ရန်ကုန်၊အောက်တိုဘာ ၂၄၊၂၀၂၁ KK(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ သထုံမြို့က NLDပါတီရုံးတချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ အောက်တိုဘာ ၂၃ ရက် ည ၁၂ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် NLDပါတီ ရုံးမှာ ပေါက်ကွဲမှု ဖြစ်တဲ့အကြောင်း ကျိုက်ထို NLD ပါတီဝင်တဦးက ပြောပြတာက “မနေ့ည ၁၂ နာရီကျော်က ဖြစ်တာ ရုံးထဲမှာ လူမရှိတော့ လူကတော့ ထိခိုက်မှုမရှိဘူး ရုံးတွင်းပစွည်းတွေတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။ အလားတူ သထုံမြို့ NLDပါတီ ရုံးမှာလည်း မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ရုံးတွင်းပစွည်းတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မနေ့ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး မှာဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။…
Read MoreYear: 2021
မုံရွာ ပြည်သူ့ဆေးရုံကြီးနား အထက ၂ ကျောင်းလမ်းမှာ မိုင်းပေါက်ကွဲလို့ ကလေး ၂ ယောက်သေဆုံး ၊ ၁ ယောက် ဒဏ်ရာရ
အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁ VOM စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေါနခြံရပ်ကွက် အထက ၂ ကျောင်းလမ်း ပြည်သူ့ဆေးရုံကြီး တောင်ဘက် တိုင်းစိုက်ပျိုးရေးရုံးဝန်း မြောက်ဘက်မှာ ဒီကနေ့ အောက်တိုဘာ ၂၄ရက် မနက် ၈ နာရီက ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲပြီး ကလေး ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေါနခြံရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။ ” မနက် ၈ နာရီတိတိမှာ ချိန်ကိုက်ပေါက်ကွဲတာပါ ၊ အသက် ၁၀ နှစ်ဝန်းကျင် ယောင်္ကျားလေး၂ ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ် ၊ နောက်ပြီး အသက် ၂ နှစ်ဝန်းကျင် ကလေး (ကျား) ၁ ယောက်က ခြေထောက် ပြတ်ရှဒဏ်ရာရပြီး အဲ့ဒီ ပေါက်ကွဲတဲ့နေရာနားမှာ…
Read Moreကျွန်းလှမှာ အုပ်ချုပ်ရေးမှူး အများစု အလုပ်တာဝန်ကနေ ထွက်စာတင်
အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁ VOM စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး တချို့ဟာ အခုလ ၁၅ ရက်နောက်ပိုင်းမှာ အလုပ်တာဝန်ကနေ နုတ်ထွက်တာ ၁၅ ဦးထက်မနည်း ရှိနေပြီလို့ ကျွန်းလှမြို့နယ် ထွေ/ အုပ် အသိုင်းအဝိုင်းထံက သိရပါတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အခုလို အလုပ်တာဝန်ကနေ နုတ်ထွက်တာနဲ့ ပတ်သက်လို့ ထွက်စာတင်ပြထားတဲ့ အုပ်စု အုပ်ချုပ်ရေးမှူး တစ်ယောက် ပြောတာက ” ကျွန်းလှမြို့နယ်စုပေါင်းအနီးက လက်ဘက်ရည်ဆိုင်ထဲကို အခုလ ၁ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် အရာရှိ ၁ ဦး အပါအဝင် အရပ်သား…
Read Moreမူးမြစ်နှင့် သတင်းစာ….
——————— ဆူးငှက် ကျွန်တော် သုံးလေးတန်းအရွယ်လောက်ကတည်းက ကြားဖူးနေတာ တစ်ခုရှိသည်။ ကျွန်တော်တို့ ဦးကြီး ဓာတ်ပုံဆရာကြီးက တောသူတောင်သားပင် ဖြစ်လင့်ကစား အိမ်မှာသတင်းစာယူသည်။ သတင်းစာ အမြဲဖတ်သည်။ ကျွန်တော့်မိဘများ ကျွန်တော့် ဦးကြီးများ မွေးဖွားကြီးပြင်းခဲ့ရာနေရာက တကယ့် အညာဒေသ ချပ်ကြားလွင်တီးခေါင် ကုန်းမြေ။ ချောင်းခြောက်၊ သဲတော၊ ကန္တာရပင်နှင့် တောင်ကတုံးများဖြစ်၏။ မုံရွာရေဦးကားလမ်းမကြီးက ဘုတလင်မြို့လေးတွင် ဆင်းပြီး အရှေ့ဘက် သဲတာကုန်းခေါင်ခေါင်ကြီးသို့ သဲချောင်းခြောက် ချပ်ကြားရိုးကြားအတိုင်း နေပူလယ်ခေါင်မှာ လှည်းတအီအီစီးရင်း ၂တိုင်ကျော်ခရီးက မန္တလေး-ဘုတလင် ခရီးထက် နှစ်ဆပင်ပန်းသည်။ ဦးကြီးက..မနက်လင်း သတင်းစာဖတ်ပြီး လမ်းလျှောက်ရင်း အိမ်ဘက်ရောက်တော့ ကျွန်တော့်အဖေကို..”လာမယ့် သုံးလေးနှစ်ဆိုရင် တပေါင်းလ ရွာကိုအပြန်မှာ မော်တော်ဘုတ်စီးသွားရတော့မှာဗျ”ဟုပြော၏.. အိပ်ရာထဲမှာ အပျင်းထူနေသော ကျွန်တော် ငေါက်ခနဲ ထထိုင်ကာ အံ့သြသွားသည်။ ကျွန်တော် ၂ခါလောက်ရာက်ဖူးတာပဲ။ ရေကို ဘူးသီးခြောက် တစ်ဘူးစာပင် မမြင်ရသော…
Read Moreကရုဏာစိတ် အခြေခံပြီး စာရေးသားသူ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)
သွေး (စစ်ကိုင်း) ၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ဗြိတိန်မှာ အခြေချနေထိုင်တဲ့ တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)က ရရှိသွားပါတယ်။ ဇန်ဇီဘာကျွန်းကနေ ဗြိတိန်ကို ၁၉၆၀ ခုနှစ်တွေ နောက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက “သူဟာ ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝသစ်နဲ့ ယဉ်ကျေးမှုတွေကို စာနာကရုဏာစိတ်နဲ့ ရေးဖွဲ့ထားတာတွေ့ရတယ်” လို့ မှတ်ချက်ပေးပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဇန်ဇီဘာကျွန်းလေးမှာ မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဇန်ဇီဘာကျွန်းဟာ တန်ဇန်းနီးယားနိုင်ငံရဲ့ နယ်မြေတစ်ခု ဖြစ်နေပါပြီ။ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ “ဇန်ဇီဘာ တော်လှန်ရေး” နဲ့ တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သားတွေ…
Read Moreအပျိုကြီး ဆင်ကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့
အေးချမ်းသူ(VOM) တခါက မြန်မာအသံရဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်နေကျ “မိသားစု တနင်္ဂနွေ” သီချင်းကြောင့် ပိုပြီးလူသိများလာတဲ့ ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အောက်တိုဘာ ၂၂ရက်မှာ အသက် ၆၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အပျိုကြီးပင်ဖြစ်နေပြီး ယခုအချိန်ထိ ကြင်ရာဖက်မရသေးပေ။ ဆင်ကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်ဆန္ဒ က ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၆ရက်မှာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပေးပို့လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ်က အသက် ၆နှစ်သာရှိပါသေးတယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျန်းမာပျော်ရွှင်စွာနဲ့ ယနေ့တိုင် ပြည်သူ့မေတ္တာကိုခံယူနေတဲ့ သက်တော်ရှည်ဆင်မကြီးလည်း ဖြစ်ပါတယ်။ အတူနေပြုစုစောင့်ရှောက်ကြတဲ့ ဝန်ထမ်းတွေနဲ့ အတူနေအဖော်တိရိစ္ဆာန်တွေဟာ အသက်အရွယ်အရ အနားယူသွားပြီဖြစ်သော်လည်း ဆင်မကြီးမိုမိုကတော့ ယနေ့ထိတိုင် တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျန်းမာစွာရှိနေပါတယ်။ မိုမိုဟာ ၁၉၉၂ ခုနှစ်မှာကျင်းပတဲ့ မြင်းခင်းသဘင်ပွဲတော်၊လှေသ ဘင်ပွဲတော်၊တရုတ်ပြည်မှ…
Read Moreနန့်မွန်းမြို့မှာ ဗုံးသီးဟောင်း ပေါက်ကွဲလို့ လူငယ် ၁ ဦးသေဆုံး
အောက်တိုဘာ ၊ ၂၂ -၂၀၂၁ VOM ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ ၊ နန့်မွန်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၁ ညဦးပိုင်းက ဗုံးသီးဟောင်း(၁)လုံးပေါက်ကွဲပြီး လူငယ်တစ်ယောက် ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ နန့်မွန်းဒေသခံတွေက ပြောပါတယ်။ ” ပေါက်ကွဲသံကြားလိုက်ရတာက ညဦးပိုင်းအချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာဖြစ်တယ် ၊ အမှတ် ၂ ရပ်ကွက်ထဲကဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် နေအိမ်အောက်မှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးအောင်ဟာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့တာ” လို့ နန့်မွန်းမြို့ခံတယောက်က ပြောပါတယ်။ ဒါ့အပြင် နန့်မွန်းမြို့ရဲ့ မြို့မိမြို့ဖ တဦးက ” ကျွန်တော်တို့ ဒေသဘက်မှာက…
Read Moreပြည်မြို့ထဲက စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိ
အောက်တိုဘာ ၂၂-၂၀၂၁ GH ( VOM ) ပြည်မြို့ထဲက ၉၅၉စစ်တပ်ရှေ့ သံလမ်းဂိတ်မှာ မနေ့အောက်တိုဘာ၂၁ ရက် ညပိုင်းက မြို့ထဲသွားလာနေသူတွေကို စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရှိတဲ့အပြင် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အဲ့ဒီနေရာမှာ စစ်တပ်အစောင့်ချထားတဲ့ ဂိတ်တခုရှိပြီး ညပိုင်းကို အဓိကစစ်ဆေးမှုတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။ ” နေ့ဘက် အဲ့ဒီနေရာသိပ်မစစ်ဘူး။တခါတလေပဲ။ညကတော့ စစ်တယ်။ ဆိုင်ကယ်တွေ ပိုစစ်တယ်။ ညက ပေါက်ကွဲမှုမှာ ပထမသိရတာ ၂ ယောက်ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၆ ယောက်ရှိတယ်။နောက်ထပ်သိရတာက ဒဏ်ရာရတဲ့အထဲက ၃ ယောက်ထပ်သေတယ်။ ဖြစ်တဲ့နေရာက ဆေးရုံကြီးနဲ့နီးတယ်။ ” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး မြို့တွင်းပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ မနေ့က စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲတာကိုတော့…
Read Moreပင်လည်ဘူးမြို့မရဲစခန်း မီးလောင်ပြီး ဒုရဲအုပ် ၁ ယောက် ဒဏ်ရာရ
အောက်တိုဘာ ၊ ၂၀ -၂၀၂၁ VOM စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ ၊ မြို့မရဲစခန်းဝန်းထဲမှာ ဒီကနေ့ မနက်အစောပိုင်းက အဆောက်အဦး ၁ လုံး မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်တဲ့ ဒုရဲအုပ် ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပင်လည်ဘူးနယ်ခံတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲစခန်းဝန်းထဲက မီးလောင်တာပါ ၊ မီးငြိမ်းနေတဲ့ ရဲအရာရှိ ၁ ယောက်လည်း ဒဏ်ရာရတာကြောင့် ပင်လည်ဘူး ဆေးရုံမှာ တင်ထားတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့သူတယောက်က ” ရဲစခန်းထဲက ၄ ခန်းတွဲ ၃ ထပ် အဆောက်အဦး လူမနေသေးတဲ့ အရှေ့တောင်ဘက် အခန်းက လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လောင်တာပါ ၊…
Read Moreအမှိုက်ထဲက ရွှေ
အေးချမ်းသူ(VOM) လူအများစုဟာ အိမ်တွေတည်ဆောက်တဲ့အခါမှာ သစ်တွေ၊ သံတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေနဲ့တည်ဆောက်ပြီး အိမ်ရဲ့အမိုးကိုတော့ သွပ်၊အုတ်ကြွပ်၊ဓနီ၊တောင်တန်းတွေနဲ့ မိုးတက်ကြပါတယ်။ အများနဲ့မတူဘဲ အိမ်ရဲ့ကိုယ်ထည်ကို ပုလင်းတွေ၊ ဖော့တွေ၊ စွန့်ပစ်သစ်သားတွေနဲ့တည်ဆောက်ပြီး နံရံကို ပုလင်းတွေ ရေသန့်ဗူးတွေနဲ့လုပ်ထားပြီး အမိုးကိုတော့ ကားတာယာဖြတ်ပိုင်းစတွေနဲ့ စနစ်တကျမိုးထားတဲ့ အိမ်တအိမ်ရှိတယ်။အိမ်ရဲ့ နာမည်က”ကြွပ်ကြွပ် “တဲ့….။ “ကြွပ်ကြွပ်” ဆိုတဲ့ စွန့်ပစ်ပစွည်းတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ အိမ်လေးဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဂန္ဓာမာလမ်း၊ အိမ်အမှတ် ၅၀၇မှာ တည်ရှိတာပါ။ အိမ်ထဲကိုဝင်လိုက်တာနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ လူသုံးကုန်ပစွည်းအမျိုးမျိုးက နံရံတွေ ခုံတွေအပေါ်မှာ စနစ်တကျနေရာယူထားသလို ကြမ်းပြင်ကိုတော့ စွန့်ပစ်ထားတဲ့ သစ်သားတွေနဲ့ စနစ်တကျစီခင်းထားပါတယ်။ အိမ်ရဲ့မျက်နှာကြက်မှာ ဖန်ပုလင်းတွေကို ထည့်သွင်းထားလို့ အလင်းရောင်နဲ့အတူအေးမြမှုတွေကိုလည်း ရရှိစေပါတယ်။ “ကြွပ်ကြွပ်” ဆိုတဲ့အိမ်လေးကို…
Read More