ဆွီဒင်ရဲ့ ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ် ခန့်အပ်ခံရပြီး နာရီပိုင်းအတွင်း နုတ်ထွက်

စတော့ဟုမ်း၊ နို၀င်ဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
ဆွီဒင်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ်သစ် မက်ဒါလီနာအန်ဒါဆန် ရာထူးခန့်အပ်ခံရပြီး နာရီအနည်းငယ်အကြာတွင် ရာထူးမှနှုတ်ထွက်လိုက်ပါတယ်။
 
နှစ်ပါတီပါ၀င်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ဂရင်းပါတီ နုတ်ထွက်ပြီးနောက် ဆိုရှယ်ဒီမိုကရက်ပါတီရဲ့၀န်ကြီးချုပ် အန်ဒါဆန်ကရာထူးမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
 
ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ တပါတီက နုတ်ထွက်ရင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျင့်ထုံးရှိတယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ဆိုပါတယ်။
 
အန်ဒါဆန်ကို ၀န်ကြီးချုပ်ခန့်အပ်ခံရပြီးနောက် သူတင်သွင်းတဲ့ ဘဏ္ဍာရေးဆိုင်ရာဥပဒေမူကြမ်းကို လွှတ်တော်က ပယ်ချလိုက်သောကြောင့် ဂရင်းပါတီက ညွှန်ပေါင်းအစိုးရမှ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။
 
အန်ဒါဆန်ဟာ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူတဲ့အချိန်ဟာ အလွန်တိုတောင်းပေမယ့် ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး၀န်ကြီးချုပ်အဖြစ် သတ်မှတ်ခံရပြီး သူမနှုတ်ထွက်ဘူးဆိုရင် မနက်ဖြန် နိုင်၀င်ဘာ ၂၆ ရက်မှာ တာ၀န်တွေ စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
 
Ref: AFP
Photo:Reuters
#voiceofmyanmar #VOM #စတော့ဟုမ်း

Related posts

VOM News

FREE
VIEW