ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဘော့စ်ကို ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ဒီဇင်ဘာ ၂၄-၂၀၂၁
GH (VOM )
 
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဘော့စ်ကိုဟာ ဒီနေ့ ဒီဇင်ဘာ၂၄ ရက်နေ့မနက်ပိုင်းက ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
 
ဦးဘော့စ်ကိုဟာ ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း ဖမ်းဆီးခံရပေမယ့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း၊ လွတ်မြောက်လာပြီးနောက် တိမ်းရှောင်နေစဉ်မှာ အခုလို ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
” မနက်အစောပိုင်းက သေတယ်လို့သိရတယ်။ကိုဗစ်နဲ့ပေါ့။ အကျယ်ချုပ်နဲ့အဖမ်းခံရတယ်၊နောက်ပြန်လွတ်တော့ ရှောင်နေတာပေါ့။ သူက တခြားရောဂါအခံတွေလည်းရှိတယ်လို့သိရတယ် “လို့ NLD ပါတီဝင်တဦးကပြောပါတယ်။
 
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုး တာဝန်ကနေ ရပ်စဲခံရပြီးနောက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဦးဘော့စ်ကိုက ယာယီခန့်အပ်တာဝန်ပေးခံရလို့ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
 
ဦးဘော့စ်ကိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့လို့ ကယားပြည်နယ်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
လက်ရှိကွယ်လွန်ချိန်မှာတော့ ဦးဘော့စ်ကိုဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ကယား #ဝန်ကြီးချုပ်ဟောင်း #က်ုဗစ်နဲ့ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW