မြိုင်မြို့နယ် ဗဟင်းရဲစခန်း သေနတ်နဲ့ပစ်ခံရလို့ ရဲ ၁ ယောက်သေ

ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဗဟင်းစံပြကျေးရွာ ၊ ဗဟင်း နယ်မြေရဲစခန်းကို မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ ချောင်းမြှောင်းပစ်ခတ်ခံရပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ရဲ ၁ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ မြိုင်မြို့ခံတွေက ဒီမနက်ပိုင်းမှာ ပြောပါတယ်။
 
” ညနေပိုင်း မှောင်ရီပျိုးစအချိန်မှာ စခန်းကရှေ့လမ်းပေါ်ကနေ ကားနဲ့ဖြတ်သွားပြီး ပစ်ပြေးသွားတာပါ ၊ လုံခြုံရေး တာဝန်ကျ ရဲ ၁ ယောက် ထိမှန် ကျသွားတာ ” လို့ ဗဟင်းရွာခံတွေက ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြိုင်မြို့နယ် ရဲတပ်ဖွဲ့က ဖြေကြားပြောဆိုတာ မရှိပေမယ့် သူတို့နဲ့ နီးစပ်သူ တစ်ယောက်က ” ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်ပေါ်ပေါက်တယ် ၊ ထိခိုက်မှုရှိတယ် ၊ မြိုင်နယ်မှာက ကိုင်းတောမ ၊ လင်းကတော နဲ့ ဗဟင်းဆိုပြီး နယ်မြေရဲစခန်း ၊ ရဲကင်း ၃ ခုရှိတယ် ၊ ဗဟင်းက ပုလဲနယ်နဲ့ ဆက်သွယ်ရေး လမ်းကောင်းတော့ လုံခြုံရေးကိစ္စ အထူးဂရုပြုရတယ် ” လို့ ပြောပါတယ်။
 
ပြီးခဲတဲ့ ၄ လကျော်အချိန်က ခုပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ ဗဟင်း နယ်မြေရဲစခန်းကို လာရောက်ပစ်ခဲ့တာမှာ ကာဘိုင်သေနတ် ၁ လက်နဲ့ အရပ်သားအမျိုးသား တယောက် သေဆုံးခဲ့ပါသေးတယ်။
 
#voieofmyanmar #VOM #ဗဟင်းရဲစခန်း #ရဲတယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW