အမျိုးသားစီးပွားရေးပြယုဂ် ဈေးချိုတော်….

ဆူးငှက် မန္တလေးနဲ့ပတ်သက်ပြီး ချစ်ခင်ကြတာ ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့ ရပ်တည်မှုဆိုတဲ့ အပိုင်းကဏ္ဍကလည်း အဓိကကျတဲ့ အချက်ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ‘ဈေးချိုတော်’ဟာ မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တာပါ။ မန္တလေးရဲ့အမျိုးသားရေးဆိုင်ရာရေချိန်ဟာ ဈေးချိုရဲ့ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ ‘စီးပွားရေး’ ပြယုဂ် တစ်ခုတင်မှ မဟုတ်ဘဲ…။ အဓိက ပင်စည်က ‘နိုင်ငံရေး’ပဲဖြစ်ပါတယ်။ မန္တလေးရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော်ဖြစ်လေတော့ အဆောက်အဦးတိုင်းလိုလိုဟာ သစ်၊ ဝါးတွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည် ပန္နက်မှာကတည်းက ပါခဲ့တဲ့ ‘ဈေးကြိုတော်’(ဈေးချိုတော်)ရဲ့ အဆောက်အဦးတွေကလည်း သစ်၊ ဝါး အသုံးပြုတဲ့ ဈေးရုံအဆောက်အဦတွေပါပဲ။ ပူပြင်းခြောက်သွေ့ မိုးနည်းရေရှားရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တစ်လျှောက်လုံးခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ် ရုန်းထခဲ့တာကလည်း အားမာန်တစ်ခုပါ။ ၁၂၃၆ခု၊ ကဆုန်လပြည့်ကျော် ၃ရက်နေ့မှာ မန်ကျည်းပင်ဈေးအရပ်ကျလာင်တဲ့မီးက ဈေးချိုကို ဝါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ခုနှစ်၊…

Read More

ဆွီဒင်ရဲ့ ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ် ခန့်အပ်ခံရပြီး နာရီပိုင်းအတွင်း နုတ်ထွက်

စတော့ဟုမ်း၊ နို၀င်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ဆွီဒင်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ်သစ် မက်ဒါလီနာအန်ဒါဆန် ရာထူးခန့်အပ်ခံရပြီး နာရီအနည်းငယ်အကြာတွင် ရာထူးမှနှုတ်ထွက်လိုက်ပါတယ်။   နှစ်ပါတီပါ၀င်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ဂရင်းပါတီ နုတ်ထွက်ပြီးနောက် ဆိုရှယ်ဒီမိုကရက်ပါတီရဲ့၀န်ကြီးချုပ် အန်ဒါဆန်ကရာထူးမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။   ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ တပါတီက နုတ်ထွက်ရင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျင့်ထုံးရှိတယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ဆိုပါတယ်။   အန်ဒါဆန်ကို ၀န်ကြီးချုပ်ခန့်အပ်ခံရပြီးနောက် သူတင်သွင်းတဲ့ ဘဏ္ဍာရေးဆိုင်ရာဥပဒေမူကြမ်းကို လွှတ်တော်က ပယ်ချလိုက်သောကြောင့် ဂရင်းပါတီက ညွှန်ပေါင်းအစိုးရမှ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။   အန်ဒါဆန်ဟာ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူတဲ့အချိန်ဟာ အလွန်တိုတောင်းပေမယ့် ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး၀န်ကြီးချုပ်အဖြစ် သတ်မှတ်ခံရပြီး သူမနှုတ်ထွက်ဘူးဆိုရင် မနက်ဖြန် နိုင်၀င်ဘာ ၂၆ ရက်မှာ တာ၀န်တွေ စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။   Ref: AFP Photo:Reuters #voiceofmyanmar #VOM #စတော့ဟုမ်း

Read More

ထိုင်းနယ်စပ်မှာ မြန်မာလုပ်သား ၁၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ဘန်ကောက်၊ နို၀င်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက နို၀င်ဘာ ၂၄ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။   အလုပ်အကိုင်ရှာဖွေဖို့အတွက် တောလမ်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာသူတွေ မြင့်တက်နေတာကြောင့် အဲဒီဒေသမှာ လုံခြုံရေးတိုးမြင့်လုပ်ဆောင်ဖို့ ထိုင်းတာ၀န်ရှိသူတွေက ယခုလအစောပိုင်းကတည်းက ညွှန်ကြားထားပါတယ်။   ယခုဖမ်းဆီးမိခဲ့သူတွေထဲမှာ အမျိုးသာ ၁၁၁ ဦးနဲ့ အမျိုးသမီး ၇၃ ဦးတို့ပါ၀င်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ တာ၀န်ရှိသူတွေရဲ့ဖမ်းဆီးတာကို ရှောင်ရှားဖို့အတွက် ညပိုင်းမှာ Chong Khaeb ဒေသရှိ တောလမ်းကတဆင့် ခြေလျင်၀င်ရောက်လာတာလို့ မြန်မာတဦးကပြောပါတယ်။   သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့အာမခံထားတဲ့ အေဂျင်စီတခုကို တစ်ယောက် ဘတ်နှစ်သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။   လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ မြန်မာတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး ကွာရန်တင်းထားရှိကာ…

Read More

မန္တလေးမြို့ ရုံးပေါင်းစုံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

နိုဝင်ဘာ ၂၅-၂၀၂၁ Voice Of Myanmar   မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၆၈လမ်းနဲ့လမ်း၇၀ကြား၊ ရုံးပေါင်းစုံဝင်းအတွင်းက အများသုံးသန့်စင်ခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရှေ့နေတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သ်ိရပါတယ်။   သတင်းရင်းမြစ်တဦးကတော့ ” ရုံးပေါင်းစုံဝင်းထဲက အိမ်သာနားရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေပေါက်ကွဲတာ၊ ရိမုမိုင်းလို့ ကနဦးသိရပါတယ်၊ တခြားတော့ ပြောလို့မရသေးဘူး”လို့ ပြောပါတယ်။   ပေါက်ကွဲမှုမှာ ရှေ့နေ(၂)ဦးဒဏ်ရာရပြီး ဆိုင်ကယ်(၂)စီးပျက်စီးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရှိရပြီး လက်တလောVOMရဲ့စုံစမ်းချက်မှာတော့ ဒဏ်ရာရသူ(၂)ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒီကနေ့ပေါက်ကွဲမှုဖြစ်တဲ့ ရုံးပေါင်းစုံဝင်းရှေ့မှာ လက်လုပ်မိုင်းလာရောက်ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။   #voiceofmyanmar #VOM #မန္တလေး #ရုံးပေါင်းစုံဝင်း #ပေါက်ကွဲမှု

Read More
VOM News

FREE
VIEW