ကရုဏာစိတ် အခြေခံပြီး စာရေးသားသူ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)

သွေး (စစ်ကိုင်း) ၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ဗြိတိန်မှာ အခြေချနေထိုင်တဲ့ တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)က ရရှိသွားပါတယ်။ ဇန်ဇီဘာကျွန်းကနေ ဗြိတိန်ကို ၁၉၆၀ ခုနှစ်တွေ နောက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက “သူဟာ ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝသစ်နဲ့ ယဉ်ကျေးမှုတွေကို စာနာကရုဏာစိတ်နဲ့ ‌ရေးဖွဲ့ထားတာတွေ့ရတယ်” လို့ မှတ်ချက်ပေးပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဇန်ဇီဘာကျွန်းလေးမှာ မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဇန်ဇီဘာကျွန်းဟာ တန်ဇန်းနီးယားနိုင်ငံရဲ့ နယ်မြေတစ်ခု ဖြစ်နေပါပြီ။ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ “ဇန်ဇီဘာ တော်လှန်ရေး” နဲ့ တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သားတွေ…

Read More

အပျိုကြီး ဆင်ကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့

အေးချမ်းသူ(VOM) တခါက မြန်မာအသံရဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်နေကျ “မိသားစု တနင်္ဂနွေ” သီချင်းကြောင့် ပိုပြီးလူသိများလာတဲ့ ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အောက်တိုဘာ ၂၂ရက်မှာ အသက် ၆၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အပျိုကြီးပင်ဖြစ်နေပြီး ယခုအချိန်ထိ ကြင်ရာဖက်မရသေးပေ။ ဆင်ကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်ဆန္ဒ က ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၆ရက်မှာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပေးပို့လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ်က အသက် ၆နှစ်သာရှိပါသေးတယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျန်းမာပျော်ရွှင်စွာနဲ့ ယနေ့တိုင် ပြည်သူ့မေတ္တာကိုခံယူနေတဲ့ သက်တော်ရှည်ဆင်မကြီးလည်း ဖြစ်ပါတယ်။ အတူနေပြုစုစောင့်ရှောက်ကြတဲ့ ဝန်ထမ်းတွေနဲ့ အတူနေအဖော်တိရိစ္ဆာန်တွေဟာ အသက်အရွယ်အရ အနားယူသွားပြီဖြစ်သော်လည်း ဆင်မကြီးမိုမိုကတော့ ယနေ့ထိတိုင် တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျန်းမာစွာရှိနေပါတယ်။ မိုမိုဟာ ၁၉၉၂ ခုနှစ်မှာကျင်းပတဲ့ မြင်းခင်းသဘင်ပွဲတော်၊လှေသ ဘင်ပွဲတော်၊တရုတ်ပြည်မှ…

Read More

နန့်မွန်းမြို့မှာ ဗုံးသီးဟောင်း ပေါက်ကွဲလို့ လူငယ် ၁ ဦးသေဆုံး

အောက်တိုဘာ ၊ ၂၂ -၂၀၂၁ VOM   ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ ၊ နန့်မွန်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၁ ညဦးပိုင်းက ဗုံးသီးဟောင်း(၁)လုံးပေါက်ကွဲပြီး လူငယ်တစ်ယောက် ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ နန့်မွန်းဒေသခံတွေက ပြောပါတယ်။   ” ပေါက်ကွဲသံကြားလိုက်ရတာက ညဦးပိုင်းအချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာဖြစ်တယ် ၊ အမှတ် ၂ ရပ်ကွက်ထဲကဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် နေအိမ်အောက်မှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးအောင်ဟာ ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့တာ” လို့ နန့်မွန်းမြို့ခံတယောက်က ပြောပါတယ်။   ဒါ့အပြင် နန့်မွန်းမြို့ရဲ့ မြို့မိမြို့ဖ တဦးက ” ကျွန်တော်တို့ ဒေသဘက်မှာက…

Read More

ပြည်မြို့ထဲက စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၂-၂၀၂၁ GH ( VOM )   ပြည်မြို့ထဲက ၉၅၉စစ်တပ်ရှေ့ သံလမ်းဂိတ်မှာ မနေ့အောက်တိုဘာ၂၁ ရက် ညပိုင်းက မြို့ထဲသွားလာနေသူတွေကို စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရှိတဲ့အပြင် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။   အဲ့ဒီနေရာမှာ စစ်တပ်အစောင့်ချထားတဲ့ ဂိတ်တခုရှိပြီး ညပိုင်းကို အဓိကစစ်ဆေးမှုတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။   ” နေ့ဘက် အဲ့ဒီနေရာသိပ်မစစ်ဘူး။တခါတလေပဲ။ညကတော့ စစ်တယ်။ ဆိုင်ကယ်တွေ ပိုစစ်တယ်။ ညက ပေါက်ကွဲမှုမှာ ပထမသိရတာ ၂ ယောက်ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၆ ယောက်ရှိတယ်။နောက်ထပ်သိရတာက ဒဏ်ရာရတဲ့အထဲက ၃ ယောက်ထပ်သေတယ်။ ဖြစ်တဲ့နေရာက ဆေးရုံကြီးနဲ့နီးတယ်။ ” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး မြို့တွင်းပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။   မနေ့က စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲတာကိုတော့…

Read More
VOM News

FREE
VIEW