ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀၊၂၀၂၁
KK(VOM)
 
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ရဲ့ပါရမီဖြည့်ဘက် ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဒီကနေ့ ညနေသုံးနာရီမှာ ပုသိမ်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ဒေါ်ခင်ကြည်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၂ ရပ်ကွက် ကိုးဆူကျောင်းလမ်းမှာ နေထိုင်ပြီး ဒီကနေ့ညနေပိုင်းမှာ သွေးကင်ဆာနဲ့ကွယ်လွန်ခဲ့တာဖြစ်လို့ ၂ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“သွေးကင်ဆာနဲ့ဆုံးတယ်လို့ ကြားတယ်၊ ဆေးရုံတက်နေတာပါ ပုသိမ်ဆေးရုံမှာ ညနေပိုင်းက ဆုံးတာပါ”လို့ သူကပြောပါတယ်။
 
မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
 
နကစ လက်ထက်မှာ ကင်ဆာရောဂါဝေဒနာကို ခံစား
နေရပေမယ့် CDM မှာပါဝင်ခဲ့ပြီး ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဗိုလ်ချုပ်ရုပ်ရှင် #ဒေါ်ခင်ကြည်သရုပ်ဆောင် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW