နိုဝင်ဘာ ၂၅-၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၆၈လမ်းနဲ့လမ်း၇၀ကြား၊ ရုံးပေါင်းစုံဝင်းအတွင်းက အများသုံးသန့်စင်ခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရှေ့နေတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သ်ိရပါတယ်။ သတင်းရင်းမြစ်တဦးကတော့ ” ရုံးပေါင်းစုံဝင်းထဲက အိမ်သာနားရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေပေါက်ကွဲတာ၊ ရိမုမိုင်းလို့ ကနဦးသိရပါတယ်၊ တခြားတော့ ပြောလို့မရသေးဘူး”လို့ ပြောပါတယ်။ ပေါက်ကွဲမှုမှာ ရှေ့နေ(၂)ဦးဒဏ်ရာရပြီး ဆိုင်ကယ်(၂)စီးပျက်စီးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရှိရပြီး လက်တလောVOMရဲ့စုံစမ်းချက်မှာတော့ ဒဏ်ရာရသူ(၂)ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒီကနေ့ပေါက်ကွဲမှုဖြစ်တဲ့ ရုံးပေါင်းစုံဝင်းရှေ့မှာ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရုံးပေါင်းစုံဝင်း #ပေါက်ကွဲမှု
Read MoreMonth: November 2021
ကိုဗစ်ကပ်ရောဂါ
ကိုဗစ်ကပ်ရောဂါကို ပေါ့ဆမိရင် အသက်အန္တရာယ်ပါ ကြုံရနိုင်တာမို့ အထူးသတိထားကာကွယ်ပါ။ ကာတွန်း မိုးသွင် #voiceofmyanmar #VOM #ကိုဗစ်
Read Moreကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်းဖွင့်ပြီး ငွေကြေးဆိုင်ရာဆောင်ရွက်ဖို့အသိပေး
နိုဝင်ဘာ ၂၃-၂၀၂၁ GH ( VOM ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းအားလုံး ကုမ္ပဏီ၊အဖွဲ့အစည်း အမည်နဲ့ သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အချို့သော ကုမ္ပဏီနဲ့အဖွဲ့အစည်းတွေက ငွေကြေးဆိုင်ရာကိစ္စကို ဘဏ်မှာ သီးခြားငွေစာရင်းဖွင့် လှစ်ဆောင်ရွက်ခြင်း မရှိဘဲ ဒါရိုက်တာတွေရဲ့ဘဏ်ငွေစာရင်းကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေတာကြောင့် အခုလို အသိပေးစာထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။ ” အကိုတို့က ကုမ္ပဏီတွေ အကုန်စတည်ကတည်းက ကုမ္ပဏီအကောင့်ပဲ သီးခြားဖွင့်ထားတယ်။အဓိကကတော့ ပါစင်နယ်ကိစ္စနဲ့ ကုမ္ပဏီကိစ္စ ရောထွေးလို့မရအောင်ပေါ့။ တချိူ့က ဒါကိုရောချပြီး ငွေသားပိုထုတ်ချင်တာဘာညာရှိတယ်။ ” လို့ ရန်ကုန်မြို့က ကုမ္ပဏီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ…
Read Moreကျူးကျော်တဲထဲက ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ
အေးချမ်းသူ(VOM) မြောက်ဥက္ကလာ ၂ ရပ်ကွက် အာသာဝတီလမ်းမကြီးဟာ နေပူချိန်ကြောင့် လမ်းသွားလမ်းလာတွေ ရှင်းလင်းနေပေမယ့် လူတစ်ဦးကတော့ ဆာလာအိတ်နဲ့ ရေသန့်ဗူးတွေ အချိုရည်ဗူးတွေကောက်ရင်း အလုပ်ရှုပ်လို့နေပါတယ်။ အမှိုက်ကောက်နေသူမှာ အသက်အရွယ်အားဖြင့် ၆၀ ကျော်ရှိပြီး နေလောင်ဒဏ်ကြောင့် မျက်နှာမှာအဆီပြန်နေသလို ဝတ်ထားတဲ့အင်္ကျီမှာ ကြယ်သီးတစ်လုံးမှမရှိတာကြောင့် ရင်ဘတ်မှာ ပွင့်လျက်သားဖြစ်နေပါတယ်။ အာသာဝတီလမ်းတလျှောက်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေးဝဲယာတလျှောက်က လူတကာစွန့်ပစ်ထားတဲ့ ရေသန့်ဗူးခွံတွေ၊ အချိုရည်ဗူးခွံတွေကောက်ရင်း ဆာလဆာအိတ်နှစ်လုံးနီးပါးပြည့်သွားတဲ့အခါ အမှိုက်ကောက်သူဟာ မေတ္တာလမ်းထဲကို လမ်းလျှော က်သွားပါတယ်။ လမ်းရဲ့အဆုံးမှာတော့ ကျူးကျော်အိမ်ကလေးတွေစုပြုံနေပြီး အဝတ်လျှော်သူတွေ ထမင်းစားနေသူတွေနဲ့ ရေခပ်သူနေသူတွေနဲ့ပြည့်နှက်လို့နေပါတယ်။ အမှိုက်ကောက်သူအဘိုးအိုဟာ ကျူးကျော်တွေနေထိုင်ရာ လမ်းကြားလေးကနေ လမ်းလျှောက်သွားတဲ့အဆုံးမှာတော့ ၁၀ပေပတ်လည်အိမ်လေးရှေ့မှာ သူရဲ့ပုခုံးမှာလွယ်ထားတဲ့ ဆာလအိတ်နှစ်လုံးကိုချပြီး အိမ်ပေါ်ကိုတက်သွားပါတယ်။ အိမ်မှာမီးမရှိတာကြောင့် မှောင်မဲနေပြီး အခန်းမှာလည်း အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေနဲ့အတူ ရှုပ်ပွနေကာ ခေါင်းရင်းဘက်မှာတော့ အသက်ခုနှစ်ဆယ်နီးပါးရှိပြီဖြစ်တဲ့…
Read Moreဘူးဂေးရီးယားမှာ ဘတ်စ်ကားမီးလောင်မှု ကလေးငယ်တွေအပါအ၀င် လူ ၄၅ ဦးသေဆုံး
ဆိုဖီယာ၊ နို၀င်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM) ဘူဂေးရီးယားနိုင်ငံ အနောက်ပိုင်းရှိ ကားလမ်းတစ်ခုပေါ်မှာ ဘတ်စ်ကားတစ်စင်းမီးလောင်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအ၀င် လူ ၄၅ ဦးသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာ၀န်ရှိသူတွေက နို၀င်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ အဲဒီမတော်တဆမှုဟာ ဘော့စ်နက်ကျေးရွာအနီးမှာ ဒေသစံတော်ချိန်နေ့လယ် နှစ်နာရီက ဖြစ်ပွားခဲ့တာလို့ ဘူလ်ဂေးရီးယားပြည်ထဲရေး၀န်ကြီးကပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါ၀င်ပြီး လူခုနှစ်ဦးကို ကယ်တင်နိုင်ခဲ့တေယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကိုလိုင်နီကိုလော့ဗ်က ပြောပါတယ်။ အဲဒီဘတ်စ်ကားသည် တူရကီမှ မြောက်မက်ဆီဒိုးနီးယားသို့ သွားရောက်တယ်လို့ ယုံကြည်ရပြီး အခင်းဖြစ်ရာနေရာကို လက်ရှိမှာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ဘတ်စ်ကားမီးလောင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိမှာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဘတ်စ်ကားမတော်တဆမှုနဲ့ပတ်သက်ပြီး မြောက်မက်ဆီဒိုးနီးယား၀န်ကြီးချုပ်နဲ့ ဘူဂေးရီးယား၀န်ကြီးချုပ်တို့ဟာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ Ref: BBC Photo:AFP…
Read Moreမကွေးတိုင်း စလင်းမြို့မစျေးမီးလောင်မှု ဆိုင်ခန်း တရာကျော်ဆုံးရှုံး
နိုဝင်ဘာ ၂၃၊ ၂၀၂၁ KK(VOM) မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ် မြို့မစျေးကြီး ဒီကနေ့ည ၆နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း တရာကျော်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။ စလင်းမြို့မစျေးကြီးမီးလောင်မှုကို မီးသတ်ဦးစီးဌာနက ၆နာရီ၂၅ မီနစ်တွင် သတင်းရရရှိပြီးနောက် စလင်း၊ဆင်ဖြူကျွန်း၊မင်းဘူး၊ ပွင့်ဖြူမြို့နယ်များမှ မီးသတ်ယာဥ် ၁၂ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရာ ၇နာရီ ၃၅ မီနစ်မှာ မီးထိန်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။ စလင်းမြို့မစျေးကြီးမှာ ဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း တစ်ရာကျော် ဆုံးရှုံးခဲ့တယ်လို့ သူကပြောပါတယ်။ လက်တလောမှာ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအကြောင်းအရင်းကိုစုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉နာရီကလည်း နတ်မောက်မြို့နယ်…
Read Moreတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေနဲ့ဈေးသည်တွေ အခက်အခဲများစွာကြုံတွေ့နေ
နိုဝင်ဘာ ၂၄-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးတဲ့တောင်သူတွေ အများအပြားရှိနေသလို မြို့ပေါ်ဈေးတွေနဲ့ ကျေးရွာတွေအထိ လိုက်လံရောင်းချနေတဲ့ ဈေးသည်တွေလည်း အများအပြားရှိနေပါတယ်။ လက်ရှိမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး စစ်ကိုင်းတိုင်းအတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ချေမှုန်းဖို့ စစ်တပ်ကအနော်ရထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေဟာ အမြဲတမ်းလိုလို စစ်ဘေးရှောင်နေရတာကြောင့် ရာသီပေါ်သီးနှံတွေ ပုံမှန်စိုက်ပျိုးနိုင်ခြင်းမရှိကြဘူးလို့ တောင်သူတဦးကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအသွားအလာအခက်အခဲတွေကြောင့် ကျေးရွာအနှံ့လိုက်လံဈေးရောင်းချနေတဲ့ ဈေးသည်တွေမှာလည်း ဈေးရောင်းတဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး ရေရှည်မှာဆိုရင် စားဝတ်နေရေးအတွက် အငတ်ဘေးကြုံလာနိုင်တယ်လို့ ဈေးသည်တဦးကဆိုပါတယ်။ ဒါကြောင့် ဒီဒေသက တောင်သူတွေရော ဈေးသည်တွေကပါ နိုင်ငံရေးအကျပ်အတည်းတွေ အမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ကိုမျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကလေး #တိုက်ပွဲ #စိုက်ပျိုးတောင်သူ #ဈေးသည်…
Read Moreတောင်ကိုရီးယား စစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် ကွယ်လွန်
ဆိုးလ်၊ နို၀င်ဘာ-၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားစစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် အသက် ၉၀ နှစ်ဟာ နို၀င်ဘာ ၂၃ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ ရိုးတွင်းချဉ်ဆီကင်ဆာရောဂါနဲ့ ဆိုးမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ သူဟာ သမ္မတဟောင်း ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် ၁၉၇၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး အတိုက်အခံတွေကို အကြီးအကျယ်နှိမ်နှင်းခဲ့သူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ရာထူးမှဆင်းပေးခဲ့ရတဲ့ လူထုအုံကြွမှုမတိုင်မီတွင် အတိုက်အခံများကို အကြီးအကျယ် ဖိနှိပ်ဖြိုခွင်းခဲ့သူဖြစ်ပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ချန်ဒူး၀မ်ဟာ ၁၉၈၀ ခုနှစ်မှာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဂွမ်ဂျူးမြို့ ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒပြပွဲမှာ လူအများအပြားကို သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။ အဲဒီဖြစ်စဉ်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ၂၀၀…
Read Moreအာဆီယံနိုင်ငံတွေကို ကြီးစိုးအနိုင်ကျင့်တာ မလုပ်ဘူးလို့ တရုတ်သမ္မတပြော
ပေကျင်း၊ နို၀င်ဘာ-၂၂-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ကြီးစိုးအနိုင်ကျင့်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတရှီကျင်းပင်က နို၀င်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့တို့အကြား ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းကတဆင့်ကျင်းပရာမှ တရုတ်သမ္မတက ခုလိုက်ပြောကြားလိုက်ပါတယ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုအရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား တင်းမာမှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အဓမ္မကြီးစိုးရေးဝါဒနဲ့ နိုင်ငံရေးသြဇာအသုံးချတာတွကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနီးမှုကို ထိန်းသိမ်းပြီး ဒေသတွင်းမှာ အနိုင်ကျင့်တာမျိုးတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတကဆိုပါတယ်။ အဲဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံကလွဲပြီး ကျန်အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ သံသတမန်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံဘက်က နစကဥက္ကဌကို အာဆီယံအဖွဲ့က အစည်းအဝေးဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ …
Read Moreသတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ဝန်ဆောင်မှုမပေးဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကိုအသိပေးစာထုတ်
နိုဝင်ဘာ ၂၃-၂၀၂၁ GH ( VOM ) ဟိုတယ်၊ တည်းခိုခန်းတွေအနေနဲ့ မဇ္ဈိမ၊ DVB ၊ ခေတ်သစ်မီဒီယာ၊Myanmar Now နဲ့ 7 Day သတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုပေးတာမျိုးတွေ မလုပ်ဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက မနေ့ နိုဝင်ဘာ၂၂ ရက်နေ့မှာ အသိပေးစာထုတ်ပြန်လိုက်ပါတယ်။ ” သူတို့ဘယ်ဟိုတယ်တွေမှာ တွေ့လဲတော့ မသိပါဘူး။ကျနော်တို့ဆီတော့ သူတို့ပြောတဲ့လိုင်း တခုမှမရှိဘူး။ အရင်ကတော့ DVB နဲ့ Mizzima ထည့်တယ်။ အခုနောက်ပိုင်း မရှိတော့ပါဘူး။ နောက် မြန်မာနောင်းတို့ဘာတို့က အွန်လိုင်းပဲရှိတာမလား၊ရုပ်သံလိုင်းမရှိသေးဘူးထင်တယ် “လို့ ဟိုတယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။ အဲ့ဒီ သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခြင်းလုပ်ငန်းအသီးသီး ပိတ်သိမ်းထားပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ပြသခြင်းမပြုဖို့…
Read More