လွှတ်မြောက်နေဆဲဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ဦးအောင်ကျော်ဌေး တို့ကို အဂတိနဲ့ အမှုဖွင့်

မတ် ၁-၂၀၂၂ Voice Of Myanmar ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို နဲ့ ကယားပြည်နယ်စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ကျော်ဌေး တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ရက်နေ့က တရားစွဲဆိုထားတာဖြစ်တယ်လို့ တရားစွဲအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးအောင်ကျော်ဌေး တို့ဟာ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင်(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်ကို နိုင်ငံတော်ကချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကိုအကြောင်းပြုကာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ပေးအပ်ခဲ့ပြီး အဲ့ဒီမြေနေရာကို ပြန်လည်အလှူခံရယူခဲ့တာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် နစကရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း၊…

Read More

စက်သုံးဆီဈေး တက်လို့ အခြေခံကုန်ဈေးပါတက်လာတာကြောင့် လူထုခက်ခဲနေ

မတ် ၁-၂၀၂၂ VOM ပြည်တွင်း စက်သုံးဆီဈေးနူန်းဟာ နယ်ဘက်တွေမှာ 92 တစ်လီတာကို ၁၉၀၀ ကျော်အထိ ပြန်လည် မြင့်တက်လာပြီး ၉၅ တစ်လီတာကို ၂၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။ နယ်မြို့နဲ့ကျေးရွာဘက်တွေမှာ လက်လီရောင်းချနေတဲ့ 92 တစ်လီတာဈေးနဲ့95 ဈေးတွေဖြစ်ပြီး စက်သုံးဆီဈေးတွေဟာ ရန်ကုန်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဈေးနူန်းမြင့်တက်နေတာဖြစ်ပြီး ဈေးနူန်းမြင့်တက်မှုကတော့ ဒေသအလိုက်ကွာခြားမှုရှိနေပါတယ်။ ” နယ်မှာက တဆင့်တဆင့်နဲ့ ပိုပြီးဈေးကများတယ်။ တစ်လီတာကို ၁၈၀၀ ဖြစ်တာကို ၅ ရက်လောက်ရှိနေပြီ၊တစ်ဂါလံ ၇၂၀၀ပေါ့၊အဲ့ဒါက ဂါလံအပြည့်မဟုတ်ဘူး၊ ၄ လီတာပဲရတာ။ အခုရက်ဆို ၁၈၀၀ ကျော်သွားပြီ ။၅၀၀၀ ဖိုးလောက်ထည့်မှတိုင်ကီပြည့်တယ်။ အလုပ်လုပ်တာက လုပ်အားခက ၆၀၀၀ ပဲရတယ်။ဆီဖိုးက တနေ့ ၁၅၀၀ ကုန်တယ်။ထမင်းဖိုးကွမ်းဖိုးနူတ်ရင် ဘာမှမကျန်ဘူး “လို့ ပြည်သူတဦးကပြောပါတယ်။ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သူတွေ…

Read More

ရုရှားဘောလုံးအသင်းတွေ ပြိုင်ပွဲအရပ်ရပ်ယှဉ်ပြိုင်မှု ဖီဖာနဲ့ ယူအီးအက်ဖ်အေ ရပ်ဆိုင်း

ဘရယ်ဆယ်၊ မတ်-၁-၂၀၂၁ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုပြုတာကြောင့် ရုရှားဘောလုံးအသင်းတွေနဲ့ နိုင်ငံအသင်းတွေကို ပြိုင်ပွဲအရပ်ရပ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှုတွေကနေ ကမ္ဘာ့ဘောလုံအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)တို့က ရပ်ဆိုင်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်အသိပေး ထုတ်ပြန်ချက်တစုံတရာမရှိမခြင်း ပိတ်ပင်တားမြစ်သွားမယ်လို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ထုတ်ပြန်ထားပါတယ်။ ဒီလိုပိတ်ပင်လိုက်တာကြောင့် ရုရှားအမျိုးသားအသင်းဟာ လာမယ့်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပလေးအော့ဖ်ပွဲစဉ်တွေကို ကစားခွင့်ရမှာမဟုတ်တော့ဘဲ အမျိုးသမီးအသင်းဟာလည်း အခုနွေရာသီမှာကျင်းပမယ့် ယူရို၂၀၂၂ ပွဲစဉ်တွေကို ကစားခွင့်ဆုံးရှုံးတော့မှာဖြစ်ပါတယ်။ ရုရှားကလပ်အသင်းဖြစ်တဲ့ စပါးတပ်မော်စကိုအသင်းဟာလည်း ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် နောက်ဆုံး ၁၆ သင်းအဆင့်ပြိုင်ဘက် လိုက်ဇစ်က ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နဲ့စပွန်ဆာ စာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ထိခိုက်နစ်နာနေတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ဘောလုံးလောကက ညီညီညွှတ်ညွှတ်ပြသလိုက်တာလို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ref: BBC Photo:…

Read More

ကိယက်ဗ်မြို့ကို ချီတက်နေတဲ့ ရုရှားစစ်ယာဉ်တန်း မိုင် ၄၀ ထိရှည်လျား၊ တိုက်ပွဲများဆက်လက် ပြင်းထန်နေ

ကိယက်ဗ်၊ မတ်-၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားနဲ့ ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေစတင်နေပေမယ့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရုရှားဘက်က ဒုံးပျံတွေနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့မှာ အရပ်သားဒါဇင်များစွာ သေဆုံးခဲ့ပြီး မြို့တော်ကိယက်ဗ်မှာလည်း လေကြောင်းသတိပေးချက်တွေ ဥသြသံတွေကြားနေရပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေဟာ စစ်ရာဇ၀တ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး ချာနီဟစ်ဗ်မြို့မှာလည်း ရုရှားဘက်က တိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်ဆောင်နေပါတယ်။ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်မြို့တော်သို့ ဦးတည်ချီတက်နေတဲ့ ရုရှားစစ်ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ မိုင် ၄၀ ထိရှည်လျားတယ်လို့ အမေရိကန်ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ Maxar Technologies ကရရှိထားတဲ့ ဂြိုဟ်တုဓါတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ ကိယက်ဗ်မြို့ကို ချီတက်နေတဲ့ အဲဒီရုရှားစစ်ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ ၁၇ မိုင်သာရှည်လျားပေမယ့် နောက်ဆုံးရှိထားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ မိုင် ၄၀ ထိရှည်ထိရှိလာတယ်လို့ Maxar Technologies ကဆိုပါတယ်။ ဒါ့အပြင်…

Read More

ဖားကန့်မှာ မြေစာပုံ ထပ်ပြိုလို့ ရေမဆေးကျောက်ရှာသူ ၅၀နီးပါး မျောပါသွား၊ အလောင်း ၁၅လောင်းတွေ့

မတ် ၁-၂၀၂၂ (VOM) ဖားကန့်မြို့၊ မမုံကျေးရွာနဲ့ မနကျေးရွာကြားက YTT လုပ်ကွတ်ဟောင်းမှာ မြေစာပြိုကျလို့ ရေမဆေးရှာဖွေသူ ၅၀ နီးပါး မျှောပါသွားမှု မနေ့ ဖေဖော်ဝါရီ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းကနေ သိရပါတယ်။ မြေစာပုံပြိုကျတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၁၅ လောင်းကိုရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးဌာနကနေ သိရပါတယ်။ ” သေဆုံးသူ အရေအတွက် အတိအကျတော့ မသိရသေးဘူး ၊ မြေတူးစက်နဲ့ မြေသယ်ယာဥ် ဒါဇင်ဝက်လောက် ပျောက်ဆုံးနေတာပါ ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်နေပါတယ် ၊ ၁၅ လောင်း ရရှိထားပါတယ် “လို့ အဲ့ဒီ ​မြေစာပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ရေမဆေးကျောက်ရှာဖွေသူတွေ မျောပါသွားသလို ဘက်ဟိုးကား အစီးရေ…

Read More

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံတာ၀န်ရှိသူတွေ ဆွေးနွေးဖို့စီစဉ်၊ မြန်မာကိုဖိတ်ဖို့ မသေချာ

ဝါရှင်တန်၊ မတ်-၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး ကတိက၀တ်တွေကို အလေးပေးဆွေးနွေးဖို့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ဝါရှင်တန်မှာ လူချင်းတွေ့ဆုံ ကျင်းပသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ကထုတ်ပြန်ထားပါတယ်။ လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့အောက်တိုဘာလကကျင်းပတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အမေရိကန်တို့အကြား ခိုင်မာတဲ့ ဆက်ဆံရေးထားရှိဖို့ သမ္မတဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီး နိုင်ငံနဲ့စီးပွားရေးဆိုင်ရာလုံခြုံမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို တန်ပြန်ဖို့အတွက် ဂျပန်၊ အာဆီယံအပြင် အခြားနိုင်ငံတွေနဲ့ အမေရိကန်တို့အကြား နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်တို့ပါ၀င်နေပါတယ်။ ယူကရိန်းအကြပ်အတည်းနဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ လိုအပ်နေပေမယ့် အမေရိကန်အစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်ပြီး ကတိက၀တ်တွေပြုထားဆဲဖြစ်ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတဦးဖြစ်တဲ့ ကာ့ကမ်းဘဲလ်က ပြောပါတယ်။ မတ်လနှောင်းပိုင်းမှာကျင်းပမယ့် အစည်းအဝေးနဲ့ပတ်သက်ပြီး မြန်မာကို ဖိတ်ကြားနိုင်ခြေနဲ့ပတ်သက်ပြီး အစီအစဉ်မရှိဘူးလို့…

Read More
VOM News

FREE
VIEW