ထိုင်းနယ်စပ်မှာ မြန်မာလုပ်သား ၁၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ဘန်ကောက်၊ နို၀င်ဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက နို၀င်ဘာ ၂၄ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
 
အလုပ်အကိုင်ရှာဖွေဖို့အတွက် တောလမ်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာသူတွေ မြင့်တက်နေတာကြောင့် အဲဒီဒေသမှာ လုံခြုံရေးတိုးမြင့်လုပ်ဆောင်ဖို့ ထိုင်းတာ၀န်ရှိသူတွေက ယခုလအစောပိုင်းကတည်းက ညွှန်ကြားထားပါတယ်။
 
ယခုဖမ်းဆီးမိခဲ့သူတွေထဲမှာ အမျိုးသာ ၁၁၁ ဦးနဲ့ အမျိုးသမီး ၇၃ ဦးတို့ပါ၀င်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ တာ၀န်ရှိသူတွေရဲ့ဖမ်းဆီးတာကို ရှောင်ရှားဖို့အတွက် ညပိုင်းမှာ Chong Khaeb ဒေသရှိ တောလမ်းကတဆင့် ခြေလျင်၀င်ရောက်လာတာလို့ မြန်မာတဦးကပြောပါတယ်။
 
သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့အာမခံထားတဲ့ အေဂျင်စီတခုကို တစ်ယောက် ဘတ်နှစ်သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ မြန်မာတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး ကွာရန်တင်းထားရှိကာ နိုင်ငံတွင်းတရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူမှုတွေဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
 
Ref: The Nation
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW