မန္တလေးမြို့ ရုံးပေါင်းစုံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

နိုဝင်ဘာ ၂၅-၂၀၂၁
Voice Of Myanmar
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၆၈လမ်းနဲ့လမ်း၇၀ကြား၊ ရုံးပေါင်းစုံဝင်းအတွင်းက အများသုံးသန့်စင်ခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရှေ့နေတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သ်ိရပါတယ်။
 
သတင်းရင်းမြစ်တဦးကတော့ ” ရုံးပေါင်းစုံဝင်းထဲက အိမ်သာနားရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေပေါက်ကွဲတာ၊ ရိမုမိုင်းလို့ ကနဦးသိရပါတယ်၊ တခြားတော့ ပြောလို့မရသေးဘူး”လို့ ပြောပါတယ်။
 
ပေါက်ကွဲမှုမှာ ရှေ့နေ(၂)ဦးဒဏ်ရာရပြီး ဆိုင်ကယ်(၂)စီးပျက်စီးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရှိရပြီး လက်တလောVOMရဲ့စုံစမ်းချက်မှာတော့ ဒဏ်ရာရသူ(၂)ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒီကနေ့ပေါက်ကွဲမှုဖြစ်တဲ့ ရုံးပေါင်းစုံဝင်းရှေ့မှာ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး #ရုံးပေါင်းစုံဝင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW