ထန်းရွက်ပုတီးဆွဲတဲ့ အရွယ်

ဆူးငှက်   မန္တလေးမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်းဆိုလို့ ယနေ့ခေတ်လူငယ်တွေ ဘယ်သူမှ သိမှာ မဟုတ်ကြတော့။ တကယ်တော့ ၁၈၈၆ခုနှစ် မန္တလေးရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ စတင်တက်ရောက် သိမ်းပိုက်ကတည်းက ထိုလမ်းနာမည်တွေ တွင်ခဲ့သည်ဟု သိရသည်။ ဂေါဝိန်ဆိပ်က အင်္ဂလိပ်တပ်တွေ ကမ်းတက်လာကြသောအခါ တပ်အလိုက် တက်ရောက်လာကြသည့် လမ်းကြောင်းတွေကို သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်ဟု သိရသည်။   ကျွန်တော်တို့ သက်တမ်းအရွယ်တွေအထိ အေလမ်း၊ ဘီလမ်း ၊စီလမ်းတို့ခေါ်တာ နုတ်ကျိုးနေပြီ။ အေလမ်းဆိုတာက အရှေ့ထိပ် မန္တလေး-ပြင်ဦးလွင် လမ်းမကြီးမှအနောက် ဂေါဝိန်ဆိပ်အထိ ရှည်လျားသော ၃၅လမ်းကို ခေါ်ခြင်းဖြစ်သည်။ ထိုလမ်းမကြီးကိုပဲ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်နီးပါးက ရန်ကြီးအောင်လမ်းလို့ သုံးစွဲခေါ်ဝေါ်ခဲ့ကြသော်လည်း ထိုနာမည်က ရေရှည်မတည်မြဲခဲ့။ အေလမ်းဆိုသော အမည်ကို ခေတ်သစ်မန္တလေးသားတွေ တွင်တွင်ကျယ်ကျယ် မသုံးပေမယ့် ထိုနာမည်က ခိုင်ခိုင်မာမာတော့ ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော်ပင် သက်တမ်းရှည်ခဲ့ပြီဟု ဆိုရမည်။…

Read More

ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက် မီးလောင်မှု နေအိမ် ၁၄လုံးဆုံးရှုံး

မတ် ၅ -၂၀၂၂ KK(VOM)   ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ ၆၊ စက်လမ်းနဲ့ ပွင့်သစ်စလမ်းကြားမှာ ဒီကနေ့ မနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၄လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။   မီးလောင်မှုဖြစ်စဥ်နေရာကို ပဲခူးတိုင်းမီးသတ်ဦးစီးမှုးရုံးမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၂စီး၊ မီးသတ်ရေသယ်ယာဥ် ၁စီး၊ ပဲခူးခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးသတ်ရေသယ်ယာဥ် ၃စီး၊ ပဲခူးနယ်မြေမီး သတ်စခန်းမှ မီးသတ်ရေသယ်ယာဥ် ၂စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။   “မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းနေပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။   မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၄ လုံး…

Read More

ဒဂုံဆိပ်ကမ်းမြို့နယ် မီးလောင်မှု အိမ်ခြေလေးဆယ်ခန့် မီးထဲပါသွား

မတ် ၅-၂၀၂၂ KK(VOM)   ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်မှာ ဒီကနေ့ ညနေ ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄၀)ခန့် မီးထဲပါသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်ရှိ နေအိမ်တစ်လုံးကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ လေးဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ကျူးကျော်တဲမှာ ကလေးကို ထမင်းအိုးတည်ခိုင်းတာကနေ မီးလောင်တယ်လို့ ကြားတာပဲ၊ အိမ်ခြေလေးဆယ်လောက်ပါသွားတယ် “လို့ သူကပြောပါတယ်။   မီးလောင်မှုဖြစ်စဥ်ကို ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေသူများနှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၂၀ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၂၈ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကနေ သိရပါတယ်။   မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတဦးက “လက်တလော ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတုန်းပါ၊ ပြောလို့မရသေးပါဘူး”လို့…

Read More

ပါကစ္စတန် ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၅၆ ဦးသေဆုံး ၂၀၀ နီးပါးဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ မတ်-၅-၂၀၂၂ မျိုးဆက်(VOM)   ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်စ်ဟာဝါမြို့ရှိ ဗလီတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၆ ဦးထက်မနည်းသေဆုံးသွားကြောင်း ဆေးဘက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။   မတ် ၄ ရက်မှာ ဗလီအတွင်းပြုလုပ်နေတဲ့သောကြာ၀တ်ပြုဆုတောင်းပွဲကျင်းပနေချိန်မှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ဖွယ်ရှိပြီး လူ ၂၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။   ဒဏ်ရာရသူအချို့မှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။   ပါကစ္စတန်မှာ မကြာသေးမီနှစ်များအတွင်း လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုမှာ ရှီးယိုက်မွတ်ဆလင်တွေဖြစ်ပါတယ်။   ဗလီအတွင်းသို့မ၀င်မီ ရဲတပ်ဖွဲ့၀င်နှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဇာဟစ်ခန်းက အေအက်ဖ်ပီ သတင်းဌာနကိုပြောပါတယ်။   Ref:BBC Photo:Reuters #voiceofmyanmar #VOM #ပါကစ္စတန် #ဗလီတခု…

Read More

NLDကိုယ်စားလှယ်ဟောင်း ဒေါ်ဖြူဖြူသင်းရဲ့ နေအိမ်ကို တရားရုံးက ချိတ်ပိတ်ဖို့ ဝရမ်းစာကပ်

မေ ၅-၂၀၂၂ KK(VOM)   NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့တောင်ဥက္ကလာပမြို့နယ်ကနေအိမ်ကို မနေ့ မတ်လ၄ နေ့လယ်ပိုင်းက ချိတ်ပိတ်ဖို့အတွက် တရားရုံးက ဝရမ်းလာကပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   တောင်ဥက္ကလာပမြို့နယ်၊ ၇ရပ်ကွက်၊ ၁၁လမ်းမှာရှိတဲ့ ဒေါ်ဖြူဖြူသင်းရဲ့နေအိမ်ကို မနေ့ နေ့လယ်ပိုင်းက အရှေပိုင်းခရိုင်တရားရုံးက ဝရမ်းလာကပ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ပြီးခဲ့တဲ့လကလည်း ကိုမင်းကိုနိူင်အိမ် ချိတ်ပိတ်ခဲ့သေးတယ်၊ အခုက မဖြူအိမ်ကိုချိတ်ပိတ်ဖို့ လုပ်တာ၊ ဝရမ်းကပ်တယ်ဆိုတာ လာဖြေရှင်းဖို့ မလာရင် ချိတ်ပိတ်မှာ”လို့ သူကပြောပါတယ်။   ဒေါ်ဖြူဖြူသင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂နဲ့ တရားစွဲဆိုထားကာ ဝရမ်းထုတ်ဆင့်ထားမှုကိုလည်း မတ် ၁၈ ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးကို လာရောက်ဖို့လည်း ဝရမ်းစာမှာ ဖော်ပြထားပါတယ်။   အဲ့ဒီအမှုတွေကို ဒေါ်ဖြူဖြူသင်းအနေနဲ့ လာရောက် ဖြေရှင်းခြင်း မရှိပါက နေအိမ်ကို ချိတ်ပိတ်မှာဖြစ်တယ်လို့လည်း…

Read More

ယူကရိန်းအရှေ့တောင်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားကြေညာ

မော်စကို၊ မတ်-၅-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းအရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့ဖြစ်တဲ့ မာရီပူးနဲ့ ဗော်နိုဗာခါမြို့မှ အရပ်သားတွေအတွက် မော်စကိုစံတော်ချိန် မတ် ၅ ရက် မနက် ၁၀ နာရီကစပြီး လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တွေဖွင့်လှစ်ပေးမယ်လို့ ရုရှားဘက်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ယာယီအပစ်အခတ်ရပ်စဲရေးကိုလည်း ကြေညာလိုက်ပါတယ်။   ယူကရိန်းဘက်ခြမ်းမြို့တွေကနေ အရပ်သားတွေထွက်ခွာမယ့်လမ်းကြောင်းတွေကို ရုရှားဘက်က သဘောတူထားပေမယ့် ယူကရိန်းဘက်ကအတည်ပြုထားတာမတွေ့ရသေးဘူးလို့ ရုရှားကဆိုပါတယ်။   မာရီပူးမြို့ဟာ ယူကရိန်းအဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး ရုရှားတပ်ဖွဲ့၀င်တွေရဲ့ ရက်အတန်ကြာ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရပြီး ဗော်နိုဗာခါမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်လျှက်ရှိပါတယ်။   အစောပိုင်းမှာတော့ မာရီပူးမြို့တော်၀န်ဟာ ရုရှားတပ်ဖွဲ့၀င်တွေ ပိတ်ဆို့ထားတဲ့ကြားက အရပ်သားတွေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။   လက်ရှိမှာတော့ ယူကရိန်းအခြားဒေသတွေမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာလည်း ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရပါတယ်။   ရုရှားတပ်တွေဝိုင်းခံထားတဲ့ အရှေ့ဘက်ပိုင်းက ဆူမီမှာတော့ ဒေသစံတော်ချိန်…

Read More

ကိုရီးယားကျွန်းဆွယ်အနီးသို့ ပဲ့ထိန်းဒုံးပျံတစင်း မြောက်ကိုရီးယားပစ်ခတ်

ဆိုးလ်၊ မတ်-၅-၂၀၂၂ မျိုးဆက်(VOM)   တောင်ကိုရီးယားရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယား]ာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ပြင်ဆီသို့ ပဲ့ထိန်းဒုံးပျံတစ်စင်းကို မတ် ၅ ရက်မှာ ပစ်လွှတ်ခဲ့ကြောင်း ဒေသတွင်းစစ်ဘက်တာ၀န်ရှိသူတွေကပြောပါတယ်။   အဲဒီဒုံးပျံဟာ ပဲ့ထိန်းဒုံးပျံအမျိုးအစားဖြစ်ဖွယ်ရှိကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့နဲ့ ဂျပန်၀န်ကြီးချုပ်ရုံးတို့က ထုတ်ပြန်ထားပါတယ်။   ပြုံးယမ်းနိုင်ငံတကာလေဆိပ်ရှိရာ ဆူနန်အနီးမှ မတ် ၅ ရက်မှာ အဲဒီဒုံးပျံကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်ကပြောပါတယ်။ အဲဒီဒေသဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအပါအ၀င် ယခင်ဒုံးပျံစမ်းသပ်မှုတွေပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။   ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုဟာ ကိုးကြိမ်ရှိလာပြီဖြစ်ပြီး ကင်းထောက်ဂြိုဟ်တုအတွက် စနစ်တွေကို စမ်းသပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်မှာ မြောက်ကိုရီးယားက နောက်ဆုံးထုတ်ပြန်ထားပါတယ်။   ယူကရိန်းကို ရုရှားကျူးကျော်မှုအား နိုင်ငံတကာအသိုင်းအဝိုင်းက ကိုင်တွယ်ဖြေရှင်းနေချိန်နဲ့ ပေကျင်းမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပနေချိန်မှာ ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း…

Read More

ရွာလုံးကျွတ် မီးရှို့ခံရသူတွေအတွက် အကူအညီ အရေးတကြီး လိုအပ်နေ

မတ် ၅-၂၀၂၂ စိုးပိုင် (VOM)   စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ကျေးရွာတချို့ရှိခဲ့ပြီး အဲ့ဒီ မီးဘေးသင့် တောင်သူတွေရဲ့ ဘဝဟာ အခုထိ ပြန်လည် နလံမထူနိုင်ဖြစ်နေကြတယ်လို့ ဒေသခံ မီးဘေးသင့် တောင်သူတွေဆီက သိရပါတယ်။   ” ပစ်ခတ်သံတွေကြားရပြီးနောက်ပိုင်း ၊ မီးလောင်မှုတွေ ဖြစ်ပေါ်လာတာပါ ၊ ပေါ့ဆမီးကြောင့် လောင်ကျွမ်းရတာမျိုး မဟုတ်ဘူး ၊ လောင်တိုက်သွင်းပြီး မီးရှို့ဖျက်ဆီးခံရတာ၊ ကူမယ့်ကယ်မယ့်သူ ၊ မီးငြိမ်းသတ်မယ့်သူ ဘာမှ မရှိဘူး ၊ အဝေးကနေကြည့်ပြီး ငိုနေခဲ့ရတာ ” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးဘေးသင့်ခဲ့ရတဲ့ ပုလဲမြို့နယ် ဇီးဖြူကုန်း ကျေးရွာဒေသခံ တောင်သူ တယောက်က ပြောပါတယ်။   အဲ့ဒီလို…

Read More

ယူကရိန်းစစ်ပွဲ ၉ ရက်မြောက်

– ဥရောပမှာ အကြီးဆုံး ဖြစ်တဲ့ ယူကရိန်း နျူကလီးယား ဓါတ်အားပေး စက်ရုံကြီးကို ရုရှား ကလက်နက်ကြီးနဲ့ ပစ်လို့ စက်ရုံ အစိတ်အပိုင်း တချို့ မီးလောင်သွားပါတယ်။ ဒါပေမဲ့ ရေဒီယို သတ္တိ ဓာတ်ရောင်ခြည်တွေ စိမ့်ယိုတာ မရှိဘူးလို့ နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီကပြောပါတယ်။ ယူကရိန်းသမ္မတ ဇာလန်စကီးက ဇာပိုရစ်ဇ်ရှီးယား နျူကလီးယားဓါတ်အားပေး စက်ရုံကို ရုရှားက ရည်ရွယ်ချက် ရှိရှိ နဲ့ တိုက်ခိုက်တာလို့ စွပ်စွဲပါတယ်။ ဇာပိုရစ်ဇ်ရှီးယား နျူကလီးယား စက်ရုံကို ရုရှားကသိမ်းပိုက်လိုက်ပါပြီ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီကိစ္စအရေးပေါ်ဆွေး‌နွေးဖို့ အစည်းအဝေးခေါ်ပါတယ်။ နျူကလီးယား အန္တရာယ်က သီသီလေးလုပ်သွားတာလို့ဆိုပါတယ်။   -ဓါတ်အားပေးစက်ရုံကို ရုရှားကသိမ်းပိုက်လိုက်ပြီဆိုတော့ အချိန်မရွေး ဓါတ်အားဖြတ်တောက် နိုင်ပါတယ်။   – ဗုံးဒဏ်ကြောင့် နျူကလီးယားစက်ရုံ မီးလောက်ကျွမ်းတဲ့အခါမှာ လူအများအပြား ထိခိုက်သေဆုံးတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဌာနကပြောပါတယ်။  …

Read More

ဘားအံမြို့တွင်းက KBZဘဏ်ခွဲ ဓားပြတိုက်ခံရ

မတ် ၄-၂၀၂၂ VOM (GG)   ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ အမှတ် ၂ ရပ်ကွက်က KBZ ဘဏ်ခွဲမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ ၊ညနေ ၃ နာရီလောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။   မျက်နှာဖုံးစွပ်ထားတဲ အမည်အသိ အမျိုးသား ၅ ယောက်က သေနတ်ပစ်ဖောက်ပြီး ဘဏ်အတွင်းဝင်ရောက်ကာ ငွေတွေကိုယူဆောင်သွားတာဖြစ်ပြီး အခုချိန်ထိတော့ ဓားပြတိုက်သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   ” ငွေကတော့ ထောင်ကျော် ပါသွားတယ် ကြားပေမယ့် သေချာတော့မသိရသေးဘူး။ Bank ဝန်ထမ်းတွေရဲ့ ဖုန်းပါယူသွားတယ်၊ CCTV ပါဖြတ်သွားပြီး ဟိုက်ဂျက် နဲ့ ထွက်ပြေးသွားတာလို့ပြောကြတယ်။လူက ၅ ယောက်လာပြီးလုပ်သွားတာတဲ့၊မျက်နှာဖုံးတွေလည်းစွပ်ထားတယ်ပြောတယ်၊အဲ့ဒီ kbz ဘဏ်က မြို့တွင်းက ဘဏ်ကြီး ၊ ဒါကို ဓားပြတိုက်ရဲတယ်ဆိုတော့ အခြေအနေတွေက…

Read More
VOM News

FREE
VIEW