တောင်ဒဂုံမှာ ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး အမျိုးသမီးဖြစ်သူသေဆုံး

ရန်ကုန်၊ဒီဇင်ဘာ ၄-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ ကျန်စစ်သားလမ်းနဲ့ရတနာပုံလမ်းထောင့်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးလင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အမျိုးသမီးဖြစ်သူသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ” ဒီနေ့နေ့လယ် ၂ နာရီက ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးဇနီးမောင်နှံကို သေနတ်သမားတွေက ပစ်ခဲ့တာ၊ ကျနော်တို့စုံစမ်းကြည့်တော့ ဒဂုံအရှေ့က ရာအိမ်မှူးလင်မယားလို့ပြောတယ်၊ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ သူ့ယောက်ကျ်ားလည်း ဒဏ်ရာအတော်ပြင်းတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်ခံရသူနှစ်ဦးဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၃ ရပ်ကွက်မှ ရာအိမ်မှူး ကိုသန့်ဇင်နဲ့ ဇနီးဖြစ်သူ မဇင်ဇင်သိုက်တို့ဖြစ်ပြီး ဒဂုံအရှေ့ကနေ ဒဂုံတောင်ကိုသွားစဉ် နောက်ကနေ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။   ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူရဲ့ ဝဲဖက်ရင်အုံထိမှန်ပြီးအခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ကိုသန့်ဇင်မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။  …

Read More

ကောလင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုရဲအုပ် ၂ ဦး အပါအဝင် လူ ၃ ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၄-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြို့မ မြို့ကုန်းရပ်ကွက်ထဲက အ.လ.ကကျောင်းနားမှာ မနေ့ ဒီဇင်ဘာ ၃ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ၂ ဦး အပါအဝင် လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းမြို့ခံတွေဆီက သိရပါတယ်။   ” အဝေးထိန်း မိုင်းဖြစ်နိုင်တယ် ၊ ပေါက်ကွဲအားပြင်းတယ် ၊ လူ ၃ ယောက် ဒဏ်ရာရလို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားတာ ” လို့ မြို့ကုန်းရပ်ကွက်ခံတယောက်က ပြောပါတယ်။   ဒါ့အပြင် ကောလင်းခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” အဲ့ဒီ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ကျော်နိုင်စိုး ၊ ဒုရဲအုပ် ရဲမင်းထွန်း…

Read More

“ဆရာတို့ ထမင်းကျွေးနေလို့၊ ထမင်းစားဖို့အတွက် မဟုတ်တာလုပ်ချင်တဲ့စိတ်တွေ ပျောက်သွားခဲ့ရပါတယ်”

နေပြည်တော်၊ ဒီဇင်ဘာ- ၄- ၂၀၂၁ KT(VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် ၅၄၁၃ (ဂ) မှာရှိတဲ့ ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး က အနီးဝန်းကျင်မှာနေထိုင်ကြတဲ့ စီးပွားရေးအဆင်မပြေ၊ အလုပ်အကိုင်အဆင်မပြေလို့ စားရေးသောက်ရေး ခက်ခဲ့နေကြတဲ့ ပြည်သူတွေကို ထမင်းအလကား ကျွေးနေတာ တစ်နှစ်ကျော်ရှိပြီဖြစ်တယ်လို့ အလှူရှင်ဖြစ်တဲ့ ဦးစိုးလှမြင့်က VOM ကိုပြောပါတယ်။ “ ပြည်သူတွေအခက်အခဲရှိနေချိန် ပြည်သူကို ပြည်သူက ပြန်ကူညီတာပါ။ စပြီးကြွေးစဉ်က လူ ၄၀/၅၀ လောက်ရှိမယ်လို့ ခန့်မှန်းခဲ့တာပေါ့နော် စနစ်တကျကျွေးတာကြောင့် လူ ၁၀၀ ကျော်၂၀၀ လောက် ဖြစ်လာပါတယ်။ အဝကျွေးတာပါ ကျွန်တော်ဒါနပြုလှူဒါန်းနေတာ ဒီနေ့ဆို ရက်ပေါင်း ၄၈၆ ရက်ရှိပါပြီ” လို့ ဦးစိုးလှမြင့်ကပြောပါတယ်။ ညနေပိုင်းမှာ ထမင်းကျွေးတဲ့ အလှူကိုလုပ်လာတာ ရက်ပေါင်း ၄၈၇ ရက်ရှိနေပြီဖြစ်ပြီး၊ ပြည်သူတွေက…

Read More

မြိုင်မြို့နယ် ဗဟင်းရဲစခန်း သေနတ်နဲ့ပစ်ခံရလို့ ရဲ ၁ ယောက်သေ

ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဗဟင်းစံပြကျေးရွာ ၊ ဗဟင်း နယ်မြေရဲစခန်းကို မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ ချောင်းမြှောင်းပစ်ခတ်ခံရပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ရဲ ၁ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ မြိုင်မြို့ခံတွေက ဒီမနက်ပိုင်းမှာ ပြောပါတယ်။   ” ညနေပိုင်း မှောင်ရီပျိုးစအချိန်မှာ စခန်းကရှေ့လမ်းပေါ်ကနေ ကားနဲ့ဖြတ်သွားပြီး ပစ်ပြေးသွားတာပါ ၊ လုံခြုံရေး တာဝန်ကျ ရဲ ၁ ယောက် ထိမှန် ကျသွားတာ ” လို့ ဗဟင်းရွာခံတွေက ပြောပါတယ်။   ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြိုင်မြို့နယ် ရဲတပ်ဖွဲ့က…

Read More

မော်လမြိုင်က NLDပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပ ဒေနဲ့ ရုံးထုတ်စစ်ဆေး

ရန်ကုန်၊ဒီဇင်ဘာ ၃၊၂၀၂၁ KK(VOM)   မော်လမြိုင်မြို့နယ်က NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို ကျိုက်မရောမြို့နယ်က ဗဟိုအကျဥ်းထောင်ထဲက အထူးတရားရုံးမှာ မနေ့ မနက်ပိုင်းကအကြမ်ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂နဲ့ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်လို့ဒေသခံNLDပါတီဝင်တဦးက ပြောပါတယ်။   “ကြားတာက NUG တို့ CRPH တို့နဲ့ ဆက်သွယ်လို့ဆိုပြီး ဒီပုဒ်မနဲ့ တရားစွဲတယ်လို့ပြောတယ် သူနဲ့အတူအဖမ်းခံရတဲ့ လုပ်ငန်းရှင်တွေလည်းရှိတယ်”လို့ပြောပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ညပိုင်းက မော်လမြိုင်ဈေးကြို၊ တောင်ဝိုင်းရပ်ကွက်၊ သမာဓိလမ်းမှာ နေထိုင်တဲ့ ဒေါ်နွယ်နွယ်အော င်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။   အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၃နှစ်ကနေ ထောင်ဒဏ် ၇ နှစ်ချမှတ်နိူင်တဲ့အပြင်ငွေဒဏ်ကိုချမှတ်နိူင်တယ်လို့လည်း သိရပါတယ်။   ဒေါ်နွယ်နွယ်အောင်ဟာ ၂၀၂၀ ရွှေးကောက်ပွဲမှာ အမှတ် ၂မဲဆန္ဒနယ်မှာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို အနိူင်ရရှိထားသူတစ်ဦးဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်းအမှတ် ၂ မဲဆန္ဒနယ်မှာ…

Read More

လမ်းဘေးမိုင်းတွေ အန္တရာယ်ကြောင့် မုံရွာ – ကလေး လေကြောင်းလိုင်း လာမယ့် အင်္ဂါနေ့ကစလို့ တိုးချဲ့ပြေးဆွဲမယ်

ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   လာမယ့် အင်္ဂါနေ့ကစလို့ စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ကလေးမြို့ကို လေကြောင်းလိုင်း စတင် တိုးချဲ့ပြေးဆွဲတော့မယ်လို့ လေယာဥ်လတ်မှတ်တွေ ကြိုတင်ရောင်းချပေးနေတဲ့ My Monywa ခရီးသွားဝန်ဆောင်မှုနဲ့ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ကုမ္မဏီဆီက သိရပါတယ်။   ” လေကြောင်းခရီးစဥ် တိုးချဲ့ပြေးဆွဲပေးတာပါ ၊ လာမယ့် အင်္ဂါနေ့ကစလို့ အပတ်စဥ် မုံရွာ ကလေး ပြေးဆွဲပေးမှာပါ ၊ ခရီးစဥ်အတွက် လက်မှတ်ခကတော့ ၃ သောင်း ၄ ထောင်ကျပ်ကနေ ၊ ၄ သောင်း ၅ ထောင်ကျပ်အထိ ဖြစ်ပါတယ် ၊ ကွင်းချိန်း အချိန်က ညနေ ၃ နာရီနောက်ပိုင်းဖြစ်ပြီး ခရီးစဥ် ပျံသန်းချိန်က မိနစ် ၄၀ ကြာမြင့်မှာဖြစ်တယ်…

Read More

အိန္ဒိယနဲ့ မလေးရှားမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိ၊ နိုင်ငံပေါင်း ၃၀ ကျော်ထိ ကူးစက်မှုရှိနေ

ဒေလီ၊ ဒီဇင်ဘာ-၃-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က အမျိုးသားနှစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂ ရက်မှာပြောပါတယ်။   ကူးစက်ခံရသူတစ်ဦးဟာ တောင်အာဖရိကမှ ပြန်လာသူဖြစ်ပြီး ဘန်ဂါလူရူမြို့ရှိ အသက် ၄၆ နှစ်အရွယ် ဆရာ၀န်တစ်ဦးကတော့ ခရီးသွားရာဇ၀င်မရှိဘူးလို့ဆိုပါတယ်။   အဲဒီအမျိုးသားနှစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သူတို့မှာ အပျော့စားရောဂါလက္ခဏာပြသနေတယ်လို့ ဒီဇင်ဘာ ၂ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ၀န်ရှိသူတွေကပြောပါတယ်။   မလေးရှားနိုင်ငံမှာလည်း တောင်အာဖရိကကပြန်လာတဲ့ ကျောင်းသားတဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မလေးရှားကျန်းမာရေး၀န်ကြီးက ဒီဇင်ဘာ ၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီကျောင်းသားဟာ အာဖရိကကနေ စင်ကာပူ အဲဒီနောက်မှ မလေးရှားကို ရောက်ရှိခဲ့တာလို့ဆိုပါတယ်။   ဒါဟာ မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုလည်းဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ…

Read More

မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံ ပြန်လည်တင်သွင်းနေ

ပေကျင်း၊ ဒီဇင်ဘာ-၃-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံက နို၀င်ဘာနှောင်းပိုင်းကစပြီး တင်သွင်းမှု ပြန်လည်စတင်နေပြီလို့ သတင်းရင်းမြစ်တွေက တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။   တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် Ganzhou မှာအခြေစိုက်တဲ့ တရုတ်အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီရဲ့ မန်နေဂျာတဦးပြောတာကတော့ နယ်စပ်ဒေသမှာ လအတန်ကြာသောင်တင်နေတဲ့ မြန်မာနိုင်ငံမြေရှားသတ္တုတွေကို နို၀င်ဘာလကုန်ကစပြီး ပြန်လည်တင်သွင်းနေပြီလို့ ဆိုပါတယ်။   မြေရှားသတ္တုတွေတင်ဆောင်လာတဲ့ ထရပ်ကားတွေ Ganzhou ကိုနေ့စဉ်၀င်ရောက်နေပြီး နယ်စပ်မှာ မြေရှားသတ္တု တန်ချိန် သုံးထောင်ကနေ လေးထောင်လောက်ထိ ရှိတယ်လို့သူကဆိုပါတယ်။   မြေရှားသတ္တုဟာ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ရေးအပါအ၀င် အခြားနည်းပညာဆိုင်ရာ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်တဲ့ အဖိုးတန်သတ္တုတမျိုးဖြစ်ပါတယ်။   Dysprosium နဲ့ Terbium တို့လိုမျိုး တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုတွေရဲ့ ထက်၀က်ကျော်ဟာ မြန်မာနိုင်ငံကနေ ရရှိတာဖြစ်ကြောင်း မြေရှားသတ္တုဆိုင်ရာ…

Read More

မြန်မာနိုင်ငံက ကလေးငယ်ငါးသန်းကျော် အသက်ကယ်အကူအညီတွေ လိုအပ်လာနိုင်တယ်လို့ ကုလ သတိပေး

၀ါရှင်တန်၊ ဒီဇင်ဘာ-၃-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံက ကလေးငယ် ငါးသန်းကျော်ဟာ လာမယ့်နှစ်မှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာနိုင်တယ်လို့ ဒီဇင်ဘာ ၂ ရက်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ဒါဟာ ကလေးငယ်သုံးဦးမှာ တဦးနှုန်းနဲ့ ညီမျှနေပြီး အကူအညီအပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ အရေးတကြီးလိုအပ်နေတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။   ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်သစ်တွေအရ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းအနက် ၁၄ သန်းကျော်ဟာ လာမယ့်နှစ်မှာ အရေးပေါ်အကူအညီတွေလိုအပ်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ယခင်နှစ်ကထက် တသန်းကျော် ပိုနေပါတယ်။   ကမ္ဘာတ၀န်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အလိုအပ်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါ၀င်နေပြီး လာမယ့်နှစ်မှာ…

Read More

အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးဖို့ စီစဉ်နေ

၀ါရှင်တန်၊ ဒီဇင်ဘာ-၃-၂၀၂၁ မျိုးဆက်(VOM)   သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေအကြား ဝါရှင်တန်မှာ လာမယ့်ဇန်နဝါရီလအတွင်း မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ အမေရိကန်က စီစဉ်နေကြောင်း အာဆီယံသတင်းရင်းမြစ်တွေက ပြောပါတယ်။   ဒေသတွင်းမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးထွားနေစဉ်မှာ အမေရိကန်ဟာ သူ့ရဲ့ကတိက၀တ်တွေကို အလေးပေးလုပ်ဆောင်နေပြီး ဒါဟာ အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်တာ၀န်ယူပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးဖို့ စီစဉ်တာဖြစ်ပါတယ်။ အမေရိကန်ဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဇန်နဝါရီလ တတိယပတ်မှာပြုလုပ်ဖို့ အဆိုပြုထားပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ နေရက်ကို ညှိနှိုင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။   ဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ အင်ဒိုနီးရှား၊ ထိုင်း အပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံအချို့ကို ဒီဇင်ဘာလအတွင်း လာရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။   ဒါပေမယ့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာ နစက ဥက္ကဌကိုတော့ ဖိတ်ကြားဖွယ်မရှိဘူးလို့ သတင်းရင်းမြစ်တွေက…

Read More
VOM News

FREE
VIEW