ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်း ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀၊၂၀၂၁ KK(VOM)   ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ရဲ့ပါရမီဖြည့်ဘက် ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဒီကနေ့ ညနေသုံးနာရီမှာ ပုသိမ်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   ဒေါ်ခင်ကြည်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၂ ရပ်ကွက် ကိုးဆူကျောင်းလမ်းမှာ နေထိုင်ပြီး ဒီကနေ့ညနေပိုင်းမှာ သွေးကင်ဆာနဲ့ကွယ်လွန်ခဲ့တာဖြစ်လို့ ၂ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။   “သွေးကင်ဆာနဲ့ဆုံးတယ်လို့ ကြားတယ်၊ ဆေးရုံတက်နေတာပါ ပုသိမ်ဆေးရုံမှာ ညနေပိုင်းက ဆုံးတာပါ”လို့ သူကပြောပါတယ်။   မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။   နကစ လက်ထက်မှာ ကင်ဆာရောဂါဝေဒနာကို ခံစား နေရပေမယ့် CDM မှာပါဝင်ခဲ့ပြီး ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။  …

Read More

လယ်ယာမြေဥပဒေအပေါ် အစိုးရကလိုက်လျောတာကြောင့် အိန္ဒိယလယ်သမားတွေရဲ့သပိတ် အဆုံးသတ်

ဒေလီ၊ ဒီဇင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယအစိုးရဟာ အငြင်းပွားဖွယ်စိုက်ပျိုးရေးဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်မလုပ်တော့ဘူးလို့ သဘောတူလိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ အကြီးအကျယ်ဆန္ဒပြမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယ ဆန္ဒပြလယ်သမားများကပြောပါတယ်။   အဲဒီဥပဒေနနဲ့ပတ်သက်ပြီး ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ မြို့တော်ဒေလီရဲ့ နယ်စပ်တွေမှာ စခန်းချကာ အကြီးအကျယ်ဆန္ဒပြခဲ့ပြီး ပူလွန်း အေးလွန်းတဲ့ ရာသီဥတုနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကြောင့် ဒါဇင်များစွာ သေဆုံးခဲ့ကြပါတယ်။   လက်ရှိမှာ အစိုးရက စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဆန္ဒပြလယ်သမားတွေဟာ ဒီဇင်ဘာ ၁၁ ရက်မှာတော့ နေရပ်တွေကို ပြန်ကြတော့မှာဖြစ်ပါတယ်။   စိုက်ပျိုးရေးဥပဒေနဲ့ပတ်သက်ပြီး လယ်သမားတွေရဲ့ အဲဒီဆန္ဒပြမှုတွေဟာ ၀န်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရအတွက် အကြီးအကျယ်စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။   လယ်သမားတွေဟာ သီးနှံစျေးနှုန်းအာမခံချက်နဲ့ လယ်သမားတွေအပေါ် အမှုတွေရုပ်သိမ်းရေးအပါအ၀င် အခြားတောင်းဆိုချက်တွေကို ၀န်ကြီးတွေနဲ့ ဆွေးနွေးသဘောတူညီမှုရရှိပြီးနောက် သပိတ်ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။   Ref:…

Read More

မုံရွာ တမာတန်းမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၀-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းဆုံ!တမာတန်း မီးပွိုင့်အနီး ၊ သစ်ထုတ်ရေးရုံးအရှေ့ဘက်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၂ ယောက်သေဆုံးကာ ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာအနီးရှိ ဒေသခံတွေကဆီက သိရပါတယ်။   ” ကလစ်ဆိုင်ကယ်နဲ့ မိုင်းကွဲတာ ၊ လမ်းသွား လမ်းလာ ၁ ယောက်လည်း ဒဏ်ရာရတယ် ၊ ဆိုင်ကယ်သမား ၂ ယောက်က ချက်ချင်း ၁ ယောက်သေပြီး ၊ ကျန် ၁ ယောက်က အတော်ကြာမှ ​​သေသွားတာ “လို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးရှိ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲတဲ့နေရာဟာ ရဲနဲ့စစ်သားတွေ…

Read More
VOM News

FREE
VIEW