ဒေလီ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို စာနာနားလည်ပေးဖို့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီကို မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက နို၀င်ဘာ ၃၀ ရက်မှာတောင်းဆိုလိုက်ပါတယ်။ ပြည်နယ်အတွင်းကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကူအညီတွေပေးအပ်ဖို့ကိုလည်း ပြည်နယ်၀န်ကြီးချုပ်က ၀န်ကြီးချုပ်မိုဒီနဲ့ ဒေလီမှာ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် လွှတ်တော်အမတ် ၂၀ ဦးနဲ့ ၀န်ကြီးချုပ်တစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား တသောင်းနီးပါးဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြပါတယ်။ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ညွှန်ကြားချက်တွေရှိခဲ့ဖူးပေမယ့် မီဇိုရမ်ပြည်နယ်ဟာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ ချင်းမျိုးနွယ်စုတိုင်းရင်းသားတွေဟာ မျိုးနွယ်စုအရ မီဇိုညီအကိုတွေဖြစ်တဲ့အတွက် စောင့်ရှောက်ဖို့ တာ၀န်ရှိကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ပြောပါတယ်။ လက်ရှိမှာတော့ မီဇိုရမ်ပြည်နယ်အစိုးရဟာ ဒေသခံ NGO တွေ…
Read MoreYear: 2021
ပြည်မြို့က ‘တခိုင်လုံးရွှေ’ ရွှေဆိုင်ကို ကော်သေနတ်နဲ့ဝင်ရောက် လုယက်
ပြည် ၊ ဒီဇင်ဘာ ၁-၂၀၂၁ GH ( VOM ) ပြည်မြို့က မြို့မဈေးကြီးမှာဖွင့်လှစ်ထားတဲ့ ‘တခိုင်လုံးရွှေ’ ရွှေဆိုင်ကို အမျိုးသားတဦးက ကော်သေနတ်နဲ့ ပစ္စည်းလုယူမှု ဒီကနေ့မနက် ၈ နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဆိုင်ပိုင်ရှင်ကို လက်စွပ်ကြည့်ချင်လို့ ပြပါအုံးဆိုပြီး ပြခိုင်းရာကနေ သေနတ်နဲ့ခြိမ်းခြောက်လုတာ၊ လုတော့ ပိုင်ရှင်နဲ့ဝရုန်းသုန်းကားဖြစ်ပြီး ပစ္စည်းယူထွက်ပြေးချိန် စျေးထဲမှာဝိုင်းဖမ်းကြတာ မိတယ်။မိမှ ကော်သေနတ်ဆိုတာသိရတာ။ ပစ္စည်းတွေလည်းပြန်ရတယ်လို့သိရတယ် ” လို့ မြိုမစျေးကြီးရှိစျေးသည်တဦးကပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ လုယက်သူအမျိုးသားကို ပြည်မြို့မဈေးခေါင်းရုံးကနေတဆင့် ရဲတွေကိုအပ်လိုက်တယ်လို့ သိရပါတယ်။ ပြည်မြို့မှာ လုယက်မှုတွေအဖြစ်များနေပေမယ့် အခုလို သေနတ်နဲ့ချိန်းခြောက်ပြီး ရွှေဆိုင်ဝင်လုတဲ့ဖြစ်စဉ်ကတော့ အရင်ကမရှိခဲ့ဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #ပြည်မြို့ #ရွှေဆိုင်လုယက်မှု
Read Moreတန့်ဆည်နယ်မှာ လူနေအိမ် ၃ လုံး မီးလောင်ပြီး အမျိုးသမီး ၆ ဦး အသတ်ခံထားရ
ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁ နှင်းဖြူဝေ ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကျွန်းတောကုန်းကျေးရွာမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ၊ ည ၁၀ နာရီကျော်အချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝန်း အဝိုင်းထဲ လူနေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အမျိုးသမီး ၆ ယောက်လည်း သေဆုံးနေတာ တွေ့ရတယ်လို့ တန့်ဆည်မြို့ခံ တစ်ယောက်က ပြောပါတယ်။ ” ဖြစ်တာက မနေ့က ညနက်ပိုင်းမှာ ဖြစ်တာလို့ သိရတယ် ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာ အဲ့ဒီ ရွာဘက်ကို စစ်တပ်နဲ့ ရဲပါတဲ့ အဖွဲ့တွေ သွားရောက်စစ်ဆေးဖို့ ထွက်သွားပြီ ” လို့ အဲ့ဒီ မြို့ခံက…
Read Moreရန်ကုန်တိုင်း မြို့နယ်သုံးခုမှာ အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှုးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး
ရန်ကုန်၊ဒီဇင်ဘာ ၁၊၂၀၂၁ KK(VOM) ဒီနေ့ ဒီဇင်ဘာ ၁ရက်နေ့မှာ ရန်ကုန်တိုင်းက တိုက်ကြီး၊တွံတေး၊ သာကေတမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုတဦး သေနတ်ကိုင်ဆောင်သူတွေ က ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ပွားရာမြို့နယ်တွေက သိရပါတယ်။ တိုက်ကြီးမြို့နယ်၊ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့ ညနေ ၅း၀၀ နာရီက သေနတ်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ အင်္ဂလာကြီးကျေးရွာနေသူတဦးကပြောပါတယ်။ သေဆုံးသူမှာ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဖြစ်ပြီး အင်္ဂလားကြီးကျေးရွာမှ အင်္ဂလားလေးကျေးရွာကို အလုပ်ကိစွ ဆိုင်ကယ်နဲ့သွားတာမှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီခွဲကလည်း တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းမှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးကို သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ရေကျော်လေးကျေးရွာနေသူတဦးက ပြောပါတယ်။ “နှစ်ယောက်အပစ်ခံရတာဗျ ဦးလေးဖြစ်သူက သေတယ် တူကတော့ဆေးရုံတင် ထားရတယ်…
Read Moreမုံရွာ – နောင်ကြီးအိုင် – ရွှေဘို ကားလမ်းမှာ မိုင်းတွေပေါက်ကွဲပြီး ကား ၂ စီးပျက်စီးသလို ဒဏ်ရာရသူတွေရှိ
ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နောင်ကြီးအိုင်ရွာနားက မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲတာတွေဖြစ်ပြီး သွားလာနေတဲ့ ကားတွေ မိုင်းစထိမှန် ပျက်စီးကာ ကားသမား တချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်း မိုင်တိုင် အမှတ် ၃၈ မိုင် ၄ ဖာလုံ နေရာမှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့တာပါ ၊ ပေါက်ကွဲတဲ့ မိုင်းအရေအတွက်က ၁၀ လုံးကျော်တယ် ” လို့ မိုင်းပေါက်ကွဲတာကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကားသမား…
Read Moreဒေါ်အောင်ဆန်းစုကြည်ကို ၁၂ မှုမြောက် အဖြစ် အမှုထပ်ဖွင့်ပြန်
နေပြည်တော် ၊ နိုဝင်ဘာ ၂၀-၂၀၂၁ KT(VOM) သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုဥပဒေနဲ့ နေပြည်တော်၊ ဘုရားကုန်းရဲစခန်းမှာ အမှုထပ်ဖွင့်ထားတယ်ဆိုပြီး နိုင်ငံပိုင်ရုပ်သံက သတင်းကြေညာသွားပါတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #အဂတိလိုက်စားမှုဥပဒေ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည်
Read Moreမြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက အလုပ်သမား လေးသိန်းကို တရား၀င်ခေါ်ဖို့ ထိုင်းအစိုးရ စီစဉ်ပြီ
ဘန်ကောက်၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM) အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမားလေးသိန်းကို တရား၀င်ခေါ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ နယ်စပ်ပြည်နယ်တွေကတဆင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေ၀င်ရောက်မှုကို လျှော့ချဖို့နဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ကာကွယ်တားဆီးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားရေးရာ၀န်ကြီးတွေနဲ့ ဆွေးနွေးပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား၀န်ကြီး Suchart Chomklin ကပြောကြားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကနဦးအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်-၁၉ စစ်ဆေးမှုအောင်မြင်ပြီး တရား၀င်အလုပ်လုပ်ဖို့ စာရင်းပေးသွင်းနိုင်မယ့်နေရာတွေဖြစ်တဲ့ တာ့ခ်၊ ရနောင်း၊ နွန်ခိုင်၊ မက်ဒါဟန်၊ ဆာကေအို စတဲ့နေရာငါးခုမှာ စောင့်ကြည့်ရေးနဲ့ ကွာရန်တင်းစင်တာတွေကို ထိုင်းနိုင်ငံက တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရကတရား၀င်ခေါ်ယူလိုက်တာကြောင့် လုပ်ငန်းရှင်တွေအတွက်လည်း လုပ်သားလိုအပ်ချက်ကို လူကုန်ကူးဂိုဏ်းတွေအပေါ်…
Read Moreရန်ကုန်မှာ ပစ်ခတ်မှု ၊မီးရှို့မှု ၊ဆန္ဒပြမှုတွေပြီးတဲ့နောက် လမ်းတွေပိတ်ဆို့စစ်ဆေးနေ
ရန်ကုန်၊နိုဝင်ဘာ ၃၀ ၊၂၀၂၁ KK(VOM) ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း ပစ်ခတ်မှု ၊မီးရှို့မှု ၊ ဆန္ဒပြမှုတွေဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လမ်းတွေပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့နယ်တချို့က သိရပါတယ်။ ရန်ကုန်က မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြမှုတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် လမ်းတွေကို စစ်တပ်နဲ့ရဲတွေက ပိတ်ဆို့ရှာဖွေစစ်ဆေးနေတာ ဖြစ်တယ်လို့ ဗိုလ်တစ်ထောင်မြို့နယ်နေသူတဦးက ပြောပါတယ်။ “ဗိုလ်ချုပ်လမ်းတို့ ဘုန်ကြီးလမ်တွေမှာ ရှာနေတာ ကားတွေကို ဒီမနက် ဆန္ဒပြတဲ့သူတွေဖမ်းဖို့ရှာတာလား သန်လျှင်က ပစ်ခတ်မှုကို ရှာတာလားတော့မသိဘူး လမ်းတွေတော့ ပိတ်နေတယ်”ဟု ပြောပါတယ်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၊မင်းနန္ဒာလမ်းသွယ်မှာ ဒီကနေ့မနက် ၉ နာရီက ရာအိမ်မှုးဦးဘမြင့်ဆိုသူ သေနတ်နဲ့ပစ် ခတ်ခံရပြီးနောက် ရှာဖွေတာဖြစ််မယ်လို့လည်း သန်လျှင်မြို့ခံတဦးကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ထဲမှာ လူငယ်များဆန္ဒပြပြီးနောက်စစ်တပ်က ဖမ်းဆီးဖို့ ရှာဖွေတာလည်း ဖြစ်နိူင်တယ်လို့ ကျောက်တံတားမြို့နယ်နေသူတဦးက…
Read Moreမြန်မာနိုင်ငံက ဆန် မက်ထရစ်တန် ၂သောင်း သီရိလင်္ကာ၀ယ်ယူမယ်
ကိုလံဘို၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့လက်ရှိလိုအပ်ချက်နဲ့ပြည့်မီရေးအတွက် မြန်မာနိုင်ငံကနေ ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ သီရိလင်္ကာအစိုးရရဲ့ ခွင့်ပြုချက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။ Government to Government စနစ်နဲ့ မြန်မာနိုင်ငံက ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ ကုန်သွယ်ရေး၀န်ကြီး Bandula Gunawardena ရဲ့အဆိုပြုချက်ကို အစိုးရအဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကဆန်တွေကို သီရိလင်္ကာကုန်သွယ်မှုကော်ပိုရေးရှင်းကတဆင့် တင်သွင်းသွားမှာဖြစ်ပြီး ဆန်တတန်ကို ဒေါ်လာ ၄၆၀ ကျသင့်မှာဖြစ်ပါတယ်။ သိရိလင်္ကာပြည်တွင်းစျေးကွက်မှာ ဆန်စျေးတည်ငြိမ်စေဖို့နဲ့ ဆန်ရှားပါးပြတ်လပ်မှုမရှိစေဘဲ အရန်ဆန်ထားရှိရေးတို့အတွက် မြန်မာနိုင်ငံကနေ ဆန်တွေကို အခုလို့တင်သွင်းဖို့ စီစဉ်တာလို့ သိရပါတယ်။ Ref: Colombopage #voiceofmyanmar #VOM #ကိုလံဘို
Read Moreအိုမီခရွန် ဗိုင်းရပ်စ်ကာကွယ်ဆေး ရက် ၁၀၀ အတွင်းထုတ်လုပ်မယ်လို့ Pfizer ကုမ္ပဏီပြော
ဝါရှင်တန်၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM) အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးကို ရက် ၁၀၀ အတွင်း ထုတ်လုပ်ရရှိနိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီဖိုက်ဇာရဲ့ စီအီးအိုဖြစ်သူ အဲလ်ဘတ်ဘူလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် လက်ရှိကာကွယ်ဆေးတွေရဲ့ ကာကွယ်မှုစွမ်းရည်နည်းပါးပါက ကာကွယ်ဆေးသစ်တစ်မျိုးထုတ်လုပ်ဖို့လိုအပ်ပြီး ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေးသစ်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သူကဆိုပါတယ်။ ကုမ္ပဏီဟာ ဘီတာနဲ့ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲတွေအတွက်လည်း သီးသန့် ကာကွယ်ဆေးတွေထုတ်လုပ်ထားပြီးဖြစ်ကြောင်း ဒါပေမယ့် မူလကာကွယ်ဆေးဟာ ဗိုင်းရပ်စ်အပေါ် ထိရောက်ဆဲဖြစ်တာကြောင့် သီးသန့်ကာကွယ်ဆေးတွေကို အသုံးမပြုတာလို့ပြောပါတယ်။ လက်ရှိကာကွယ်ဆေးဟာ အိုမီခရွန်ဗိုင်းရပ်စ်အပေါ် ထိရောက်မှုမရှိဘူးလို့ ယူဆမှသာ သီးသန့်ကာကွယ်ဆေးကို အသုံးပြုသွားမယ်လို့ မစ္စတာဘူလာက ပြောပါတယ်။ Pfizer ကုမ္ပဏီဟာ ဗိုင်းရပ်စ်မျိုးကွဲတွေအတွက် သီးသန့်ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့အပြင် ကိုဗစ်-၁၉ ရောဂါကုသနိုင်တဲ့ သောက်ဆေးတစ်မျိုးကိုလည်း ထုတ်လုပ်ထားပြီး ခွင့်ပြုချက်ရရှိရေးအတွက် အမေရိကန်တာ၀န်ရှိသူတွေထံ တင်ပြထားပါတယ်။ Ref: NHK Photo:…
Read More