အေးချမ်းသူ(VOM) မြောက်ဒဂုံ စုပေါင်းရုံးလမ်းက စျေးတန်းလေးအတွင်းမှာ လူတွေစည်ကားလို့နေပါတယ်။အအေးဆိုင်တွေ မုန့်ဆိုင်တွေ အချဥ်ပေါင်းဆိုင်တွေ အစရှိတဲ့မြန်မာရိုးရာအစားအသောက်တွေနဲ့ အတူ ဘေးနှစ်ဖက်မှာ ငါးရာတန်ဇလုံထမင်းဆိုတဲ့ ဗီနိုင်းပေါ်စာလုံးကြီးတွေက အခြေခံလူတန်းစားတွေအတွက် တနေ့တာဝမ်းရေးကို ဖြေရှင်းပေးနေတဲ့အမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။ ထူခြားတာကတော့ ဒီစျေးတန်းလေးမှာ စျေးရောင်းချနေသူတွေရဲ့စျေးနှုန်းက ငါးရာထက်ပို၍ မယူခြင်းတာပဲဖြစ်ပါတယ်။အချို့က နှစ်ရာ၊သုံးရာ အစရှိတဲ့ စျေးနှုန်းတွေနဲ့ စျေးရောင်းချတာဖြစ်ပါတယ်။ ငါးရာတန်ဇလုံထမင်းကို ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေ ဆောက်လုပ်ရေးအလုပ်သမားတွေ ကုမ္ပဏီဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေအပြင် ရပ်ကွက်ထဲက ဆင်းရဲနွမ်းပါးသူအချို့လည်း လာရောက်စားသုံးကြပါတယ်။ စတီးဇလုံထဲမှာ ထမင်းကိုထည့် ကြက်သား၊ငါး၊ဝက်သား၊ကြိုက်နှစ်သက်ရာ ဟင်းတစ်မျိုးကို ထည့်ပြီးပါက ငံပြာရည်ကြော်၊သရက်ချဥ်သုတ်၊ ပန်းဂေါ်ဖီကြော် သုံးမျိုးကို ထည့်ပေးကာ ငပိရည်တို့စရာအစုံ အပြင် သီးစုံပဲကုလားဟင်းတစ်ခွက်နဲ့ လူတစ်ယောက် ဝလင်အောင်စားမှ ငွေငါးရာကျပ်သာ ပေးရတယ်လို့ လာရောက်စားသုံးသူ ဆောက်လုပ်ရေးအလုပ်သမားတဦးက ပြောပါတယ်။ “တန်တာပေါ့ဗျာ ငါးရာပဲကုန်တော့ ကျနော်တို့ဆို ထမင်းချိုင့်မထည့်တော့ဘူး၊…
Read MoreYear: 2021
လစ်ဗျားအာဏာရှင် ကဒါဖီရဲ့သား သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်
ထရိုပိုလီ၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) လစ်ဗျားအာဏာရှင် ကဒါဖီ၏သားဖြစ်သူဟာ လာမယ့်လမှာကျင်းပမယ့် လစ်ဗျား သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားပါတယ်။ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဆိုင်ဖ်အယ်လ်အစ္စလမ်ကဒါဖီဟာ တချိန်က ဖခင်နေရာကို ဆံခံသူဖြစ်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ဆန္ဒပြသူတွေကို ရက်စက်စွာဖြိုခွင်းခဲ့တဲ့အတွက် သူ့အပေါ် ထောက်ခံမှုကျဆင်းခဲ့ပါတယ်။ သူဟာ ဖခင်ဖြစ်သူအုပ်ချုပ်မှုအဆုံးသတ်ပြီးမှာ စစ်တပ်မှကိုယ်တိုင်ဖမ်းဆီးခံခဲ့ပြီး ခြောက်နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုပြီးနောက် နိုင်ငံမတည်မငြိမ်ဖြစ်ပွားလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲကို ဟန့်တားရန်ကြိုးပမ်းသူ သို့မဟုတ် ရွေးကောက်ပွဲမသမာမှုပြုသူမှန်သမျှကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။ Ref:…
Read Moreသီပေါမြို့ပေါ်က တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော် နေရပ်နဲ့နီးရာကို ပြန်
နိုဝင်ဘာ ၁၅-၂၀၂၁ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းမှာ ယာယီရှောင်တိမ်းလာခဲ့ကြတဲ့ တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော်ဟာ မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့က နေရပ်နဲ့နီးရာကိုပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။ ဆွန်လုံ၊ ဟာလျံ၊ ချောင်းဆုံ စတဲ့ ရွာတွေက ပြည်သူတွေဖြစ်ကြပြီး ပရဟိတအသင်းတခုက နေရပ်ပြန် ပြည်သူတွေကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အဲ့ဒီလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ချောင်းဆုံ တရွာလုံးကတော့ ရွာထဲထိ ပြန်လို့မရဘဲ ဆွန်လုံ၊ ဟာလျံတို့မှာ ထပ်ရှောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ” ချောင်းဆုံအုပ်စုက ရွာထိ မပြန်နိုင်သေးဘူး။ သူတို့အရင်နေတဲ့ စခန်း အဲဒီ ဆွန်လုံအုပ်စုမှာပဲ ပြန်ပြီးတော့ စုနေကြတာရှင့်။” လို့ SNLD…
Read Moreစစ်ကိုင်းတိုင်းက အုပ်ချုပ်ရေးမှူး တဝက်ကျော် အလုပ်ထွက်စာတင်
နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၁ ဖြူနှင်းဝေ(VOM) စစ်ကိုင်းတိုင်း ၊ မြို့နယ် ၃၇ ခုက ရပ်ကွက် နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာ အခုလ ၁၅ ရက်အထိဆိုရင် အလုပ်ထွက်စာ တင်ပြမှုပေါင်း ၅၀ ရာခိုင်နူန်းကျော် ရှိသွားပြီလို့ ထွေအုပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက ” စစ်ကိုင်းတိုင်းမှာက ခရိုင် ၁၁ ခုနဲ့ မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၅၀)၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စု နှဲ့ ရွာပေါင်း (၅၉၉၁) ရွာရှိတယ် ၊…
Read Moreဘုတလင်နယ် ကူတော်မှာ မိုင်းရှင်းအဖွဲ့ ပေါက်ကွဲမှုဖြစ်ပြီး ရဲ ၁ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ
နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၁ ချစ်ဖုန်း(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ မောင်းထောင်ကျေးရွာနဲ့ ကူတော်ကျေးရွာအကြား မြကွမ်းတောင်း ဘုရားဝန်းကျင်မှာ မနေ့ နိုဝင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းက လမ်းဘေးမြေမြုတ်မိုင်း ရှင်းလင်းနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်တဲ့အတွက် ရဲ ၁ ဦး သေဆုံးပြီး ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကူတော်နယ်ခံတွေဆီက သိရပါတယ်။ ” မြကွမ်းတောင်း ဘုရားဘက်က ပေါက်ကွဲသံတွေကြားလိုက်ရတယ် ၊ အဲ့ဒီ နောက် အရပ်ဝတ်ရဲတွေ ရောက်လာပြီး ဒဏ်ရာရတဲ့ လူ ၂ ယောက်က မိုင်းရှင်း ရဲဝန်ထမ်း ၂ ယောက်ဖြစ်တယ် ” လို့ ကူတော်ရွာခံ တစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက…
Read Moreသည်တစ်ခေါက် စစ်ကိုင်းတောင်
ဆူးငှက် “ဒီလိုလား ပျိုမဒီ . . .၊ ကြားရပါစေမည် ငွားငွားစွင့်စွင့် ဖူးတိုင်းတင့်သည်။ ဟောဟိုတောင်မြင့်ဗွေဆီ . . . ပုညရှင်စေတီ . . . ကြည်ညိုရန်သွား . . . နှစ်ယောက်သား ဆုတောင်းကြစို့လား . . .၊ ဘ၀များ၊ ရေစက် ဆုံပေမည် . . .”” (မြို့မငြိမ်း ရွှေမင်းဝံ) ဘူတာဟောင်းသို့ ဆက်သွယ်ထားသော မီးရထားလမ်း၏ ဂုံးနိမ့်နိမ့်လေးအား ဖြတ်ပြီးနောက် မြင်းလှည်းသည် နောက်ထပ် ပါစင်ဂျာ မတင်တော့ . . .။ တင်စရာလည်း မလိုတော့ပေ။ ရှေ့မှာ လူနေရပ်ကွက်က ဘာမျှ မရှိ . . .။ တောရိပ်တောင်ရိပ် လွှမ်းလာ သည်။ ကတ်္တရာ…
Read More၂၀၂၅ ခုနှစ်မှာ လကမ္ဘာပေါ်ကို လူသားတွေစေလွှတ်ဖို့ နာဆာစီစဉ်
၀ါရှင်တန်၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) ၁၉၇၂ ခုနှစ်မှာ နာဆာရဲ့ လကမ္ဘာခရီးစဉ်နောက်ပိုင်း လကမ္ဘာရဲ့မျက်နှာပြင်ပေါ်ကို လူသားတွေစေလွှတ်ဖို့ နာဆာက ၂၀၂၅ ခုနှစ်မှာ စီစဉ်ထားတယ်လို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က အတည်ပြုပြောဆိုပါတယ်။ မျှော်လင့်ထားပေမယ့် ရန်ပုံငွေပြတ်လပ်မှုနဲ့ ဂြိုဟ်ဆင်းယာဉ်တည်ဆောက်ရေးအပေါ် တရားစွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ယခင်စီစဉ်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ စေလွှတ်ရေးကို စောင့်ကြည့်လေ့လာသူ အနည်းငယ်ကသာ မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုစေလွှတ်ရေး တစ်နှစ်နောက်ဆုတ်လိုက်တာကို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က သတင်းစာရှင်းလင်းပွဲတခုမှာ အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ Artemis အဲဒီအစီအစဉ်အရ လကမ္ဘာပေါ်ကို ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးတဦးနဲ့ ၁၃ ယောက်မြောက် အမျိုးသားအာကာသယာဉ်မှူးတဦးတို့ကို စေလွှတ်မှာဖြစ်ပါတယ်။ ဒီမစ်ရှင်အတွက် အီလွန်မာ့ခ်ရဲ့ Space X ကုမ္ပဏီက ဂြိုဟ်ဆင်းယာဉ်ကို တည်ဆောက်ပေးဖို့အတွက် စာချုပ်ကို အမေရိကန်အစိုးရတရားသူကြီးတဦးက မကြာသေးမီက အတည်ပြုဆုံးဖြတ်ပေးခဲ့ပါတယ်။ လကမ္ဘာခရီးစဉ် နှောင့်နှေးရတာဟာ Space…
Read Moreဒူတာတေးရဲ့သမီးဖြစ်သူက ရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်
မနီလာ၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ သမီးကြီးဖြစ်သူ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာကြောင့် သူမအနေနဲ့ ရွေးကောက်ပွဲ၀င်မ၀င်နဲ့ပတ်သက်ပြီး လပေါင်းများစွာ ထင်မြင်ယူဆချက်တွေကို အဆုံးသတ်လိုက်ပါတယ်။ သူမ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သမ္မတသက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့တဲ့ ဖခင်ဖြစ်သူ ဒူတာတေးနေရာမှာ ဆက်ခံဖို့အတွက် မျှော်မှန်းချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ဒါဗာအိုမြို့ရဲ့ မြို့တော်၀န်ဖြစ်သူ ဆာရာဒူတာတေးဟာ ယခုနှစ်မှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ ထိပ်တန်းသမ္မတလောင်းအဖြစ် ရေပန်းစားခဲ့ပါတယ်။ သူမဟာ သမ္မတဟောင်း အာရိုယိုဦးဆောင်တဲ့ Lakas-CMD ပါတီသစ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲနဲ့ ဒုသမ္မတရွေးကောက်ပွဲတွေကို သီးခြားကျင်းပလေ့ရှိပါတယ်။ ဖိလစ်ပိုင်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယါ့သူတွေထဲမှာမှာ နာမည်ကျော်လက်ဝှေ့သမားတဦးဖြစ်တဲ့ မနီလာမြို့တော်၀င် ပက်ကွီအိုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Ref: BBC Photo:AFP
Read Moreအီကွေဒေါထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား တိုက်ခိုက်မှုတွေကြောင့် လူ ၆၈ ဦးသေဆုံး
ကွီတို၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) အီကွေဒေါနိုင်ငံမှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား စက်တင်ဘာလအတွင်းက အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ အကျဉ်းထောင်မှာ အလားတူလပဋိပက္ခထပ်မံဖြစ်ပွားခဲ့လို့ အကျဉ်းသား ၆၈ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီပဋိပက္ခဟာ ဂွိုင်ယာကွေးအကျဉ်းထောင်မှာ နို၀င်ဘာ ၁၂ ရက်နေ့ ညနေပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ အမည်တွေကိုသိရှိနိုင်ဖို့ ဆွေးမျိုးသားချင်းနဲ့ မိတ်ဆွေတွေက ထောင်ပြင်ပမှာ စောင့်ဆိုင်းနေကြပါတယ်။ ဖြစ်စဉ်ကြောင့် အကျဉ်းထောင်အတွင်းကို ၀င်ရောက်သွားတဲ့ ရဲတပ်ဖွဲ့ကတော့ ထောင်ထဲမှာ သေနတ်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ဓါးတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နို၀င်ဘာ ၁၃ ရက်နှောင်းပိုင်းမှာ အကျဉ်းထောင်အတွင်း နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်သားတွေဟာ ထောင်ပြင်ပမှာ သံချပ်ကာယာဉ်တွေနဲ့ လုံခြုံရေးယူခဲ့ရပါတယ်။ အီကွေဒေါနိုင်ငံမှာ…
Read Moreမော်လမြိုင်မှာ မိသားစုလိုက် ဓားခုတ်ခံရပြီး ကလေးအပါအဝင် ၂ ဦးသေဆုံး ၊ ၂ ဦးအပြင်းထန်ဒဏ်ရာရရှိ စိုးရိမ်ရဆဲ
နိုဝင်ဘာ ၁၄ GH (VOM ) မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ၉ လမ်းမှာ မိသားစုဝင် ၄ ဦးလုံး ဓားနဲ့ခုတ်ခံရပြီး ၂ ဦးသေဆုံးကာ ၂ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ည ၇ နာရီလောက်က နေအိမ်မှာ မိသားစုလိုက် ထမင်းစားနေတုန်း ဓားနဲ့ခုတ်ခံရတာဖြစ်ကြောင်း၊ အဖေဖြစ်သူနဲ့သားဖြစ်သူကလေးငယ်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။အမေဖြစ်သူနဲ့ သမီးဖြစ်သူတို့လည်း ဓားခုတ်ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။ ” သမီးနဲ့အမေက ဆေးရုံမှာကုသမှုခံယူနေတယ်။ခုထိတော့အနီရောင်အဆင့် အခြေအနေကစိုးရိမ်ရသေးတယ်။သမီးကကျောကုန်းမှာဓားဒဏ်ရာကြောင့် အရိုးတွေပါပေါ်တဲ့အထိဖြစ်တယ်။အမေကလည်း လက်ထိတာအတော်ပြင်းတယ် ” လို့ ဓားခုတ်ခံရတဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ မိသားစုလိုက် ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ” ဖြစ်တာက ရဲစခန်းလမ်းနဲ့ ၉…
Read More