ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဘုရားဖူးကားမှောက်လို့ ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၀-၂၀၂၁
GH ( VOM )
 
သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲကားလမ်းမှာ ဒီနေ့မနက်ပိုင်းက ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုရေးအသင်းတွေဆီကသိရပါတယ်။
 
ဒဏ်ရာရရှိသူ ၈ ယောက်ထဲက ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိကြောင်း၊ နောက် ၄ ယောက်ကတော့ ခေါင်းပေါက်တာ၊လက်ကျိုးတာမျိုးရှိပြီး ဒဏ်ရာရသူတွေထဲ ကလေးတွေများတယ်လို့ သိရပါတယ်။
 
” စက်စဲ-ကျိုက်က္ခမီမရောက်ခင် လမ်းခွဲလမ်းဆုံ ဆီဆိုင်အနားမှာဖြစ်တာပါ။သေဆုံးသူက ယာဉ်မောင်းအမျိုးသားဖြစ်တယ်။သူ့ဘော်ဒီကိုပြန်ယူမယ်ဆိုလို့ အခုသွားပို့နေတာပါ။ ကားက အမျိုးတွေစုပြီး ကျိုက္ခမီဘုရားဖူးသွားတဲ့ပုံပါ။ကျနော်တို့ရောက်တော့ ကားကတနေရာလူတွေကအကုန်ပျံ့နေတယ် “လို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးသွားရောက်နေသူတဦးကပြောပါတယ်။
 
ကားပေါ်ပါသူတွေဟာ မော်လမြိုင်မြို့ကဖြစ်လို့ ဒဏ်ရာရရှိသူအားလုံးကို သံဖြူဇရပ်ဆေးရုံက မော်လမြိုင်ပြည်သူ့ဆေးရုံကိုပြန်လွှဲတာကြောင့် လူနာတွေကိုပို့ဆောင်ပေးနေတယ်လို့ပြောပါတယ်။
 
နှစ်စဉ်ဘုရားဖူးရာသီရောက်တိုင်း ကျိုက္ခမီ-စက်စဲကားလမ်းမှာ ယာဉ်တိမ်းမှောက်တာတွေရှိကြောင်း၊ အခုနိုဝင်ဘာလအတွင်း ဘုရားဖူးကားတိမ်းမှောက်မှုက ၄ ကြိမ်ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စက်စဲ #ဘုရားဖူးကားမှောက် #တဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW