လောင်းလုံနယ်မှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၂၁၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် ၊ သောကြာပြင်ကျေးရွာ ၊ ဆင်ဘုရားအနီးမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးအနက် ၁ ဦးသေဆုံးကာ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ပေါက်ကွဲစတွေ ထိမှန်ပြီး အမျိုးသမီး ၂ ယောက်ထဲက ၁ ယောက်သေတယ် ၊ တယောက်ကတော့ ဒဏ်ရာပြင်းတယ် ” လို့ ဇဗ္ဗူသီရိ လူမှုကူညီရေး စေတနာ့ဝန်ထမ်း တစ်ယောက်ကပြောပါတယ်။   လောင်းလုံထွေ/အုပ် အသိုင်းအဝိုင်းကတော့ အဲ့ဒီပေါက်ကွဲမှုဟာ သောကြာပြင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းရဲ့ အိမ်ဖြစ်ပြီး ဒဏ်ရာရသူဟာ သူ့မိန်မနဲ့ သေဆုံးသူဟာ…

Read More

မိုးကုတ်မြို့က ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ် နေ့ခင်းအချိန်မှာ ဓားပြတိုက်ခံရ

စက်တင်ဘာ ၂၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊သဒွတ်သျှိုးကျေးရွာမှာနေတဲ့ ဂေါ်ရခါးမျိုးနွယ် ကျောက်ကုန်သည်တစ်ဦးရဲ့နေအိမ်ကို မနေ့ စက်တင်ဘာ ၂၀ နေ့လယ်ပိုင်းက ဓားပြဝင်တိုက်ခံရတဲ့အတွက် အတွင်းပစ္စည်း ရွှေ၊ငွေတွေအပြင် ကျောက်ထုပ်တွေပါသွားတယ်လို့ ကျောက်ကုန်သည်တွေပြောပြချက်အရ သိရပါတယ်။   ” ကျောက်ထုပ် ၁၇ ထုပ် ၊ ရွှေ ၃၀ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာ ပါသွားတယ်လို့ ကြားရတယ် ” လို့ ကျောက်ကုန်သည်တစ်ယောက်က ပြောပါတယ်။   အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သဒွတ်သျှိုရွာခံတစ်ယောက်က ” လူ ၆ ယောက်ကလာပြီး အိမ်ရှေ့မှာ လူ ၂ ယောက်ကျန်ခဲ့တယ် ၊ ကျန် ၄ ယောက်က အိမ်ထဲ ဝင်သွားတယ် ၊…

Read More

မြဝတီမြို့မှာ ဗုံးပေါက် တယောက်သေ၊ ၂ယောက်အပြင်းထန်ဒဏ်ရာရ

စက်တင်ဘာ ၂၁-၂၀၂၁ GH ( VOM )   မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံ ၂ လမ်းက နေအိမ်တစ်လုံးမှာ စက်တင်ဘာ ၂၀ မနေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး တယောက်သေ၊ ၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” ညက ၇ နာရီ ကျော်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်တော့သိရတာက ၁ ဦးကပွဲချင်းပြီးသေတယ်။နောက်နှစ်ယောက်ကလည်း ဒဏ်ရာစိုးရိမ်ရလို့ ဆေးရုံခေါ်သွားကြတယ်၊ဆေးကုပေးနေတယ်သိရတယ် ” လို့ ဒေသခံတယောက်ကပြောပါတယ်။   ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကိုလည်း အိမ်နောက်ဖေးမှာ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်ဆီကသိရပါတယ်။   ” သူတို့ကအောင်မြေရွှေဘုံ (၂) လမ်းကအိမ်မှာ ငှါးနေကြတာလို့ပြောတယ်။ လက်လုပ်ဗုံးစမ်းရင်း ပေါက်တာလို့ ပြောနေကြတာပဲ သေချာတော့မသိကြဘူး…

Read More

ရန်ကုန်က မြို့နယ်လေးမြို့နယ်မှာ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ်ပြီးနောက် လက်နက်တချို့ သိမ်းဆည်းခံရ

ရန်ကုန်၊စက်တင်ဘာ ၂၁၊၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းမှာရှိတဲ့ ဒဂုံမြိုနယ် ၊သင်္ဃန်းကျွန်း၊ သာကေတနဲ့ မြောက်ဥက္ကလာတို့မှာ စက်တင်ဘာ ၂၀ရက်က ဗုံးပေါက်ကွဲတာတွေ သေနတ်နဲ့ပစ်ခတ်တာတွေ လက်နက်တွေဖမ်းမိတာတွေဖြစ်ခဲ့တယ်လို့ အဲဒီမြို့နယ်တွင်း နေသူတွေဆီက သိရပါတယ်။   ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဦးဝိစာရအိမ်ယာနားက အမှိုက်ပုံမှာ မနေ့ညနေ ၅နာရီက ဗုံးပေါက်ကွဲခဲ့တာမှာ ကားတစ်စီးထိခိုက် ပျက်စီးခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်ပြောပါတယ်။   သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ နတ်စင်လမ်း၊ စနိုးဂါးဒင်းအိမ်ယာရှေ့မှာလည်း မနေ့မနက် ၁၁နာရီက စက်ဘီးစီးလာသူတစ်ဦးကနေ လက်လုပ်ဗုံးနဲ့ အိမ်ယာဝင်ထွက်ပေါက်ကို ပစ်ခတ်ခဲ့လို့ ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ အိမ်ယာမှာ နေသူတယောက်က ပြောပါတယ်။   သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း၊ ရေစက်ဆုံရာစားသောက်ဆိုင်ရှေ့မှာလည်း မနေ့မနက် ၁၂နာရီဝန်းကျင်က ဆိုက်ကားနင်းတဲ့ ကိုအောင်ကျော်စိုးကို ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးက နောက်မှသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆေးရုံသို့ပို့ဆောင်ကုသထားရကြောင်း မြို့ ခံတယောက်က ပြောပါတယ်။  …

Read More

စစ်ကိုင်းတိုင်းမှာ မြို့နယ် တချို့က ရွာတွေမှာ ဖုန်းအင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေ

စက်တင်ဘာ ၊ ၂၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းထဲက ဆက်သွယ်ရေး တာဝါတိုင်တချို့ ပျက်စီးနေတာကြောင့် မြို့နယ် ၅ ခုထက်မနည်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆက်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။   မေလပိုင်းကစလို့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြား ဆက်သွယ်ရေးတာဝါတိုင်တချို့ ဖျက်စီးခံရတာကနေ စက်တင်ဘာလ ၂၀ ရက်အထိ ၄ လတာကာလအတွင်း တာဝါတိုင် ၄၀ နီးပါး ပျက်စီးနေတယ်လို့လည်းသိရပါတယ်။   မင်းကင်း ဒေသခံ တစ်ယောက်က သူတို့ကြုံရတဲ့ အခက်အခဲကို ပြောပြတာက” ကျောင်းပိတ်ရက်တွေရှည်လာတာတော့ ကလေးတွေ ပညာရေးနောက်မကျအောင်ဆိုပြီး အွန်လိုင်းစာသင်ဝိုင်းနဲ့ တက်ခိုင်းတယ် ၊ ရွာမှာက ကေဘယ်လ် အင်တာနက်လိုင်း မရှိတော့ မီနီဝိုင်ဖိုင်နဲ့ အသုံးပြုပြီး အွန်လိုင်းကျောင်းတက်ခိုင်းရတာပါ ၊ ခုလ ၉ ရက်ကစပြီး အဲ့ဒီ…

Read More

ပြည်သူ့ထံက ပြည်သူ့အသံ

ကချင်ပြည်နယ် ရွှေကူမြို့ အထက်နား ရွှေပေါ်ကျွန်း စေတီတော်မြတ်ကြီး တည်ရှိရာ ရေလယ်ကျွန်ဦးထိပ် ငါးဘတ်ဝရွာ ရှေ့ ဧရာဝတီ မြစ်ကြောင်းထဲတွင် နိုင်ငံတော်အား အခွန်ပေးဆောင်ခြင်းလဲ မရှိပဲ ရွှေကူ မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ ရွှေစက်လှေ ပိုင်ရှင်များသည် သဲမှုန်စုပ်များဖြင့် ရွှေ မျေားများထောင်ကာ စက်လှေ ၂၀ကျော် ၃၀ စီးဝန်ကျင်ခန့် တရားမဝင် ရွှေများတူးဖော်နေကြပါသည် ။   ၎င်းအချင်အရာအား ငါးဘတ်ဝကျေးရွာ အုပ်ချုပ်ရေးမူးမှ လက်ရှိ မြစ်ကမ်းပါး များပြိုနေသည့် အချင်းအရာ အား စိုးရိမ်သဖြင့် အုပ်စုအုပ်ချုပ်ရေးမူးနှင့် မြို့နယ် ဌာန ဆိုင်ရာ အသီးသီး သို့ အရေးယူပေးပါရန် တင်ပြသော်လဲ အရေးယူပေးခြင်းမရှိပါ ။   နေပြည်တော် တိုင်စာဌာနသို့ ဖုန်းဆက် အကြောင်း ကြားသေားအခါ မြို့နယ် စခန်းသို့တိုင်ရန်လမ်ညွန်ပါသည် ။ မြို့နယ်အဆင့်မှ လည်း…

Read More

‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာမှာ စားဝတ်နေရေးနဲ့ ဆေးဝါးတွေလိုအပ်နေ

ရန်ကုန်၊စက်တင်ဘာ ၂၀-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ကုသနေတဲ့လူနာတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဂေဟာတာဝန်ရှိသူဆီကနေ သိရပါတယ်။   အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူနာပေါင်း ၁၆၀ ကျော်ရှိပြီး ကလေး ၁၀၁ဦးနဲ့ လူကြီး ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။   ဂေဟာတာဝန်ခံကိုစိုးရာဇာထွန်းက ” အခုကာလမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်ချက်ရှိနေတယ်၊ ကလေးက အသက်၅လကနေစပြီး အသက်၁၈နှစ်ရှိတယ်၊ လူကြီးဆို ၁၈နှစ်ကနေ ၈၂နှစ်အထိရှိတယ်၊ ဒီကာလမှာ ပိုပြီးခက်ခဲတယ်၊ နိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကလည်း မပြီးသေးတော့ ဆေးထုတ်ဖို့ အခက်အခဲရှိတယ်၊ ARTဆေးတောင် ထုတ်ဖို့မလွယ်ဘူး”လို့ ပြောပါတယ်။   အဲ့ဒီဂေဟာမှာ ရောဂါသက်သာလာပြီး မွေးရပ်မြေ ပြန်ချင်ပေမယ့် လမ်းစရိတ်မတက်နိူင်တာကြောင့် ဂေဟာမှာပဲနေထိုင်ကာ ကလေးတွေကို ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုပေးတဲ့အလုပ်ကို…

Read More

အင်းစိန်မြို့နယ်မှာ ရုံးအတွင်း ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ၂၀-၂၀၂၁ KK(VOM)   အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်းနယ်မြေ(၁)ရုံးအတွင်းမှာ ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ် မနေ့ စက်တင်ဘာ ၁၉ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ရပ်ကွက်နေသူတစ်ဦးက”ရုံးထဲမှာ ရာအိမ်မှူးက အလုပ်လုပ်နေတဲ့အချိန်ပစ်တာ၊ ပြတင်းပေါက်ကနေ နားထင်ကိုထိပြီး ရုံးထဲမှာတင် ပွဲချင်းပြီးသေသွားတယ်”လို့ ရှင်းပြပါတယ်။   သေဆုံးသူဟာ အင်းစိန်ရွာမအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူး ဦးစိုးသိန်းဖြစ်ပြီး နားထင်မှာ သေနတ်ထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။   အင်းစိန်မြို့နယ်မှာ အုပ်ချုပ်ရေးပိုင်းက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူ(၄)ဦးရှိနေပြီး ဇွန်လကလည်း ပိန္ဒဲကုန်းရပ်ကွက်ရှိ ရာအိမ်မှူး ဦးမောင်မောင်၊ သြဂုတ်လနဲ့စက်တင်ဘာမှာ တောင်သူကုန်းရပ်ကွက်ရှိ ထွေ/အုပ်စာရေး ဦးညီညီထွေးနဲ့မြို့သစ်(က+ခ)ရပ်ကွက်ရာအိမ်မှူးဦးစိုးမြင့်ထွေးတို့ဖြစ်တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။   ဒါ့အပြင် အင်းစိန်မြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စျေးအချို့မှာ ဗုံးပေါက်ကွဲလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်အချို့လည်းရှိခဲ့ပါတယ်။…

Read More

တန့်ဆည်နယ်မှာ ရွှေတူးဖော်ရေး လုပ်ငန်းရှင် မိသားစု ၅ ယောက် အသတ်ခံရ

စက်တင်ဘာ ၂၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် မဟာမြိုင်တောကြီးနယ်စပ်က ရွှေတူးဖော်ရေး လုပ်ကွက်ထဲမှာ လုပ်ငန်းရှင် မိသား ၁ စုကို မနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ၆ နာရီ ဝန်းကျင်လောက်က အသတ်ခံရတဲ့အတွက် လူ ၅ ဦး သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်များ အဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သေဆုံးသူတွေက ကပေါင်းကျ ရွာက မိသားစုဖြစ်တယ် ၊ သူတို့ မိသားစုက ရွှေမျှောမောင်းဖို့ လုပ်ကွက်မှာ ရှိနေတဲ့အချိန် မိသားစု အသတ်ခံရတာ ” လို့ ရွှေလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။   သေဆုံးသူ လူ ၅ ယောက်နဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်အဖွဲ့က…

Read More

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်

မနီလာ၊ စက်တင်ဘာ-၂၀-၂၀၂၁ မျိုးဆက် (VOM)   ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအို ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်ဖိလစ်ပိုင် သမ္မတရွေး ကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။   ဖိလစ်ပိုင်လက်ဝဲပါတီPDP-Laban ကနေ သူ့ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။   လက်ရှိသမ္မတ ဒူတာတေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သက်တမ်းမှာ သမ္မတအဖြစ် ၀င်ပြိုင်လို့မရပေမယ့် ပါတီတစ်ခုကနေ ဒုသမ္မတအဖြစ်၀င်ရာက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားတာလို့ ဝေဖန်သူတွေကဆိုပါတယ်။   ဒုသမ္မတအဖြစ် ဒူတာတေးက၀င်ရောက်ယှဉ်ပြိုင်ရာမှာ သမ္မတလောင်းအဖြစ် မိတ်ဖက်အဖြစ် သူနဲ့ရင်းနှီးတဲ့ မဟာမိတ် ဘွန်ဂိုကို ရွေးချယ်ထားပါတယ်။ ဒါပေမယ့်သူကတော့ ဒူတာတေးရဲ့ သမ္မတနေရာကို မဆက်ခံလိုဘူးလို့ဆိုပါတယ်။   သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ရွေးချယ်တဲ့ပါတီက တိုက်တွန်းထားပြီး ဆုံးဖြတ်ချက်ပြန်မပြင်ဘူးဆိုရင်တော့…

Read More
VOM News

FREE
VIEW