မော်လမြိုင်က NLDပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပ ဒေနဲ့ ရုံးထုတ်စစ်ဆေး

ရန်ကုန်၊ဒီဇင်ဘာ ၃၊၂၀၂၁
KK(VOM)
 
မော်လမြိုင်မြို့နယ်က NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို ကျိုက်မရောမြို့နယ်က ဗဟိုအကျဥ်းထောင်ထဲက အထူးတရားရုံးမှာ မနေ့
မနက်ပိုင်းကအကြမ်ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂နဲ့ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်လို့ဒေသခံNLDပါတီဝင်တဦးက ပြောပါတယ်။
 
“ကြားတာက NUG တို့ CRPH တို့နဲ့ ဆက်သွယ်လို့ဆိုပြီး ဒီပုဒ်မနဲ့ တရားစွဲတယ်လို့ပြောတယ် သူနဲ့အတူအဖမ်းခံရတဲ့ လုပ်ငန်းရှင်တွေလည်းရှိတယ်”လို့ပြောပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ညပိုင်းက မော်လမြိုင်ဈေးကြို၊ တောင်ဝိုင်းရပ်ကွက်၊ သမာဓိလမ်းမှာ နေထိုင်တဲ့ ဒေါ်နွယ်နွယ်အော
င်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။
 
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၃နှစ်ကနေ ထောင်ဒဏ် ၇ နှစ်ချမှတ်နိူင်တဲ့အပြင်ငွေဒဏ်ကိုချမှတ်နိူင်တယ်လို့လည်း သိရပါတယ်။
 
ဒေါ်နွယ်နွယ်အောင်ဟာ ၂၀၂၀ ရွှေးကောက်ပွဲမှာ အမှတ် ၂မဲဆန္ဒနယ်မှာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို အနိူင်ရရှိထားသူတစ်ဦးဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်းအမှတ် ၂ မဲဆန္ဒနယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အနိူင်ရရှိခဲ့သူတဦးဖြစ်တဲ့အပြင် မြို့နယ်ပါတီဥက္ကဌလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်ကလည်း ရက်ကလည်း သထုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
 
#voieofmyanmar #VOM #မော်လမြိုင် #ဒေါ်နွယ်နွယ်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW