အိန္ဒိယနဲ့ မလေးရှားမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိ၊ နိုင်ငံပေါင်း ၃၀ ကျော်ထိ ကူးစက်မှုရှိနေ

ဒေလီ၊ ဒီဇင်ဘာ-၃-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က အမျိုးသားနှစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂ ရက်မှာပြောပါတယ်။
 
ကူးစက်ခံရသူတစ်ဦးဟာ တောင်အာဖရိကမှ ပြန်လာသူဖြစ်ပြီး ဘန်ဂါလူရူမြို့ရှိ အသက် ၄၆ နှစ်အရွယ် ဆရာ၀န်တစ်ဦးကတော့ ခရီးသွားရာဇ၀င်မရှိဘူးလို့ဆိုပါတယ်။
 
အဲဒီအမျိုးသားနှစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သူတို့မှာ အပျော့စားရောဂါလက္ခဏာပြသနေတယ်လို့ ဒီဇင်ဘာ ၂ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ၀န်ရှိသူတွေကပြောပါတယ်။
 
မလေးရှားနိုင်ငံမှာလည်း တောင်အာဖရိကကပြန်လာတဲ့ ကျောင်းသားတဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မလေးရှားကျန်းမာရေး၀န်ကြီးက ဒီဇင်ဘာ ၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီကျောင်းသားဟာ အာဖရိကကနေ စင်ကာပူ အဲဒီနောက်မှ မလေးရှားကို ရောက်ရှိခဲ့တာလို့ဆိုပါတယ်။
 
ဒါဟာ မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုလည်းဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ ကူးစက်နိုင်ခြေလွန်စွာမြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပြီး လက်ရှိချိန်ထိ နိုင်ငံပေါင်း ၃၀ ကျော်မှာ ကူးစက်မှုတွေရှိနေပါတယ်။
 
Ref: BBC/CNA
Photo:AFP
 
#voieofmyanmar #VOM #အိန္ဒိယ #မလေးရှား

Related posts

Leave a Comment

VOM News

FREE
VIEW