ဒေါ်လာငွေကို ၁၈၅၀နဲ့သာ ရောင်းရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ တောင်သူတွေကို နစ်နာမှုဖြစ်ပေါ်နိုင်တယ်လို့ သုံးသပ်

ဧပြီ ၈-၂၀၂၂ VOM (GG) ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ ပြည်ပကနိုင်ငံခြားသုံးငွေဖြင့်ရရှိတဲ့ ဝင်ငွေ(ဒေါ်လာ)တွေကို တရက်အတွင်း မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချရမယ်လို့ ထုတ်ပြန်လိုက်တဲ့ ပြင်ဆင်ပြဌာန်းချက်ဟာ တောင်သူတွေအတွက် အဓိကနစ်နာဆုံးရှုံးမှုဖြစ်ပေါ်နိုင်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေရဲ့ သုံးသပ်ပြောဆိုမှုအရ သိရပါတယ်။ အမည်မဖော်လိုသူ ကုန်သည်လုပ်ငန်းရှင်တဦးက”ဆုံးရှုံးမှုတွေအများကြီးရှိတယ်။ဘာလို့ဆုံးရှုံးလဲဆိုတော့ တဒေါ်လာကို ၂၀၀ နစ်နာသွားပြီ၊ တဒေါ်လာကို ၂၀၀ လောက်နစ်နာသွားတော့ အဲ့ဒီအပေါ်တွက်ပြီး စျေးချဝယ်မှ ရတော့မယ်လေ၊အဲ့ဒီလိုဝယ်ရမယ်ဆိုရင် ကုန်ထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအများကြီးနစ်နာမယ်၊ဥပမာဆန်တစ်အိတ်ကို ၃သောင်း နဲ့ဝယ်နေကြကို ၂၈၅၀၀ လောက်နဲ့ပဲဝယ်နိုင်တော့မယ်။ကုန်သည်တွေကတော့ အဆင်ပြေမှဝယ်မှာ ကိုက်မှဝယ်မှာ။တောင်သူလယ်သမားတွေကလည်း မရောင်းလို့မှမရတာလေ၊အဓိကတောင်သူလယ်သမားတွေပဲထိခိုက်မှာ၊ကုန်သည်ကတော့ ရောင်းရင်ဝယ်မယ်၊မရောင်းရင်မဝယ်ဘူး အမြဲတမ်းအရှုံးခံမဝယ်ဘူး “လို့ ပြောပါတယ်။ အဲ့ဒီလို ဆုံးရှူံးနစ်နာမှုတွေကြောင့် ပြည်ပပို့ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပဲမျိုးစုံ၊နှမ်းမျိုးစုံ၊သကြား စတဲ့လယ်ယာထွက်ကုန်ပစ္စည်းအားလုံးကို စျေးချဝယ်ရတော့မှာဖြစ်လို့ ဒီစနစ်ဟာ တောင်သူလယ်သမားတွေကို အဓိကထိခိုက်မှာဖြစ်တယ်လို့ သုံးသပ်ထားတာဖြစ်ပါတယ်။ ဗဟိုဘဏ်ကတော့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁၊ ၁၂ နဲ့ ပုဒ်မ…

Read More

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င်အများအပြားကျဆုံးခဲ့ကြောင်း ပထမဆုံးအကြိမ် ရုရှား၀န်ခံ

မော်စကို၊ ဧပြီ-၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ၄၄ ရက်မြောက်ထိ ရောက်ရှိလာချိန်မှာ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် အများအပြား ကျဆုံးခဲ့ကြောင်း ရုရှားဘက်က ၀န်ခံပြောဆိုလိုက်ပါတယ်။ ဒီလို အသေအပျောက်များစွာကြုံရခြင်းဟာ မိမိတို့အတွက် ကြီးမားတဲ့ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က စကိုင်းနယူးသတင်းဌာနသို့ ဧပြီ ၇ ရက်မှာ ပြောပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း ရုရှားဟာ ယူကရိန်းမှာ စစ်ရေးရည်မှန်းချက်တွေ ရရိ်ှလိမ့်မယ်လို့သူကပြောပါတယ်။ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် ၁၃၅၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက မတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပေယ့် ရုရှားတပ်ဖွဲ့၀င် ၁၉၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ယူကရိန်းဘက်က ပြောဆိုထားပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် ၇၀၀၀ ကနေ ၁၅၀၀၀ အကြား သေဆုံးခဲ့တယ်လို့ အနောက်နိုင်ငံခေါင်းဆောင်တွေက…

Read More

မော်လမြိုင်မှာ မိုးရွာလေပြင်းတိုက်ပြီး နေအိမ်အချို့ပျက်စီးကာ လူ၁၅၀ခန့် နေစရာအခက်အခဲဖြစ်နေ

ဧပြီ ၈-၂၀၂၂ KK(VOM) မော်လမြိုင်မြို့နယ် သာယာအေးရပ်ကွက်မှာ မနေ့ ဧပြီ ၇ရက် ညပိုင်းက မိုးသက်‌လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး လူဦးရေ ၁၅၀ ခန့် နေစရာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သာယာအေးရပ်ကွက် အပိုင် ၁၁/၁၆ မှာ ညနေပိုင်းက မိုးရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှု့ကြောင့် လူနေအိမ်သုံးဆယ်နီးပါး ပြိုကျပျက်စီးတာတွေနဲ့ အမိုးလန်ခဲ့လို့ ညဘက်မှာ လူဦးရေ ၁၅၀ခန့်မှာ နေစရာအခက်အခဲဖြစ်ခဲ့တယ်လို့ ပရဟိတအဖွဲ့မှ ကိုဇင်မိုးက VOM ကို ပြောပါတယ်။ “အိမ်လေးလုံး ပြိုသွားတယ် ကျန်တဲ့အိမ်တွေကအမိုးလန်ဘာလန်နဲ့ အားလုံး နေမရ ချက်စားမရတွေဖြစ်ကုန်တယ်၊ ညတွင်းချင်း ထမင်းဟင်းချက်ပြီး သွားပို့ရတယ်”လို့ သူက ပြောပါတယ်။ လေးပြင်းတိုက်ခဲ့တဲ့နေရာကတော့ ကျူးကျော်တွေကို ပြန်လည်နေရာချထားပေးတဲ့ အိမ်တွေလည်းဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် နေအိမ်တွေပျက်စီးကာ ချက်ပြုတ်စားသောက်ဖို့နဲ့ နေစရာအခက်ခဲရှိတဲ့သူတွေဟာ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း ဆွေမျိုးနီးစပ်အိမ်တွေမှာ နေထိုင်ကြရတယ်လို့…

Read More

ပါကစ္စတန် ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုမဲခွဲဖို့ တရားရုံးချုပ် ဆုံးဖြတ်၊ ၀န်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိနေ

အစ္စလာမ္မာဘတ်၊ ဧပြီ-၈-၂၀၂၂ မျိုးဆက်(VOM) လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို ပိတ်ပင်ဖို့ ပါကစ္စတန်၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပါကစ္စတန်တရားရုံးချုပ်က ဧပြီ ၇ ရက်မှာ ဆုံးဖြတ်လိုက်ပြီးနောက် ၀န်ကြီးချုပ် အိုင်မရာခန်းဟာ ယခုသီတင်းပတ်ကုန်မှာ ရာထူးမှဖယ်ရှားခံရဖွယ်ရှိနေပါတယ်။ မစ္စတာခန်းရဲ့ အာဏာရပါတီဟာ ၀န်ကြီးချုပ်ရှုံးနိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ထားတဲ့ အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံတွေက စီစဉ်နေတာကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ပါကစ္စတန်အစိုးရဟာ လွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ အယုံအကြည်မရှိအဆို မဲခွဲဖို့ကို ပိတ်ဆို့ခံရတာနဲ့ပတ်သက်ပြီး အတိုက်အခံတွေက တရားရုံးချုပ်သို့ အယူခံ၀င်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ဖို့ကို ရှေ့ဆက်လုပ်ဆောင်သင့်ကြောင်း ပါကစ္စတန်တရားရုံးချုပ်က ဧပြီ ၇ ရက်နှောင်းပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့ အနေဖြင့် ၀န်ကြီးချုပ်အိုင်မရာခန်းဟာ အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူခဲ့ပြီး ဧပြီ…

Read More

စစ်ကိုင်းတိုင်းထဲမှာ တစ်ပတ်အတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ ၁ ဒါဇင်နီးပါး သေဆုံး

ဧပြီ ၊ ၈-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ တစ်ပတ်အတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးသူ ၁ ဒါဇင်နီးပါးရှိတယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” မန္တလေး ရွှေဘို ကားလမ်း ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း နဲ့ မုံရွာမြို့ရှောင်လမ်း အပါအဝင် မန္တလေး-မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည် လမ်းပိုင်းမှာ ဖြစ်တဲ့ ပေါက်ကွဲမှုတွေ ပါဝင်တယ် ” လို့ ပြောပါတယ်။ အခုလ ၆ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလးဝမြို့နယ် ၊ စခန်းကြီးကျေးရွာအနီးက ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မိုင်းစထိမှန်ခဲ့တဲ့ အတွက် ကားပေါ်ပါတဲ့ လူ ၇ ဦး အနက် ၊ ၆ ဦး သေဆုံးပြီး…

Read More

ရုရှားကို လူ့အခွင့်အရေးကောင်စီ၀င်အဖြစ်ကနေ ကုလသမဂ္ဂ ဆိုင်းငံ့၊ ရုရှားကလည်း နှုတ်ထွက်ကြောင်း ကြေညာ

နယူးယောက်၊ ဧပြီ-၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာ ရုရှားရဲ့ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့၀င်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက ဧပြီ ၇ ရက်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ပြီးနောက် ရုရှားကလည်း ကောင်စီ၀င်အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အဲဒီမဲခွဲဆုံးဖြတ်မှုမှာ ထောက်ခံမဲ ၉၃ မဲ၊ ကြားနေမဲ ၅၈ မဲနဲ့ မဲမပေးတဲ့ နိုင်ငံ ၂၄ နိုင်ငံရှိခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ တရားမ၀င်ကြောင်းနဲ့ နိုင်ငံရေးအရ ခြေထိုးတဲ့လုပ်လုပ်ရပ်ဖြစ်ကြောင်း မဲခွဲဆုံးဖြတ်မှုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ရုရှားလက်ထောက်သံအမတ်ကြီး ဂျန်နာဒီကူဇ်မင်က ပြောဆိုခဲ့ပြီး လူ့အခွင့်အရေးကောင်စီကနေ ရုရှားနှုတ်ထွက်ဖို့ ဆုံးဖြတ်ကြောင်း သူကကြေညာခဲ့ပါတယ်။ ရုရှားကို လူ့အခွင့်အရေးကောင်စီမှ ဆိုင်းငံ့လိုက်တဲ့ ဧပြီ ၇ ရက်ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအထွေထွေညီလာခံဟာ နောက်ပိုင်းမှာ အဲဒီဆိုင်းငံ့မှုကို အဆုံးသတ်ဖို့ သဘောတူနိုင်ပါတယ်။ ဒီလိုမျိုး အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံကို လူ့အခွင့်အရေးကောင်စီအဖွဲ့၀င်နိုင်ငံအဖြစ်မှ…

Read More

ယူရိုနဲ့ရောင်းချမယ့် ၅၇ ကြိမ်မြောက် ကျောက်စိမ်းပွဲကျင်းပဖို့ နစကပြင်ဆင်နေ

ဧပြီ ၈-၂၀၂၂ KT(VOM) ယူရိုနဲ့ရောင်းချမယ့် ၅၇ ကြိမ်မြောက် ကျောက်စိမ်းပွဲကျင်းပဖို့ နစကကောင်စီက နေပြည်တော်မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီပွဲဟာ တတိယအကြိမ် နဲ့ ပြည်ပကျောက်မျက်ရတနာကုန်သည်တွေ ဖိတ်ကြားပြီးကျောက်စိမ်း၊ကျောက်မျက်ရတနာနဲ့ပုလဲတွေကို ရောင်းချဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အခုရောင်းချမယ့်ပွဲကတော့ နိုင်ငံခြားငွေ(ယူရို)နဲ့ရောင်းချမှာပေါ့နော်၊ ပြည်တွင်းရတနာကုန်သည်တွေကိုရောင်းချတဲ့ပွဲတော့မဟုတ်ပါ၊ ပြည်ပရတနာကုန်သည်တွေကိုရောင်းမယ့်ပွဲပေါ့နော်၊ ပြည်တွင်းရောင်းရင်တော့ ကျပ်ပွဲပေါ့နော်၊ နစကတာဝန်ယူပြီးနောက် ကျောက်ပွဲလုပ်တာ ဒီအကြိမ်နဲ့ဆိုသုံးကြိမ်ပေါ့နော်၊ ပထမ ပြည်တွင်းရတနာကုန်သည်တွေကိုရောင်းတဲ့ကျပ်ပွဲ၊ဒုတိယပွဲက မီနီယူရိုနဲ့ပွဲ အခုပွဲကတော့ ပြည်ပရတနာကုန်သည်တွေကိုရောင်းမယ့်ပွဲကြီးပေါ့”လို့ မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချူပ်မှ တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။ အခုကျင်းပမယ့် ၅၇ ကြိမ်မြောက်ကျောက်စိမ်း၊ကျောက်မျက်၊ပုလဲရောင်းချပွဲကို လာမယ့် ဧပြီ ၂၂ ရက်မှ ၂၈ နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ကျောက်မျက်ပွဲ #ယူရိုနဲ့ရောင်းချပွဲ

Read More
VOM News

FREE
VIEW