တပို့တွဲဇာတ်ကွက်

ဆူးငှက် “ချိုးဥမှ တိမ်စုံလေ သတ္တဗိသျှ နက္ခတ္တနှင့် ယှဉ်ကြမလွဲ . . . တပို့တွဲနှင့် ပေါက်လဲငုံကင်း . . .။ ထန်းရည်ငယ် နင်းကြသည် နှင်းထုံထုံငယ်နှင့်လေး။”” နှင်းကတော့ မပျောက်သေး . . .၊ ရာသီက အအေးဓာတ်လျော့သလို မလျော့သလို၊ အပူဓာတ်က တွန့်ဆုတ်ဆုတ်နှင့် အားစမ်းစပြုဆဲ . . .၊ အပူအရိပ်အယောင်လေး တစ်စွန်းတစ်စမြင်လိုက်သည်နှင့် ဖုန်လုံးကြီးတွေ လေပွေမွေမျှ ဟာဝေယံက ကကြ၏။ ခြင်ပုန်းတို့က ဝီဝီ သြဘာသံပေးက တစ်အုပ်တစ်မကြီးပြေးထွက်လာကြသည်။ လမ်းဘေးရေမြောင်း အပေါင်းအဖော်များကလည်း အနံ့ဆိုးတလူလူနှင့် ငယ်မူ ပြန်ကြပေဦးမည်။ သည်ဇာတ်ကွက်ကတော့ မထူးခြား . . .၊ ယခင်နှစ်များကအတိုင်း ဖြစ်၏။ ဇာတ်ညွှန်းဟောင်းကြီးကို ဖုံခါကာ စာလုံးဟောင်းပေါ် ဆေးထပ်တင်ကြဦးမည်။သည် မနှစ်ကထက် ပိုဆိုးမတဲ့။ အယ်လ်နီညိုတဲ့၊…

Read More
VOM News

FREE
VIEW