မုံရွာ တမာတန်းမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၀-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းဆုံ!တမာတန်း မီးပွိုင့်အနီး ၊ သစ်ထုတ်ရေးရုံးအရှေ့ဘက်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၂ ယောက်သေဆုံးကာ ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာအနီးရှိ ဒေသခံတွေကဆီက သိရပါတယ်။
 
” ကလစ်ဆိုင်ကယ်နဲ့ မိုင်းကွဲတာ ၊ လမ်းသွား လမ်းလာ ၁ ယောက်လည်း ဒဏ်ရာရတယ် ၊ ဆိုင်ကယ်သမား ၂ ယောက်က ချက်ချင်း ၁ ယောက်သေပြီး ၊ ကျန် ၁ ယောက်က အတော်ကြာမှ ​​သေသွားတာ “လို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးရှိ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲတဲ့နေရာဟာ ရဲနဲ့စစ်သားတွေ အခြေပြုတပ်စွဲထားတဲ့ မြို့တော်ခန်းမနဲ့ မဝေးတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ချက်ချင်းဆိုသလို ရဲနဲ့ စစ်သားတွေ ရောက်လာပြီး မှတ်တမ်းယူနေတယ်လို့လည်း သိရပါတယ်။
 
” သေဆုံးသူ ၂ ယောက်က စောရန်ပိုင် ဆိုတဲ့သူက ဦးခေါင်းပွင့်ထွက် ၊ ကိုယ်တပိုင်းပြတ် ဒဏ်ရာနဲ့ ချက်ချင်း သေနေတယ် ၊ နောက် ၁ ယောက် ဖြစ်တဲ့ ပိုင်ဇင်သော်က ခါးမှာ ပေါက်ပြဲဒဏ်ရာ ၂ ချက်နဲ့ တင်ပါး ပေါက်ပြဲဒဏ်ရာ ၁ ချက်ရထားပြီး နာရီဝက်လောက်နေမှ ဆေးရုံမှာ သေတယ် ၊ လမ်းသွားလမ်းလာ ဖြစ်တဲ့ လျှပ်စစ်ဝန်ထမ်း အမျိုးသား ၁ ယောက်ကတော့ ဒဏ်ရာရထားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
 
သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ညကလည်း သာစည်လမ်းနဲ့ မြနန္ဒာလမ်းဆုံးနားမှာ အလားတူပေါက်ကွဲမှူဖြစ်ပြီး လူ ၂ ယောက်သေ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ပါသေးတယ်။
 
ပုံစာ – ဒီမနက် ပေါက်ကွဲမှုမြင်ကွင်းပုံ
#voiceofmyanmar #VOM #မုံရွာ #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW