အောက်တိုဘာ ၁၇-၂၀၂၁ KT(VOM) နေပြည်တော်၊ပျဉ်းမနားမြို့၊ရန်အောင်(၂)ရပ်ကွက်ရုံးရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၁၇ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အသံတော့ကျယ်တယ် ဗုံးသံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ပဲလာပစ်တာ၊ ရပ်ကွက်ရုံးထဲကိုပစ်တာ ထင်တယ်၊ ဗုံးကမဝင်ဘဲ တခုခုနဲ့ထိပြီး ရုံးအပေါက်ဝနားမှာပဲပေါက်သွားတယ်”လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့က ရေမြောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ ညပိုင်းကလည်း ပျဉ်းမနားမြို့က မြဝတီဘဏ်နောက်ကျောမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #ပျဉ်းမနား #ပေါက်ကွဲမှု
Read MoreYear: 2021
ရွှေတွေကို ဘဏ်ကနေ ရောင်းချပေးတဲ့အခါ ဘဏ်အကောင့်အဟောင်းကငွေနဲ့ ဝယ်ယူလို့မရ
အောက်တိုဘာ ၁၇-၂၀၂၁ GH (VOM ) ရွှေစျေးနူန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နူန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ကာ ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ အဲ့ဒီလိုရောင်းချရာမှာ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။ “ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ အဲ့ဒီ စနစ်အဟောင်းကကျန်ခဲ့ပြီ အခုက စနစ်သစ်၊ အကုန်အကောင့်အသစ်တွေနဲ့ အကုန်သွားတာပဲ။အကောင့်အသစ်ဖွင့်ရမယ်၊ရွှေရော သွင်းလို့ထုတ်လို့ရမယ်။စနစ်ဟောင်းကတော့ တဖြည်းဖြည်းချင်းသွားပါလိမ့်မယ်။ cash ပေးချေရမယ့်သဘောပါပဲ။ ” လို့ YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။ ရောင်းချပေးမယ့် ရွှေတွေကိုတော့ YGEA အသင်းက ဘဏ်မှာအပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီရွှေတွေကို ပြည်သူလူထုက ဘဏ်မှာတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူပြီးနောက် ရွှေတွေကို…
Read Moreမန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရ
အောက်တိုဘာ ၁၇-၂၀၂၁ Ko Hik (VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးတိုက်တန်းရှိ ရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့နေလယ်ပိုင်းက ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တဦးဆီကနေ သိရပါတယ်။ “ဖြစ်တာက နေ့လယ် ၁ချက်ထိုးလောက်ပဲ၊ လူ၃ယောက် ဆိုင်ကယ်နဲ့ Maskတပ်ပြီးလာတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တယ် (၂)ချက်၊ ကောင်တာ မှန်ဘီဒိုကို တူနဲ့ထုပြီးရွှေလက်ကောက်နဲ့ ၊ ရွှေဟန်းချိန်းတွေယူသွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရွှေဆိုင်ပိုင်ရှင်မှာ နောက်ကျောရှပ်ထိဒဏ်ရာနဲ့ ဆေးရုံမှာကုသနေရပြီး ဓားပြတိုက်သူတွေဟာ ပြန်ထွက်ချိန်မှာ CCTVမော်နီတာကို သေနတ်နဲ့ပစ်သွားသေးတယ်လို့လည်း သိရပါတယ်။ ဓားပြတိုက်တဲ့သူတွေ ယူဆောင်သွားတဲ့ ရွှေပစ္စည်းတွေရဲ့ တန်းဖိုအတိအကျကို VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး မန္တလေးမြို့ကနေရာ အတော်များများမှာ ဆိုင်ကယ်စီးနေသူကို ဒုတ်နဲ့ရိုက် ဓားနဲ့ခုတ်ကာ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့သလို…
Read Moreဗြစ်စက်
ဆူးငှက် ““ဗြစ်စက်”” ဟုခါ်သော ဘီယာစက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုဖြစ်မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် “လက်နက်” စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။ ““ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါးစက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်းရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန် ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆံ၊ အမြောက်ဆံ၊ တူဆံအမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှ စက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်…””ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။ ရန်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊…
Read Moreဒဂုံအရှေ့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျလို့ လူ(၃)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရရှိ
ရန်ကုန်၊အောက်တိုဘာ ၁၅-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်မှာရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံ ဒီကနေ့မနက် ၉နာရီခွဲခန့်က ပြိုကျခဲ့ရာ လူ (၃)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ဆောက်လက်စတိုက်မှာ ကန်ထရိုက်အပါအဝင် ၁၄ဦး အလုပ်လုပ်နေကြပြီး ပြိုကျချိန်မှာ ၈ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ၆ဦးကျန်ရှိရာ သုံးဦးမှာသေဆုံးပြီး သုံးဦးကိုသာ ကယ်ထုတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။ မီးသတ်ဦးစီးဌာနက ညွန်ကြားရေးမှူးဦးသိန်းထွန်းဦးက ” ၉နာရီ ၄၅မီနစ်မှာ ၃ ဦးကယ်နိူင်တယ်၊ သူတို့ကတော့ အသက်ရှင်လျက်ပဲ၊ ၁၂နာရီ ၂၀မှာ တဦး၊ ၂နာရီ ၂၅မီနစ်မှာ တဦး၊ ၂နာရီ ၄၅မှာ တဦး၊ ၃ဦးကတော့ သေဆုံးခန္ဓာကိုယ်တွေပဲ ပြန်ထုတ်နိူင်ခဲ့တယ်”လို့ VOMကို ပြောပါတယ်။ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို မြောက်ဥက္ကလာပပြည်သူဆေးရုံကို…
Read Moreနိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့် ဂျပန်ဘီလျှံနာသူဌေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ
တိုကျို၊ အောက်တိုဘာ-၁၅-၂၀၂၁ မျိုးဆက် (VOM) ဂျပန်ဘီလျှံနာသူဌေး မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့်ခရီးစဉ်အတွက် လေ့ကျင့်မှုတွေလုပ်နေပါတယ်။ မယ်ဇာဝါနဲ့ ဟီရာနိုယိုဇိုတို့ဟာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်နဲ့ ဒီဇင်ဘာ ၈ ရက်မှာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ မယ်ဇာဝါဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဖက်ရှင်အရောင်းလုပ်ငန်းကို တည်ထောင်သူဖြစ်ပြီး ဟီရာနိုကတော့ မယ်ဇာဝါနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်းမှာ ၁၂ ရက်ကြာနေထိုင်သွားမှာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းကို သွာရောက်မယ့် ပထမဆုံးဂျပန်နိုင်ငံသား အရပ်သားတွေဖြစ်ပါတယ်။ သူတို့ဟာ မော်စကိုပြင်ပမှာရှိတဲ့ ဂါဂါရင် အာကာသလေ့ကျင့်ရေးစင်တာမှာ အာကာသခရီးစဉ်နဲ့ပတ်သက်တဲ့ လေ့ကျင့်မှုတွေကို အောက်တိုဘာ ၁၄ ရက်မှာ စတင်ပြုလုပ်နေပါတယ်။ ခရီးစဉ်နီးလာတာနဲ့အမျှ အလွန်စိတ်လှုပ်ရှားကြောင်း၊ ဒါပေမယ့် ကြောက်ရွံ့စိုးရိမ်မှုတွေမရှိဘဲ နိုင်ငံတကာအာကာသစခန်းမှာ သူစမ်းသပ်လုပ်ကိုင်ချင်တဲ့အရာ အခု ၁၀၀ ရှိတယ်လို့…
Read Moreကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ဆိုင်းငံ့
အောက်တိုဘာ ၁၅-၂၀၂၁ Shy V (VOM) တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာဘက် တင်သွင်းမယ့် ကုန်တွေကိုထုတ်ယူဖို့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီမှု မရှိတာကြောင့် ဆိုင်းငံ့ကာ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “တရုတ်နဲ့ညှိတာ အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက်ကြောင့် ကျယ်ဂေါင် ဖွင့်ပေးမယ့် ၁၅ ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါပြီ။” လို့ မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ တရုတ်ဘက်က တဖက်သတ်အစီစဥ်ကို လက်မခံဘဲ တရုတ်ဘက်က ကားအစီးရေ ၁၀၀၀ မြန်မာဘက်ကိုဝင်ရင် မြန်မာဘက်ကလည်း တရုတ်နိုင်ငံကို ကားအစီးရေ ၁၀၀၀ ဝင်ခွင့်ပြုရမယ်လို့ တင်ပြလိုက်တာကြောင့် တရုတ်ဘက်ကလည်း အထက်သို့တင်ပြသွားမှာ ဖြစ်တယ်လို့ သိရကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။ …
Read Moreထိုင်၀မ်မှာ အထပ်မြင့်အဆောက်အအုံမီးလောင်ကျွမ်းမှု ၄၆ ဦးသေဆုံး ၈၀ နီးပါးဒဏ်ရာရ
တိုင်ပေ၊ အောက်တိုဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) ထိုင်၀မ်တောင်ပိုင်းမှာ ၁၃ ထပ်အဆောက်အအုံတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၄၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ Kaohsiung မြို့မှာရှိတဲ့ လူနေနဲ့စီးပွားရေးလုပ်ငန်းတွေတည်ရှိတဲ့ အဲဒီအဆောက်အအုံမီးလောင်ကျွမ်းမှုဟာ အောက်တိုဘာ ၁၄ ရက်အစောပိုင်းမှာဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနကပြောပါတယ်။ မီးသတ်သမားတွေဟာ မီးငြိမ်းသတ်နိုင်ဖို့ လေးနာရီကျော်ကြာ အချိန်ယူခဲ့ရ လူ ၇၉ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၁၄ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းသွာမသိရသေးပါဘူး။ တာ၀န်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြပါတယ်။ အဆောက်အအုံရဲ့အနိမ့်ပိုင်းအထပ်တွေမှာတော့ စားသောက်ဆိုင်၊ ကာရာအိုကေနဲ့ ရုပ်ရှင်ရုံတွေရှိပြီး ဒါတွေက လုပ်ငန်းမလည်ပတ်တော့တာကြပြီလို့ သတင်းတွေကဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #တိုင်ပေ
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်
နေပြည်တော်၊ အောက်တိုဘာ၁၅၊၂၀၂၁ KT(VOM) အောက်တိုဘာ ၁၄ ရက် ညနေက တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို သက်ဆိုင်ရာကခေါ်ယူတွေ့ဆုံပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း အသိပေးခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ ” အေးအေး ကျုပ်ပါးစပ်ကို ၁၄၄ ထုတ်လိုက်သဗျ ” လို့ ရေးသားထားပါတယ်။ ပြီးတဲ့ရက်က သမ္မတဦးဝင်းမြင့်တို့ရုံးချိန်းမှာ ဦးဝင်းမြင့်ပြောခဲ့တဲ့ နစကက အာဏာမထိမ်းခင် တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကတဆင့် သတင်းမီဒီယာကို ပြောခဲ့တဲ့ ကိစ္စကြောင့်လို့ သိရပါတယ်။ ဦးခင်မောင်ဇော်ကို ထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ ဆိုတာ ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း၁၀မှာ “အဆောတလျင်ဖြစ်သည့် စိတ်ညိုညင်စေမှု၊ သို့မဟုတ် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပွားရန်ရှိသည့်အမှုများတွင် ခေတ္တအမိန့်များအကြောင်း” ပုဒ်မ ၁၄၄။ (၁) ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ယခုပုဒ်မအရ…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်လို့ ဖမ်းဆီးထားသူ ၁၁၄ ယောက် လွတ်
နေပြည်တော်၊ အောက်တိုဘာ-၁၅-၂၀၂၁ KT(VOM) ၂၀၂၁ အောက်တိုဘာ (၁၅)ရက်နေ့တွင်ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု့ကာ ဆိုပြီး တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲဖြစ်တဲ့ အောက်ဖော်ပြပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ (၁၁၄)ဦးတို့အား အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ( ၄၁၉) အရ အမိန့်ကိုထုတ်ပြန်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ (က) AA. (၆၁) ဦး (ခ) KIA. (၂၃) ဦး (ဂ) KNU/KNLA(PC) (၁ ) ဦး (ဃ)MNDAA. (၁) ဦး (င) RCSS/SSA. (၁၂) ဦး (စ)SSPP/SSA. (၅) ဦး (ဆ)TNLA (၁၁)ဦး အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့…
Read More