ကီတို၊ စက်တင်ဘာ-၃၀-၂၀၂၁ မျိုးဆက် (VOM) အီကွေဒေါအကျဉ်းထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းတွေ အကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၆ ဦးထက်မနည်းရှိလာပြီး ဒါဟာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ထောင်ဆူပူမှုဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်က ဂွိုင်ယာကွီးမြို့ရှိ အကျဉ်းထောင်မှဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း အကျဉ်းသားငါးဦး ခေါင်းဖြတ်သတ်ခံရပြီး အခြားသူတွေဟာလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေအတွင် အကျဉ်းသားတွေဟာ လက်ပစ်ဗုံးတွေကို လည်း အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ဖာစတိုဘူနာနိုက ပြောပါတယ်။ ကမ္ဘာတစ်၀န်းရှိ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားရာ အဲဒီအကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့၀င် ၄၀၀ ဦးကို ဖြန့်ကြက်ခဲ့ရပါတယ်။ အဲဒီအကျဉ်းထောင် ဆူပူမှုကို အီကွေဒေါမှာ လက်ရှိလှုပ်ရှားနေတဲ့ အင်အားကြီးမက္ကဆီကို မူးယစ်ဂိုဏ်းက အမိန့်ပေးစေခိုင်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက…
Read MoreYear: 2021
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေပိဿာ ၅၀ စတင်ထုတ်ရောင်း
စက်တင်ဘာ ၃၀-၂၀၂၁ GH ( VOM ) ရန်ကုန်က ရွှေဆိုင်တွေကို ဒီနေ့စက်တင်ဘာလ ၃၀ ရက်နေ့၊ ရွှေစျေးဖွင့်ချိန်မှာ ရွှေပိသာချိန် ၅၀ ကို တကျပ်သားသိန်း၂၀အောက်ချပြီး စတင် ထုတ်ရောင်းပေးနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း က သိရပါတယ်။ ရွှေစျေးကို တည်ငြိမ်အောင် ထိန်းဖို့အတွက် ခုလိုရွှေတွေထုတ်ရောင်းပေးတာဖြစ်ကြောင်း ၊ တစ်ရက်ကို အနည်းဆုံးရောင်းချပေးဖို့စီစဉ်ထားတာက ပိသာ ၂၀ ဖြစ်ပြီး စစချင်းရောင်းတဲ့နေ့မှာပဲ ရွှေပိသာချိန် ၅၀ ထုတ်ရောင်းပေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။ “ရွှေဆိုင်တွေကလည်း လာရောင်းတယ်။ အသင်းဝင်တွေကလည်းရောင်းပေးတယ်။ ပိသာ ၅၀ လောက်ရှိမယ်။ ရွှေရောင်းပွဲတော်ဖြစ်နေပြီ။ အရင်ကရွှေကပေါတယ် ၊ ရောင်းသလောက်ကိုဘယ်သူမှမဝယ်နိုင်ဘူး၊ ဒါပေမယ့် ခုကရွှေကပြတ်သွားတယ်၊ ဝယ်သူလည်း ၅ ဆလောက်မြင့်လာတယ်၊ လာတဲ့သူ ၁၀၀…
Read Moreပခုက္ကူမှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးတယ်ဆိုတဲ့ ကောလာဟလကြောင့် ထိတ်လန့်
စက်တင်ဘာ ၊ ၃၀-၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ပခုက္ကူမြို့မှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးထားတယ်လို့ ဒီမနက်ပိုင်းက သတင်းတွေထွက်ပေါ်လာတာကြောင့် စျေးဆိုင်တွေပိတ်ပြီး အသွားအလာတွေရပ်စဲကာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။ ” ကျွန်တော်တို့ မြို့ခံတွေက ဘာမှ မသိရဘူး ၊ သတင်းဌာန တခုက လိုင်းပေါ်တင်လိုက်မှ တမြို့လုံးကြောက်ပြီး ပြာတာခတ်ကုန်တယ် ၊ နယ်ကလာတဲ့ အရောင်းအဝယ်သမားတွေက မြို့ထဲမှာ ရှိနေတော့ အကြောက်ပိုပြီး နီးစပ် ဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ဝင်ခိုနေကြတာ ၊ ထွေအုပ်ရုံးကို လှမ်းမေးတော့ အဲ့ဒီ သတင်းက မဟုတ်ဘူးလို့ ပြောမှ မြို့ခံတွေ စိတ်သက်သာရာရတယ် ၊ ဒါတောင် ပုံမှန်အတိုင်း အသွားအလား မရှိတော့ဘူး ” လို့ ပခုက္ကူ ထင်းတန်းလမ်းက မြို့ခံ တစ်ယောက်က…
Read Moreမုံရွေး၊ကြေးမုံမှာ ရွာကနေရှောင်တိမ်းရသူများလို့ မွေ့ယာလုပ်ငန်း ရပ်နားထားရ
စက်တင်ဘာ ၃၀-၂၀၂၁ ထွန်းတောက်(VOM) ပြီးခဲ့တဲ့ စက်တင်ဘာ (၂၇)ရက်နေ့ မနက် (၅) နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အခုလိုဝင်ရောက်ခဲ့တာဟာ ဒီရွာတွေမှာ PDF အဖွဲ့တွေ၊ ဆန္ဒပြအဖွဲ့တွေရှိနေတယ်ဆိုတဲ့ ယူဆချက်အရ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မုံရွေးရွာမှာ အိမ်ခြေ(၁၀၀၀)ကျော်နဲ့ ကြေးမုံရွာမှာ အိမ်ခြေ (၇၀၀) ကျော်ရှိပြီး စစ်တပ်ဝင်ရောက်ခဲ့တာကြောင့် ဒီရွာတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ နီးစပ်ရာလုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒီဒေက စောင်၊ခေါင်းအုံး ၊မွေ့ယာချုပ်လုပ်ငန်း လုပ်ကိုင်သူ တချို့ဟာ လုပ်ငန်းတွေရပ်နားထားရတယ်လို့ပြောပါတယ်။ လာမယ့်ဆောင်းရာသီအတွက် ဒီလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေရတဲ့အချိန်ဖြစ်ပြီး အခုလိုရပ်နားထားရတဲ့အတွက် အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေသလို ရာသီချိန် ဈေးကွက်တင်ပို့ဖို့အတွက်လည့် အခက်အခဲတွေရှိလာတယ်လို့ ပြောကြပါတယ်၊ ဒါကြောင့် ဒေသခံရွာသားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း အခြေအနေတွေကို ငြိမ်းချမ်းစွာနဲ့ဖြေရှင်းစေလိုပြီး…
Read Moreစစ်ကိုင်းတိုင်းမှာ Mytelအင်ဂျင်နီယာနဲ့ အဖွဲ့က လူ ၄ ယောက် ပျောက်ဆုံးနေ
ကျွန်းလှ ၊ စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်နဲ့ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ၂ ခုရဲ့ အကြားမှာရှိတဲ့ သဖန်းဆိပ်ဆည်အနီးက အင်လှကျေးရွာဝန်းကျင်းမှာ ဆက်သွယ်ရေး ကေဘယ်လိုင်းတပ်ဆင်နေတဲ့ ကားတွေမီးရှို့ဖျက်စီးခံရပြီး အင်ဂျင်နီယာနဲ့ အဖွဲ့ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။ ” သဖန်းဆိပ်ဆည်နားက အင်လှရွာနားမှာဖြစ်တာပါ ၊ ကျွန်းလှမြို့နယ် ဧရိယာထဲမှာပါတယ်၊ ဖိုက်ဘာကေဘယ်အဖွဲ့ရဲ့ ကား ၂ စီး မီးရှို့ဖျက်စီးပြီး တန့်ဆည်မြို့နယ် Mytel တာဝန်ခံ အင်ဂျင်နီယာ ဦးဝေဇော်ဖြိုး အပါအဝင် လူ ၄ ယောက် ပျောက်ဆုံးနေတာပါ ၊ ဒီကနေ့နဲ့ဆိုရင် သူတို့နဲ့ ပျောက်နေတာ ၄ ရက်ရှိသွားပြီ ၊…
Read More၀န်ကြီးချုပ်ဆူဂါနေရာဆက်ခံမယ့် ဂျပန်အာဏာရပါတီရဲ့ အကြီးအကဲအဖြစ် ဖူမီအိုကီရှီဒါကို ရွေးချယ်
တိုကျို၊ စက်တင်ဘာ-၂၉-၂၀၂၁ မျိုးဆက် (VOM) ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် ဖူမီအိုကီရှီဒါ အနိုင်ရရွေးချယ်ခံခဲ့ရပြီး သူဟာလာမယ့် ၀န်ကြီးချုပ်သစ်အဖြစ် တာ၀န်ထမ်းဆောင်ဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။ သူဟာ ၀န်ကြီးချုပ်အဖြစ် တစ်နှစ်တာ၀န်ထမ်းဆောင်ပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တဲ့ ယိုရှီဟီဒီဆူဂါ ကို ဆက်ခံသွာမှာဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးတာ၀န်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အောင်ပွဲရဖို့ ဦးဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူလူထုကဆန့်ကျင်ပေမယ့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို တွန်းအားပေး ကျင်းပခဲ့တာကြောင့် ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။ နိုင်ငံခြားရေး၀န်ကြီးဟောင်းဖြစ်သူ မစ္စတာကီရှီဒါဟာ ပါတီအကြီးအကဲနေရာအတွက် အနိုင်ရမယ်လို့ တစ်ပေးခြင်းခံထားရတဲ့ တာရိုကိုနိုကို ပါတီရဲ့ရွေးချယ်မှုမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Ref : BBC Photo:Getty Images #voiceofmyanmar #VOM #တိုကျို
Read Moreငွေကြေးဖောင်းပွမှု ထိန်းသိမ်းနိုင်ပါ့မလား
စက်တင်ဘာ ၂၉-၂၀၂၁ GH ( VOM ) ပြည်တွင်းမှာ အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဒေါ်လာစျေးနဲ့ရွှေစျေးကြောင့် ငွေလဲလှယ်ရေးစျေးကွက် ပျက်စီးသွားသလို အာရှဒေသမှာလည်း မြန်မာက ငွေကြေးဖောင်းပွမှု ၉ ဒ သမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာကဖော်ပြထားပါတယ်။ မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာဆိုရင် ရွှေစျေးက အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ၂၀၅၀၀၀၀ နှစ်ဆယ်သိန်းငါးသောင်းကျပ်နဲ့စဖွင့်ခဲ့ပြီး အပိတ်စျေးက ၂၂၁၃၀၀၀ နှစ်ဆယ့်နှစ်သိန်းတသောင်းသုံးထောင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်လာစျေး ဘဏ်ဖွင့်စျေးကတော့ ၁၉၅၀ ရှိပြိး ပြင်ပငွေလဲလှယ်တဲ့စျေးကွက်မှာတော့ ၂၄၀၀ ကနေ ၂၇၀၀ အထိပေါက်စျေးရှိတယ်လို့ ဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူတွေက စိုးရိမ်စိတ်မြင့်မားပြီး ကျပ်ငွေအပေါ် ယုံကြည်မှုမရှိခြင်း၊ ကျပ်ငွေ အမြောက်အများလက်ဝယ်ကိုင်ထားသူတွေက ရွှေနဲ့ဒေါ်လာကို စုဆောင်းနေခြင်း၊…
Read Moreအသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်
ပြုံးယမ်း၊ စက်တင်ဘာ-၂၉-၂၀၂၁ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ဟွာဆောင်-၈ လို့အမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ အခိုင်အမာထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၅ နှစ်စစ်ရေးဖွံ့ဖြိုးမှု အစီအစဉ်မှာချမှတ်ထားတဲ့ အရေးပါတဲ့ လက်နက်စနစ်ငါးခုအနက်မှ တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးပျံသစ်ဟာ နျူကလီးယားသယ်ဆောင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ မဟာဗျူဟာ မြောက်လက်နက်တစ်မျိုးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၂၈ ရက်ကပြုလုပ်တဲ့ ဒုံးပျံစမ်းသပ်မှုဟာ နိုင်ငံတကာရဲ့ တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေရှိနေချိန်မှာ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာတွေ တိုးတက်လာမှုကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ လက်ရှိတီထွင်လိုက်တဲ့ လက်နက်စနစ်ဟာ နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုတိုးတက်စေခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ Ref : BBC…
Read Moreပခုက္ကူမြို့မှာ ပစ်ခတ်သံတွေကြားနေရပြီး မြို့ဝင်ပေါက်လမ်းတွေ အကုန်ပိတ်ထားတာကြောင့် နယ်ကစျေးသည်တွေ ဝင်မရ
စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ မြိုင်လမ်းနဲ့ မြို့ရှောင်လမ်းဆုံးအနီး ပခုက္ကူ တက္ကသိုလ်ဝန်းကျင်နားမှာ ဒီမနက်က ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီး မြို့ဝင် မြို့ထွက်လမ်းသမျှ ရဲနဲ့ စစ်သားတွေက ပိတ်ထားလိုက်ပြီးလို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။ ” မြိုင်လမ်းဘက်က တက္ကသိုလ်နားမှာ ပစ်နေတာကြာပြီ ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေတယ်ဆိုတာ မသိရဘူး အသံတွေတော့ ကြားနေရတယ် ၊ မြို့ခံ လူတွေ အပြင်မထွက်ရဲကြဘူး ” လို့ အဲ့ဒီ မြိုင်လမ်းမှာရှိတဲ့ ကောက်ပဲသီးနှံ ပွဲရုံ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒါ့အပြင် ပခုက္ကူ မြို့ရှောင်လမ်း ၊ ရွှေချောင်းတံတာလမ်း ၊ ပေါက်လမ်း ၊ မြိုင်လမ်း…
Read Moreသတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ၊ ထို့ကြောင့် …
———————— ဆူးငှက် ၁၉၄၅ခုနှစ် ဇူလိုင်လမှာ လူထုဂျာနယ်ကို ထုတ်ဝေခဲ့တဲ့ လူထုဦးလှဟာ ၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ လူထုသတင်းစာကို စတင်ထုတ်ဝေပါတယ်။ မန္တလေးကထုတ်ဝေခဲ့တဲ့ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များက ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။ လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာသမိုင်းမှာ “သိက္ခာရှိသော သတင်းစာ”အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။ ဒီတော့ အာဏာယူ၊ လုပ်စား အနိုင်ကျင့်နေသူတွေက လူထုသတင်းစာကို မျက်မုန်းကျိုးတယ်။ အမျိုးမျိုးတံဆိပ်ကပ်ပြီး အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေ ဖမ်းတယ်။ ဒါကြောင့်လည်း အဆက်ဆက် အစိုးရများရဲ့ မျက်စိစပါးမွှေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။ ၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခဲ့တယ်။ လူထုအယ်ဒီတာတွေ လူထုနဲ့ပတ်သက်သူတွေကိုလည်း…
Read More