” ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင် တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများမြှုပ်နှံပြီးလေသောအခါ ခုနှစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ရပ် တိုင်ထူခဲ့သည်။ ခုနှစ်ဌာနတွင် မဟာလောကမာရဇိန်စတီတော်ပါ၏။ အတုလဝေယံကျောင်းတော် ပါရှိ၏။ မဟာလောကမာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် ၇ ရက်နေ့တွင် ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က “ကုသိုလ်တော်ဘုရား”ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ် ကျောက်စာတော်ပေါင်း…

Read More
VOM News

FREE
VIEW