နန့်မွန်းမြို့မှာ ဗုံးသီးဟောင်း ပေါက်ကွဲလို့ လူငယ် ၁ ဦးသေဆုံး

အောက်တိုဘာ ၊ ၂၂ -၂၀၂၁
VOM
 
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ ၊ နန့်မွန်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၁ ညဦးပိုင်းက ဗုံးသီးဟောင်း(၁)လုံးပေါက်ကွဲပြီး လူငယ်တစ်ယောက် ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ နန့်မွန်းဒေသခံတွေက ပြောပါတယ်။
 
” ပေါက်ကွဲသံကြားလိုက်ရတာက ညဦးပိုင်းအချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာဖြစ်တယ် ၊ အမှတ် ၂ ရပ်ကွက်ထဲကဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် နေအိမ်အောက်မှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးအောင်ဟာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့တာ” လို့ နန့်မွန်းမြို့ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် နန့်မွန်းမြို့ရဲ့ မြို့မိမြို့ဖ တဦးက ” ကျွန်တော်တို့ ဒေသဘက်မှာက တိုင်းရင်းသားလက်နက်ကိုင်းတွေရှိတယ်၊ ဟိုအရင်က သူတို့နဲ့ စစ်တပ်ဟာ ထိတွေ့တာတွေရှိဖူးတယ်၊ အဲ့ဒီတုန်းက တိုက်ပွဲကျန် ၄၀ မမ ဗုံးသီးပေါက်ကွဲတာလို့ ခန့်မှန်းထားတယ် ၊ လက်နက်ကိုင်အဖွဲ့တွေကမှ ပေါက်ကွဲတဲ့ ဗုံးသီးအမျိုးအစားကို အသေအခြာ ပြောပြနိုင်မှာ “လို့ ပြောပါတယ်။
 
မိုးညှင်းခရိုင်အတွင်း နေထိုင်တဲ့ ကလေးငယ်တွေဟာ တိုက်ပွဲကျန် ဗုံးသီးတွေငို မကြာခဏတွေ့ရလေ့ရှိပြီး ကစားစရာအဖြစ် ထင်မှတ်ကာ ကစားလေ့ရှိတယ်လို့လည်း သိရပါတယ်။
 
” အုပ်ထိန်းသူ မိဘတွေအနေနဲ့ တိုက်ပွဲကျန် စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေကို ကလေးတွေက တွေ့တဲ့အခါ ပညာပေး၊ သင်ကြားပေးဖို့နဲ့ နီးစပ်ရာကို အချိန်မီ အကြောင်းကြား ရှင်းလင်းပစ်ဖို့ လိုအပ်တယ်”လို့ နန့်မွန်းမြို့ခံတယောက်က အကြံပြုပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လက မိုးညှင်းခရိုင်ထဲမှာ တောထဲကနေ မျှစ်ရှာပြန်လာတဲ့သူ လူငယ်တဦး မိုင်းနင်းမိပြီး ၂ ရက်အကြာမှာ သေဆုံးသွားတာလည်း ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #နန့်မွန်း #ဗုံးသီးဟောင်းပေါက်ကွဲ #လူငယ်တဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW