လယ်ယာမြေဥပဒေအပေါ် အစိုးရကလိုက်လျောတာကြောင့် အိန္ဒိယလယ်သမားတွေရဲ့သပိတ် အဆုံးသတ်

ဒေလီ၊ ဒီဇင်ဘာ-၁၀-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယအစိုးရဟာ အငြင်းပွားဖွယ်စိုက်ပျိုးရေးဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်မလုပ်တော့ဘူးလို့ သဘောတူလိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ အကြီးအကျယ်ဆန္ဒပြမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယ ဆန္ဒပြလယ်သမားများကပြောပါတယ်။
 
အဲဒီဥပဒေနနဲ့ပတ်သက်ပြီး ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ မြို့တော်ဒေလီရဲ့ နယ်စပ်တွေမှာ စခန်းချကာ အကြီးအကျယ်ဆန္ဒပြခဲ့ပြီး ပူလွန်း အေးလွန်းတဲ့ ရာသီဥတုနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကြောင့် ဒါဇင်များစွာ သေဆုံးခဲ့ကြပါတယ်။
 
လက်ရှိမှာ အစိုးရက စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ဆန္ဒပြလယ်သမားတွေဟာ ဒီဇင်ဘာ ၁၁ ရက်မှာတော့ နေရပ်တွေကို ပြန်ကြတော့မှာဖြစ်ပါတယ်။
 
စိုက်ပျိုးရေးဥပဒေနဲ့ပတ်သက်ပြီး လယ်သမားတွေရဲ့ အဲဒီဆန္ဒပြမှုတွေဟာ ၀န်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရအတွက် အကြီးအကျယ်စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
 
လယ်သမားတွေဟာ သီးနှံစျေးနှုန်းအာမခံချက်နဲ့ လယ်သမားတွေအပေါ် အမှုတွေရုပ်သိမ်းရေးအပါအ၀င် အခြားတောင်းဆိုချက်တွေကို ၀န်ကြီးတွေနဲ့ ဆွေးနွေးသဘောတူညီမှုရရှိပြီးနောက် သပိတ်ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW