စစ်ကိုင်းတိုင်းထဲမှာ တစ်ပတ်အတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ ၁ ဒါဇင်နီးပါး သေဆုံး

ဧပြီ ၊ ၈-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ တစ်ပတ်အတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးသူ ၁ ဒါဇင်နီးပါးရှိတယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” မန္တလေး ရွှေဘို ကားလမ်း ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း နဲ့ မုံရွာမြို့ရှောင်လမ်း အပါအဝင် မန္တလေး-မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည် လမ်းပိုင်းမှာ ဖြစ်တဲ့ ပေါက်ကွဲမှုတွေ ပါဝင်တယ် ” လို့ ပြောပါတယ်။

အခုလ ၆ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလးဝမြို့နယ် ၊ စခန်းကြီးကျေးရွာအနီးက ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မိုင်းစထိမှန်ခဲ့တဲ့ အတွက် ကားပေါ်ပါတဲ့ လူ ၇ ဦး အနက် ၊ ၆ ဦး သေဆုံးပြီး ၁ ယောက် ပျောက်ဆုံးနေခဲ့ပါတယ်။

ဒါ့အပြင် အခုလ ၇ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက် ၊ မုံရွာ စီးပွားရေးတက္ကသိုလ်အနီး မြို့ရှောင်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မိုင်းစထိမှန်ကာ ကားပေါ်ပါ လူ ၃ ဦးအနက် ၁ ဦးသေဆုံး၊၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ် ။

အခုလ ၄ ရက် မနက်အစောပိုင်းကလည်း မန္တလေး -ရွှေဘို-ကျွန်းလှ ကားလမ်း ၊ ဝက်လက်မြို့နယ်က ရွာ၂ရွာကြားမှာ ရန်ကုန် -ကျွန်းလှ လိုင်းကားတစ်စီး မိုင်းစမှန်ပြီး ဘုန်းကြီး တစ်ပါး အပါအဝင် လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာကနေ အခုနှစ် ဧပြီ ၇ ရက်အထိ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးသူ ပြည်သူအရေအတွက်ဟာ ၄၀ ကျော်ရှိပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက် ကုသခဲ့ရသူ ၁ ရာနီးပါးရှိတယ်လို့ ဆေးရုံးနဲ့ နီးစပ်သူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW